“ယခု မွေးဖွားလာသော ဂျူးရှင်ဘုရင်သည် အဘယ်မှာရှိသနည်း။ ထိုအရှင်၏ကြယ် ထွက်ပေါ်လာသည်ကို ကျွန်ုပ်တို့တွေ့မြင်ရသောကြောင့် ထိုအရှင်ကို ဖူးမြော်ရန် ရောက်လာကြပါသည်” ဟု မေးမြန်းပြောဆိုကြ၏။
မဿဲ 27:42 - ခေတ်သစ်မြန်မာ သမ္မာကျမ်း “သူသည် တစ်ပါးသူတို့ကို ကယ်တင်၏။ မိမိကိုယ်ကိုယ်မူ မကယ်တင်နိုင်ပေ။ သူသည် အစ္စရေးတို့၏ရှင်ဘုရင် မဟုတ်သလော။ လက်ဝါးကပ်တိုင်မှ ဆင်းလာပါစေ။ ဆင်းလာလျှင် ငါတို့ သူ့ကို ယုံမည်။ Common Language Bible ``ဤသူသည်သူတစ်ပါးကိုကယ်တင်၏။ မိမိ ကိုယ်ကိုမူမကယ်တင်နိုင်ပါတကား။ သူသည် ဣသရေလရှင်ဘုရင်မဟုတ်ပါလော။ လက်ဝါး ကပ်တိုင်မှယခုဆင်းလာလျှင်ငါတို့သူ့ကို ယုံကြည်ကြပေအံ့။- Garrad Bible သူ တစ် ထူး ကို သူ ကယ် သည်။ ကိုယ် ကို မ ကယ် နိုင် ပါ တ ကား။ ဣ သ ရေ လ လူ မျိုး တို့ ဘု ရင် ဖြစ် သည့် အ လျောက် ကား တိုင် မှ ယ ခု ဆင်း လာ ပါ စေ ငါ တို့ ယုံ ကြ ပါ မည်။ Judson Bible ကိုယ်ကို မကယ်တင်နိုင်ပါတကား။ ဣသရေလရှင်ဘုရင်မှန်လျှင် လက်ဝါးကပ်တိုင်မှ ယခုဆင်းပါလေစေ။ ဆင်းလျှင် ငါတို့ယုံကြည်မည်။- မြန်မာ့စံမီသမ္မာကျမ်း “သူသည် သူတစ်ပါးတို့ကိုကယ်တင်ခဲ့သော်လည်း မိမိကိုယ်ကိုမကယ်တင်နိုင်ပါတကား။ အစ္စရေးဘုရင်ဖြစ်လျှင် ယခုပင် လက်ဝါးကပ်တိုင်ပေါ်မှဆင်းလာပါစေ။ ထိုအခါ ငါတို့သည် သူ့ကိုယုံကြည်မည်။ မြန်မာ ကိုယ်ကို မကယ်တင်နိုင်ပါတကား။ ဣသရေလရှင်ဘုရင်မှန်လျှင် လက်ဝါးကပ်တိုင်မှ ယခုဆင်းပါလေစေ။ ဆင်းလျှင် ငါတို့ယုံကြည်မည်။- |
“ယခု မွေးဖွားလာသော ဂျူးရှင်ဘုရင်သည် အဘယ်မှာရှိသနည်း။ ထိုအရှင်၏ကြယ် ထွက်ပေါ်လာသည်ကို ကျွန်ုပ်တို့တွေ့မြင်ရသောကြောင့် ထိုအရှင်ကို ဖူးမြော်ရန် ရောက်လာကြပါသည်” ဟု မေးမြန်းပြောဆိုကြ၏။
ကိုယ်တော်အား စွဲချက်တင်သည့် အပြစ်ကို ဖော်ပြသောစာမှာ “ဂျူးတို့၏ ရှင်ဘုရင် ယေရှုဖြစ်၏” ဟူ၍ ကမ္ပည်းရေးထိုးပြီး ဦးခေါင်းတော်အထက်တွင် ထားကြ၏။
“ဗိမာန်တော်ကို ဖြိုဖျက်၍ သုံးရက်အတွင်း ပြန်တည်ဆောက်မည့်သူ… သင့်ကိုယ်သင်ကယ်လော့။ သင်သည် ဘုရားသခင်၏သားတော် မှန်လျှင် လက်ဝါးကပ်တိုင်မှ ဆင်းလော့” ဟု ကိုယ်တော်အား ပြက်ရယ်ပြုကြ၏။
ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ကျမ်းတတ်ဆရာများကလည်း “သူသည် တစ်ပါးသူတို့ကို ကယ်တင်၏။ မိမိကိုယ်ကိုယ်မူ မကယ်တင်နိုင်ပေ။
အစ္စရေးတို့၏ရှင်ဘုရင်ဟူသော ခရစ်တော်သည် လက်ဝါးကပ်တိုင်မှ ဆင်းလာပါစေ။ ဆင်းသည်ကို ငါတို့မြင်လျှင် ယုံကြည်မည်” ဟု အော်ဟစ်၍ ကိုယ်တော်ကို ပြက်ရယ်ပြုကြ၏။ ကိုယ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်တွင် ရိုက်ထားခြင်းခံရသောဓားပြများကလည်း ကိုယ်တော်ကို ပြက်ရယ်ပြုကြ၏။
“ထာဝရဘုရား၏အမည်နာမနှင့် ကြွလာသောရှင်ဘုရင်သည် မင်္ဂလာရှိပါစေသော။” “ကောင်းကင်ဘုံတွင် ငြိမ်းချမ်းခြင်းရှိ၍ အမြင့်ဆုံးသောအရပ်တွင် ဘုန်းကြီးတော်မူပါစေသော” ဟု ကြွေးကြော်ကြ၏။
လူများသည်လည်း ရပ်လျက် စောင့်ကြည့်နေကြ၏။ ဂျူးခေါင်းဆောင်များက “သူသည် တစ်ပါးသူကိုကယ်၏။ အကယ်၍ သူသည် ဘုရားသခင်ရွေးချယ်သော ခရစ်တော်မှန်လျှင် မိမိကိုယ်ကိုယ်ကယ်တင်ပါစေ” ဟု ယေရှုအား ပြက်ရယ်ပြု၍ ပြောဆိုကြ၏။
ထိုအခါ နာသနေလက “ဆရာတော်… ဆရာတော်သည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူ၏၊ အစ္စရေးတို့၏ ရှင်ဘုရင်လည်း ဖြစ်တော်မူ၏” ဟု လျှောက်၏။
စွန်ပလွံခက်များကို ကိုင်ဆောင်လျက် ယေရှုကို ကြိုဆိုရန် ထွက်လာကြ၏။ ထိုသူတို့က “ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြပါစေသော။ ထာဝရဘုရား၏ အမည်နာမနှင့် ကြွလာသောအရှင်သည် မင်္ဂလာရှိပါစေသော။ အစ္စရေးတို့၏ရှင်ဘုရင်သည် မင်္ဂလာရှိပါစေသော” ဟု ကြွေးကြော်ကြ၏။
ငါ့စကားကို ကြား၍ မလိုက်နာသောသူကို ငါသည် အပြစ်မစီရင်။ အဘယ်ကြောင့်ဆိုသော် ငါသည် လောကီသားတို့ကို တရားစီရင်ရန် ကြွလာသည်မဟုတ်။ ကယ်တင်ရန် ကြွလာ၏။
ထို့ကြောင့် သူတို့သည် မျက်မမြင်ဖြစ်ခဲ့ဖူးသူကို ဒုတိယအကြိမ် ခေါ်၍ “ဤအရာအတွက် ဘုရားသခင်ရှေ့တော်တွင် အမှန်အတိုင်း ပြောလော့။ ထိုယေရှုသည် အပြစ်သားဖြစ်ကြောင်း ငါတို့သိကြ၏” ဟု ဆိုကြ၏။
ကျန်းမာသွားသောသူသည် တမန်တော်တို့၏ဘေးတွင် ရပ်နေသည်ကို မြင်နေရသဖြင့် ဆန့်ကျင်ပြောဆိုရန်စကား မရှိကြ။