ထိုအခါ ကျမ်းတတ်ဆရာတချို့က “ဤသူသည် ဘုရားသခင်ကို စော်ကားပြောဆိုနေသည်” ဟု စိတ်ထဲ၌ တွေးတောနေကြ၏။
မဿဲ 26:65 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိဝတ်ရုံကို ဆုတ်ဖြဲလျက် “ဤသူသည် ဘုရားသခင်ကို စော်ကားပြောဆိုလေပြီ။ အခြား မည်သည့်သက်သေ လိုတော့မည်နည်း။ ဘုရားသခင်ကို စော်ကားသော သူ၏စကားကို သင်တို့အားလုံး ယခုကြားကြရလေပြီ။ Common Language Bible ထိုအခါယဇ်ပုရောဟိတ်မင်းသည်မိမိ၏အဝတ် ကိုဆွဲဆုတ်ပြီးလျှင် ``ထိုသူသည်ဘုရားသခင်ကို ပြစ်မှားပြောဆိုချေပြီ။ ငါတို့သက်သေများထပ်၍ မလိုတော့ပြီ။ ဘုရားသခင်အားသူပြစ်မှားပြော ဆိုသည်ကိုသင်တို့ယခုကြားရကြပြီ။- Garrad Bible ပ ရော ဟိတ် မင်း သည် ကိုယ် ရုံ ကို ဆုတ် လျက် ပုတ် ခတ် မှု ပါ တ ကား။ မည် သည့် သက် သေ လို တော့ သ နည်း။ Judson Bible ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိအဝတ်ကိုဆုတ်လျက် ဤသူသည် ဘုရားကိုလွန်ကျူး၍ ပြောပြီ။ အဘယ်သက်သေကိုလိုသေး သနည်း။ ဘုရားကိုလွန်ကျူး၍ပြောသောစကားကို ယခုပင် သင်တို့ ကြားရပြီ။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိ၏ဝတ်ရုံကိုဆုတ်ဖြဲလျက် “သူသည် ဘုရားသခင်ကို စော်ကားပြောဆိုလေပြီ။ နောက်ထပ် မည်သည့်သက်သေများလိုသေးသနည်း။ ဘုရားသခင်အားစော်ကားပြောဆိုသောစကားကို ယခုပင် သင်တို့ကြားရကြပြီ။ မြန်မာ ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိအဝတ်ကိုဆုတ်လျက် ဤသူသည် ဘုရားကိုလွန်ကျူး၍ ပြောပြီ။ အဘယ်သက်သေကိုလိုသေး သနည်း။ ဘုရားကိုလွန်ကျူး၍ပြောသောစကားကို ယခုပင် သင်တို့ ကြားရပြီ။- |
ထိုအခါ ကျမ်းတတ်ဆရာတချို့က “ဤသူသည် ဘုရားသခင်ကို စော်ကားပြောဆိုနေသည်” ဟု စိတ်ထဲ၌ တွေးတောနေကြ၏။
ထိုအခါ ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများက “ဘုရားသခင်ကို စော်ကားပြောဆိုသော ဤသူသည် မည်သူနည်း။ ဘုရားသခင်မှလွဲ၍ မည်သူသည် အပြစ်ကို ခွင့်လွှတ်နိုင်ပါမည်နည်း” ဟု စိတ်ထဲ၌ တွေးတောနေကြ၏။
ဂျူးတို့က “ကောင်းသောအမှုကို သင်ပြုသောကြောင့် သင့်ကို ခဲနှင့် ပေါက်သတ်မည်မဟုတ်။ သင်သည် သာမန်လူဖြစ်လျက်နှင့်ပင် သင့်ကိုယ်သင် ဘုရားသခင်အဖြစ် ကြွေးကြော်၍ ဘုရားသခင်ကို စော်ကားသောကြောင့် ခဲနှင့်ပေါက်သတ်မည်” ဟု ဆိုကြ၏။
ခမည်းတော်ရွေးချယ်၍ လောကသို့ စေလွှတ်ခံရသော ငါက ‘ငါသည် ဘုရားသခင်၏ သားတော်ဖြစ်သည်’ ဟု ပြောဆိုသည်ကို သင်တို့က ‘ဘုရားသခင်ကို စော်ကားသည်’ ဟု ဆိုကြသလော။
ထိုအကြောင်းကို တမန်တော်ပေါလုနှင့် ဗာနဗတို့ကြားသောအခါ မိမိတို့၏အဝတ်များကို ဆုတ်ဖြဲ၍ လူအုပ်ထဲသို့ ပြေးဝင်ကာ