မဿဲ 23:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့အား ခေါင်းဆောင်ဟု ခေါ်ဝေါ်သည်ကိုလည်း မခံကြနှင့်။ သင်တို့တွင် ခရစ်တော်ဟူသော ခေါင်းဆောင်တစ်ပါးတည်းရှိ၏။ Common Language Bible သင်တို့သည်ခေါင်းဆောင်ဟူ၍လည်းအခေါ်မခံ ကြနှင့်။ သင်တို့တွင်မေရှိယတည်းဟူသောခေါင်း ဆောင်တစ်ပါးတည်းသာရှိ၏။- Garrad Bible ဆ ရာ တော် ဟူ၍ လည်း အ ခေါ် မ ခံ ကြ နှင့်။ ခ ရစ် တော် တည်း ဟူ သော သင် တို့ ဆ ရာ တော် တစ် ပါး တည်း ရှိ၏။ Judson Bible ဥပဇ္ဈာယ်ဆရာဟု ခေါ်ဝေါ်ခြင်းကို မခံကြနှင့်။ ခရစ်တော်တည်းဟူသော သင်တို့ဥပဇ္ဈာယ်ဆရာ တစ်ပါးတည်းရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ခေါင်းဆောင်ဟုလည်း ခေါ်ဝေါ်ခြင်းကိုမခံကြနှင့်။ အကြောင်းမူကား သင်တို့၏ခေါင်းဆောင်သည် ခရစ်တော်တစ်ပါးတည်းဖြစ်၏။ မြန်မာ ဥပဇ္ဈာယ်ဆရာဟု ခေါ်ဝေါ်ခြင်းကို မခံကြနှင့်။ ခရစ်တော်တည်းဟူသော သင်တို့ဥပဇ္ဈာယ်ဆရာ တစ်ပါးတည်းရှိ၏။- |
သို့သော်လည်း သင်တို့သည် ဆရာတော်ဟု ခေါ်ဝေါ်ခြင်းကို မခံကြနှင့်။ အဘယ်ကြောင့်ဆိုသော် သင်တို့တွင် ဆရာတစ်ပါးတည်းသာရှိသောကြောင့်ဖြစ်၏။ သင်တို့အားလုံးသည်လည်း ညီအစ်ကိုမောင်နှမများဖြစ်ကြ၏။
ဤကမ္ဘာမြေပေါ်၌ မည်သူ့ကိုမျှ အဖဟု မခေါ်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံတွင် သင်တို့၏ အဖတစ်ပါးတည်းရှိတော်မူသောကြောင့်ဖြစ်၏။
ယေရှုက “သင်တို့သည် မြို့ထဲသို့ ဝင်သောအခါ လူတစ်ဦးကို တွေ့လိမ့်မည်။ ထိုလူကို တွေ့လျှင် ဆရာတော်က ‘ငါ၏အချိန် ရောက်လာပြီ။ ငါသည် ပသခါပွဲတော်ညစာကို တပည့်တို့နှင့်အတူ သင့်အိမ်၌ သုံးဆောင်မည်’ ဟု မှာကြားလိုက်သည်ဟူ၍ ထိုသူအား ပြောကြလော့” ဟု မိန့်တော်မူ၏။