သို့သော် လူတို့ရှေ့တွင် ငါ့ကို ငြင်းပယ်သောသူအား ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်ရှေ့တွင် ငါသည် ငြင်းပယ်မည်။
မဿဲ 26:75 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ပေတရုသည် “ကြက်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင် ငြင်းဆိုလိမ့်မည်” ဟူသော ယေရှုမိန့်တော်မူခဲ့သည့် စကားကို သတိရသဖြင့် အပြင်သို့ ထွက်၍ ရှိုက်ကြီးတငင်ငိုကြွေးလေ၏။ Common Language Bible ထိုအခါ ``ကြက်မတွန်မီသင်သည်ငါ့ကိုမသိ ဟုသုံးကြိမ်မြောက်အောင်ငြင်းဆိုလိမ့်မည်'' ဟု သခင်ယေရှုမိန့်တော်မူခဲ့သည့်စကားကို ပေတရုသည်ပြန်လည်သတိရသဖြင့်အပြင် သို့ထွက်၍ဝမ်းနည်းပက်လက်ငိုကြွေးလေ၏။ Garrad Bible ကြက် မ တွန် မီ ငါ့ ကို သုံး ကြိမ် တိုင် ငြင်း ဆို လိမ့် မည် ဟု ယေ ရှု မိန့် တော် မူ ချက် ကို ပေ တ ရု သ တိ ရ၍ ပြင် သို့ ထွက် သွား ပြီး လျှင် သည်း စွာ ငို ကြွေး လေ၏။ Judson Bible ယေရှုက၊ ကြက်မတွန်မီ သင်သည် သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူသောစကားကို ပေတရုသည် သတိရသဖြင့် ပြင်သို့ထွက်၍ ပြင်းစွာ ငိုကြွေးလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ပေတရုသည်“ကြက်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင်ငြင်းပယ်လိမ့်မည်”ဟု ယေရှုမိန့်တော်မူခဲ့သည့်စကားကို သတိရသဖြင့် အပြင်သို့ထွက်၍ သည်းထန်စွာငိုကြွေးလေ၏။ မြန်မာ ယေရှုက၊ ကြက်မတွန်မီ သင်သည် သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူသောစကားကို ပေတရုသည် သတိရသဖြင့် ပြင်သို့ထွက်၍ ပြင်းစွာ ငိုကြွေးလေ၏။ |
သို့သော် လူတို့ရှေ့တွင် ငါ့ကို ငြင်းပယ်သောသူအား ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်ရှေ့တွင် ငါသည် ငြင်းပယ်မည်။
ယေရှုက “သင့်အား ငါအမှန်ဆို၏။ ယနေ့ည၌ပင် ကြက်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင် ငြင်းဆိုလိမ့်မည်” ဟု မိန့်တော်မူ၏။
ပေတရုကလည်း “ထိုသူကို ငါမသိပါ” ဟု တိုင်တည်၍ ကျိန်ဆိုလေ၏။ ထိုခဏချင်းတွင် ကြက်တွန်လေ၏။
ယေရှုက “ငါ့အတွက် အသက်စွန့်မည်လော။ သင့်အား ငါအမှန်ဆို၏။ ကြက်မတွန်မီ သင်သည် ငါ့ကို မသိဟု သုံးကြိမ်တိုင်အောင် ငြင်းဆိုလိမ့်မည်” ဟု မိန့်တော်မူ၏။
မည်သူသည် သင့်ကို အခြားသူထက် ထူးခြားစေသနည်း။ ဘုရားသခင် ပေးတော်မမူလျှင် သင်၌ မည်သည့်အရာရှိမည်နည်း။ သင်၌ ရှိသောအရာမှန်သမျှသည် ဘုရားသခင်ထံတော်မှ ဖြစ်ပါလျက်နှင့် ဘုရားသခင်ထံတော်မှ ရရှိသည့်အရာမဟုတ်သကဲ့သို့ အဘယ်ကြောင့် ကြွားဝါသနည်း။
ညီအစ်ကိုမောင်နှမတို့… တစ်စုံတစ်ယောက်သည် အပြစ်ပြုမိလျှင် ဝိညာဉ်တော်၏ လမ်းပြခြင်းခံရသော သင်တို့က နူးညံ့သိမ်မွေ့သောစိတ်ဖြင့် ထိုသူကို ပြုပြင်ပေးရမည်။ သင်တို့ကိုယ်တိုင်လည်း ဖြားယောင်းသွေးဆောင်ရာသို့ မလိုက်ပါမိစေရန် သတိပြုကြလော့။
သင်တို့သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် နောက်ဆုံးသောကာလ၌ ပေါ်လွင်ထင်ရှားရန် အသင့်ရှိသော ကယ်တင်ခြင်းကို ရရှိခံစားနိုင်မည့်အချိန်တိုင်အောင် ဘုရားသခင်သည် မိမိ၏တန်ခိုးတော်ဖြင့် သင်တို့ကို ကာကွယ်စောင့်ရှောက်တော်မူ၏။