ဈေးအရပ်တို့တွင် လူတို့၏ရိုသေစွာ နှုတ်ဆက်ခြင်းကိုလည်းကောင်း၊ ဆရာတော်ဟု ခေါ်ကြခြင်းကိုလည်းကောင်း နှစ်သက်ကြ၏။
မဿဲ 26:49 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယုဒသည် ယေရှုထံသို့ ချက်ချင်း လာ၍ “မင်္ဂလာပါ ဆရာတော်” ဟု နှုတ်ဆက်၍ နမ်းလေ၏။ Common Language Bible ယုဒသည်ချက်ချင်းပင်ကိုယ်တော်၏ထံသို့ချဉ်းကပ် ကာ ``အရှင်ဘုရား၊ မင်္ဂလာရှိပါစေသော'' ဟုဆို ၍ကိုယ်တော်ကိုနမ်းလေ၏။ Garrad Bible ဆ ရာ ကျန်း ခန့် ပါ စေ ဟု ဆို လျက် နမ်း ရှုပ် သော် Judson Bible ကိုယ်တော်ရင်းသို့ ချက်ချင်းချဉ်းကပ်၍ အရှင်ဘုရား၊ မင်္ဂလာရှိပါစေသောဟု ဆိုလျက် နမ်းလေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သူသည် ယေရှုထံသို့ ချက်ချင်းချဉ်းကပ်၍ “မင်္ဂလာပါ၊ ရဗ္ဗိ”ဟု ဆိုလျက် ကိုယ်တော်ကိုနမ်းလေ၏။ မြန်မာ ကိုယ်တော်ရင်းသို့ ချက်ချင်းချဉ်းကပ်၍ အရှင်ဘုရား၊ မင်္ဂလာရှိပါစေသောဟု ဆိုလျက် နမ်းလေ၏။- |
ဈေးအရပ်တို့တွင် လူတို့၏ရိုသေစွာ နှုတ်ဆက်ခြင်းကိုလည်းကောင်း၊ ဆရာတော်ဟု ခေါ်ကြခြင်းကိုလည်းကောင်း နှစ်သက်ကြ၏။
သို့သော်လည်း သင်တို့သည် ဆရာတော်ဟု ခေါ်ဝေါ်ခြင်းကို မခံကြနှင့်။ အဘယ်ကြောင့်ဆိုသော် သင်တို့တွင် ဆရာတစ်ပါးတည်းသာရှိသောကြောင့်ဖြစ်၏။ သင်တို့အားလုံးသည်လည်း ညီအစ်ကိုမောင်နှမများဖြစ်ကြ၏။
ထိုအခါ ယေရှုကို သစ္စာဖောက်မည့် ယုဒက “ဆရာတော်… အကျွန်ုပ်လော” ဟု မေးလျှောက်သော် ယေရှုကလည်း “သင်ပြောသည့်အတိုင်း မှန်၏” ဟု မိန့်တော်မူ၏။
ယေရှုကို သစ္စာဖောက်၍ အပ်နှံသောယုဒက “ငါနမ်း၍ နှုတ်ဆက်သောသူသည် ယေရှုဖြစ်၏။ သူ့ကို ဖမ်းဆီးကြလော့” ဟု သူတို့အား အချက်ပြအမှတ်အသားကို ကြိုတင်ပေးထား၏။
သင်သည် ငါ့ကိုမနမ်း။ သို့သော် သူသည် ငါဝင်လာသောအချိန်မှစ၍ ငါ့ခြေကို အဆက်မပြတ် နမ်းလေပြီ။
ထို့နောက် သူတို့သည် ကိုယ်တော်ထံသို့ ချဉ်းကပ်၍ “ဂျူးတို့၏ရှင်ဘုရင် ဘုန်းကြီးပါစေ” ဟု ပြက်ရယ်ပြုလျက် ပါးတော်ကို ရိုက်ကြ၏။
ထိုစဉ် တပည့်တော်တို့က ယေရှုအား “ဆရာတော်… အစာကို သုံးဆောင်တော်မူပါ” ဟု တောင်းပန်ကြ၏။