သင်နှင့် သင်၏သားသမီးများကို မြေပေါ်တွင် ဖိကြိတ်ကြလိမ့်မည်။ ကျောက်တစ်ချပ်အပေါ်တွင် တစ်ချပ်မျှ တင်ကျန်လိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင် ကြည့်ရှုစီရင်တော်မူသောနေ့ကို မသိမမှတ်သောကြောင့်ဖြစ်သည်” ဟု မိန့်တော်မူ၏။
မဿဲ 24:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ယေရှုက “ဤအဆောက်အအုံများကို သင်တို့မြင်ကြသည် မဟုတ်လော။ သင်တို့အား ငါအမှန်ဆို၏။ ဤအဆောက်အအုံများသည် အကုန်အစင်ဖြိုဖျက်ခံရလိမ့်မည်။ ကျောက်တစ်ချပ်အပေါ်တွင် တစ်ချပ်မျှ တင်ကျန်နေလိမ့်မည် မဟုတ်” ဟု မိန့်တော်မူ၏။ Common Language Bible ကိုယ်တော်က ``ဤအဆောက်အအုံအပေါင်းကို သင်တို့မြင်ကြသည်မဟုတ်လော။ အမှန်အကန် သင်တို့အားငါဆိုသည်ကား ဤအဆောက်အအုံ တို့သည်ကျောက်တစ်တုံးပေါ်တစ်တုံးတင်၍ မကျန်ရစ်သည်တိုင်အောင်ပြိုပျက်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ Garrad Bible ကိုယ် တော် က ဤ အ ရာ ခပ် သိမ်း ကို သင် တို့ မြင် ကြ သည် မ ဟုတ် လော။ ဤ နေ ရာ တွင် မ ဖြို ချ ဘဲ ကျောက် တစ် ချပ် ပေါ် မှာ တစ် ချပ် တင် လျက် ကျန် ကြွင်း ရ မည် မ ဟုတ် ငါ အ မှန် ဆို သည် ဟု မိန့် တော် မူ၏။ Judson Bible ယေရှုကလည်း၊ ဤအရာအလုံးစုံကို သင်တို့သည် မြင်ကြသည်မဟုတ်လော။ ငါအမှန်ဆိုသည်ကား၊ မဖြိုမချဘဲ ကျောက်တစ်ခုပေါ်မှာ တစ်ခုမျှမတည်မနေရဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကလည်း“ဤအရာအားလုံးကို သင်တို့မြင်ကြသည်မဟုတ်လော။ သင်တို့အား ငါအမှန်ဆိုမည်။ ဤနေရာ၌ ကျောက်တုံးတစ်တုံးသည် ဖြိုချမခံရဘဲ အခြားကျောက်တုံးတစ်တုံးပေါ်၌ ကျန်ရစ်ခဲ့သည်ဟူ၍ လုံးဝရှိလိမ့်မည်မဟုတ်”ဟု မိန့်တော်မူ၏။ မြန်မာ ယေရှုကလည်း၊ ဤအရာအလုံးစုံကို သင်တို့သည် မြင်ကြသည်မဟုတ်လော။ ငါအမှန်ဆိုသည်ကား၊ မဖြိုမချဘဲ ကျောက်တစ်ခုပေါ်မှာ တစ်ခုမျှမတည်မနေရဟု မိန့်တော်မူ၏။ |
သင်နှင့် သင်၏သားသမီးများကို မြေပေါ်တွင် ဖိကြိတ်ကြလိမ့်မည်။ ကျောက်တစ်ချပ်အပေါ်တွင် တစ်ချပ်မျှ တင်ကျန်လိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင် ကြည့်ရှုစီရင်တော်မူသောနေ့ကို မသိမမှတ်သောကြောင့်ဖြစ်သည်” ဟု မိန့်တော်မူ၏။
အရာအားလုံးသည် ဤနည်းအားဖြင့် ဖျက်ဆီးခံရမည်ဖြစ်သောကြောင့် သင်တို့သည် မည်သို့သောသူများ ဖြစ်သင့်သနည်း။ သန့်ရှင်းစွာ ပြုမူနေထိုင်လျက် ဘုရားတရားကိုင်းရှိုင်းခြင်းဖြင့်
မြို့ထဲ၌ ဗိမာန်တော်ကို ကျွန်ုပ်မမြင်ရ။ အဘယ်ကြောင့်ဆိုသော် အနန္တတန်ခိုးရှင် ဘုရားသခင်နှင့် သိုးသငယ်တော်သည် မြို့၏ဗိမာန်ဖြစ်တော်မူသောကြောင့်ပင်။