ကိုယ်တော်အား စွဲချက်တင်သည့် အပြစ်ကို ဖော်ပြသောစာမှာ “ဂျူးတို့၏ ရှင်ဘုရင် ယေရှုဖြစ်၏” ဟူ၍ ကမ္ပည်းရေးထိုးပြီး ဦးခေါင်းတော်အထက်တွင် ထားကြ၏။
မဿဲ 27:36 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ထိုနေရာ၌ ထိုင်၍ ကိုယ်တော်ကို စောင့်ကြည့်ကြ၏။ Common Language Bible ထိုနောက်ထိုင်၍ကိုယ်တော်ကိုစောင့်ကြည့်နေကြ၏။- Garrad Bible စောင့် ကြပ် နေ ထိုင် ကြ၏။ Judson Bible ထိုအရပ်၌လည်း ထိုင်လျက် စောင့်နေကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ထိုနေရာ၌ ထိုင်လျက် ကိုယ်တော်ကို စောင့်ကြည့်ကြ၏။ မြန်မာ ထိုအရပ်၌လည်း ထိုင်လျက် စောင့်နေကြ၏။- |
ကိုယ်တော်အား စွဲချက်တင်သည့် အပြစ်ကို ဖော်ပြသောစာမှာ “ဂျူးတို့၏ ရှင်ဘုရင် ယေရှုဖြစ်၏” ဟူ၍ ကမ္ပည်းရေးထိုးပြီး ဦးခေါင်းတော်အထက်တွင် ထားကြ၏။
ရောမတပ်မှူးနှင့်အတူ ယေရှုကို စောင့်ကြည့်နေကြသော အခြားစစ်သားတို့သည် မြေငလျင်လှုပ်၍ ဖြစ်ပျက်သမျှကို တွေ့မြင်ကြသောအခါ အလွန်ကြောက်လန့်ကြ၏။ သူတို့က “ဤသူသည် ဧကန်အမှန်ပင် ဘုရားသခင်၏ သားတော် ဖြစ်သည်” ဟု ဆိုကြ၏။
ယေရှုရှေ့တော်တွင် ရပ်နေသော ရောမတပ်မှူးသည် ယေရှု၏ အသက်ချုပ်တော်မူပုံကို တွေ့မြင်ရသောအခါ “ဤသူသည် ဧကန်အမှန်ပင် ဘုရားသခင်၏ သားတော် ဖြစ်သည်” ဟု ဆိုလေ၏။
ယေရှုအသက်ချုပ်တော်မူပြီဖြစ်ကြောင်းကို ပိလတ်မင်းသည် ကြားသောအခါ အံဩ၍ ရောမတပ်မှူးကို ခေါ်ကာ အသက်ချုပ်တော်မူသည်မှာ ဟုတ်မဟုတ် မေးမြန်း၏။