ထိုအချိန်၌ပင် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် အကြီးအကဲများသည် ကယာဖဟု အမည်ရှိသော ယဇ်ပရောဟိတ်မင်း၏ အိမ်၌ စုဝေးလျက်
မဿဲ 26:58 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအချိန်တွင် ပေတရုသည် ယဇ်ပုရောဟိတ်မင်း၏ ရုံးတော်ဝင်းတိုင်အောင် နောက်တော်သို့ မလှမ်းမကမ်းမှလိုက်လေ၏။ သူသည် အတွင်းသို့ ဝင်၍ ယေရှု၏အမှုသည် အဆုံး၌ မည်သို့ဖြစ်မည်ကို သိရှိနိုင်ရန် အစောင့်တပ်သားများနှင့်အတူ ထိုင်လျက် စောင့်ကြည့်နေ၏။ Common Language Bible ပေတရုသည်ခပ်လှမ်းလှမ်းကနေ၍ယဇ်ပုရော ဟိတ်မင်း၏ကျောင်းတော်ဝင်းတိုင်အောင်ကိုယ်တော် ၏နောက်ကလိုက်လာခဲ့၏။ ထိုနောက်ဝင်းထဲသို့ ဝင်၍ကိုယ်တော်၏အမှုမည်သို့အဆုံးသတ်မည် ကိုသိရှိနိုင်ရန် ယဇ်ပုရောဟိတ်မင်း၏ကိုယ်ရံတော် တပ်သားများနှင့်အတူထိုင်လျက်နေ၏။- Garrad Bible ပေ တ ရု သည် ပ ရော ဟိတ် မင်း၏ ကျောင်း တော့် တံ တိုင်း တိုင် အောင် အ ဝေး က လိုက် လျက် ဝင် ပြီး လျှင် အ ပြီး သတ် ခြင်း ကို သိ မြင် ရန် မင်း မှု ထမ်း တို့ နှင့် ထိုင် နေ၏။ Judson Bible ပေတရုသည်လည်း၊ ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦးတိုင်အောင် ကိုယ်တော်နှင့် ဝေးစွာလိုက်၍ အတွင်းသို့ ဝင်ပြီးလျှင်၊ ထိုအမှု၏ အဆုံးကိုသိမြင်ခြင်းငှာ မင်းလုလင်တို့နှင့်အတူ ထိုင်နေ၏။- မြန်မာ့စံမီသမ္မာကျမ်း ပေတရုသည်လည်း ယဇ်ပုရောဟိတ်မင်း၏ခြံဝင်းအထိ ကိုယ်တော်၏နောက်သို့ မလှမ်းမကမ်းမှလိုက်သွားကာ နောက်ဆုံးမည်သို့ဖြစ်မည်ကိုသိမြင်ရန် အထဲသို့ဝင်၍ အစောင့်တပ်သားများနှင့်အတူထိုင်နေ၏။ မြန်မာ ပေတရုသည်လည်း၊ ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦးတိုင်အောင် ကိုယ်တော်နှင့် ဝေးစွာလိုက်၍ အတွင်းသို့ ဝင်ပြီးလျှင်၊ ထိုအမှု၏ အဆုံးကိုသိမြင်ခြင်းငှာ မင်းလုလင်တို့နှင့်အတူ ထိုင်နေ၏။- |
ထိုအချိန်၌ပင် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် အကြီးအကဲများသည် ကယာဖဟု အမည်ရှိသော ယဇ်ပရောဟိတ်မင်း၏ အိမ်၌ စုဝေးလျက်
သင်သည် တရားလိုနှင့်အတူ တရားရုံးသို့ သွားသောအခါ ထိုသူနှင့် အမှုကျေအေးစေရန် လမ်း၌ပင် အလျင်အမြန်လုပ်ဆောင်လော့။ ထိုသို့မဟုတ်လျှင် တရားလိုသည် သင့်ကို တရားသူကြီးလက်သို့ အပ်လိမ့်မည်။ ထိုတရားသူကြီးသည်လည်း အရာရှိထံသို့အပ်သဖြင့် သင်သည် ထောင်ချခံရလိမ့်မည်။
ထိုသူတို့သည် ယေရှုကိုဖမ်းဆီး၍ ယဇ်ပုရောဟိတ်မင်း၏အိမ်သို့ ခေါ်ဆောင်သွားကြ၏။ ပေတရုသည် မလှမ်းမကမ်းမှလိုက်လေ၏။
ထိုအချိန်၌ ရှိမုန်ပေတရုသည် ရပ်လျက် မီးလှုံနေစဉ် လူတို့က “သင်သည်လည်း သူ၏ တပည့်များထဲမှ တစ်ယောက်မဟုတ်လော” ဟု မေးကြ၏။ ပေတရုက “မဟုတ်ပါ” ဟု ငြင်းပြန်၏။
ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ဗိမာန်တော်အစောင့်များသည် ယေရှုကို မြင်သောအခါ “လက်ဝါးကပ်တိုင်တွင် သတ်ပါ။ လက်ဝါးကပ်တိုင်တွင် သတ်ပါ” ဟူ၍ အော်ဟစ်ပြောဆိုကြ၏။ ပိလတ်မင်းက “သင်တို့ကိုယ်တိုင် သူ့ကို ခေါ်သွား၍ လက်ဝါးကပ်တိုင်တွင် သတ်ကြလော့။ သူ၌ မည်သည့်ပြစ်မှုကိုမျှ ငါမတွေ့” ဟု ဆို၏။
ထိုသို့ လူတို့တီးတိုးပြောဆိုနေကြသည်ကို ဖာရိရှဲများ ကြားသော် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် တိုင်ပင်၍ ယေရှုကို ဖမ်းဆီးရန် ဗိမာန်တော်အစောင့်များကို စေလွှတ်လိုက်ကြ၏။
ဗိမာန်တော်အစောင့်များသည် ယေရှုကိုမဖမ်းဆီးဘဲ ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ဖာရိရှဲများထံသို့ ပြန်လာသော် သူတို့က “အဘယ်ကြောင့် သူ့ကို မဖမ်းဆီးခဲ့သနည်း” ဟု မေးကြ၏။
သို့ရာတွင် ဗိမာန်တော်အစောင့်တပ်သားတို့သည် ထောင်သို့ ရောက်သောအခါ တမန်တော်တို့ကို မတွေ့သဖြင့် ပြန်လာ၍
ထို့နောက် ဗိမာန်တော်တပ်မှူးသည်အစောင့်တပ်သားများနှင့်အတူ သွားကြပြီးလျှင် တမန်တော်တို့ကို ခေါ်ဆောင်လာကြ၏။ သို့သော်လည်း လူတို့သည် မိမိတို့အား ကျောက်ခဲနှင့် ပေါက်သတ်မည်ကိုကြောက်သောကြောင့် တမန်တော်တို့ကို အကြမ်းမဖက်ကြ။