ရိတ်သိမ်းချိန်တိုင်အောင် နှစ်မျိုးလုံး အတူတကွကြီးထွားပါစေ။ ထို့နောက် ငါသည် ရိတ်သိမ်းသူတို့အား ထိုပေါင်းပင်များကို နုတ်၍ မီးရှို့ရန် စည်းနှောင်စေမည်။ ဂျုံစပါးကိုမူ ကျီထဲသို့သွင်းစေမည်’ ဟု ပြောလေ၏” ဟူ၍ ဖြစ်၏။
မဿဲ 22:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရင်သည် ဧည့်သည်များကို ကြည့်ရှုရန် ရောက်လာသောအခါ မင်္ဂလာပွဲဝတ်စုံမဝတ်ဆင်ထားသော လူတစ်ဦးကို သတိထားမိလေ၏။ Common Language Bible ``မင်းကြီးသည်ဧည့်သည်များကိုကြည့်ရှုရန် ကြွလာသောအခါ မင်္ဂလာဆောင်ပွဲထိုင်ဝတ်စုံ ကိုဝတ်ဆင်မထားသူလူတစ်ယောက်ကိုမြင် တော်မူသဖြင့် `အဆွေသင်သည်ပွဲထိုင်ဝတ်စုံ ကိုမဝတ်မဆင်ဘဲအဘယ်ကြောင့်လာပါ သနည်း' ဟုမေးတော်မူ၏။- Garrad Bible ဘု ရင် မင်း မြတ် သည် ပွဲ ထိုင် တို့ ကို ကြည့် ရှု ရန် ဝင် လာ သော် မင်္ဂ လာ ဆောင် အ ဝတ် မ ဆင် သူ တစ် ယောက် ကို မြင်၍ Judson Bible မင်းကြီးသည် ပွဲ၌လျောင်းသောသူတို့ကို ကြည့်ရှုခြင်းငှာ ဝင်တော်မူသောအခါ၊ မင်္ဂလာဆောင်ပွဲ၏ အဝတ်ကိုမဝတ်သော သူတစ်ယောက်ကိုမြင်လျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ဘုရင်သည် ဧည့်သည်များကိုကြည့်ရှုရန် ကြွလာသောအခါ ထိုနေရာ၌ မင်္ဂလာဆောင်ပွဲထိုင်ဝတ်စုံမဝတ်ထားသောလူတစ်ယောက်ကို မြင်လျှင် မြန်မာ မင်းကြီးသည် ပွဲ၌လျောင်းသောသူတို့ကို ကြည့်ရှုခြင်းငှာ ဝင်တော်မူသောအခါ၊ မင်္ဂလာဆောင်ပွဲ၏ အဝတ်ကိုမဝတ်သော သူတစ်ယောက်ကိုမြင်လျှင်၊- |
ရိတ်သိမ်းချိန်တိုင်အောင် နှစ်မျိုးလုံး အတူတကွကြီးထွားပါစေ။ ထို့နောက် ငါသည် ရိတ်သိမ်းသူတို့အား ထိုပေါင်းပင်များကို နုတ်၍ မီးရှို့ရန် စည်းနှောင်စေမည်။ ဂျုံစပါးကိုမူ ကျီထဲသို့သွင်းစေမည်’ ဟု ပြောလေ၏” ဟူ၍ ဖြစ်၏။
ထိုအစေအပါးတို့သည် လမ်းများသို့သွား၍ တွေ့သမျှလူဆိုး၊ လူကောင်းတို့ကို ခေါ်လာကြ၏။ ထိုအခါ မင်္ဂလာခန်းမသည်လည်း ဧည့်သည်များနှင့် ပြည့်လေ၏။
ထိုအရှင်သည် မိမိ၏ဆန်ကောဖြင့် ဂျုံစပါးထဲမှအဖျင်းကို လှေ့ရန် အသင့်ရှိတော်မူပြီ။ ထို့နောက် ကောက်နယ်တလင်းကို ရှင်းလင်း၍ ဂျုံစပါးကို ကျီတွင် စုသိမ်းကာ အဖျင်းကိုမူ မငြိမ်းနိုင်သောမီးနှင့် ရှို့တော်မူလိမ့်မည်” ဟု ဆိုလေ၏။
သခင်ယေရှုခရစ်တော်ကဲ့သို့ ကျင့်ကြံပြုမူကြလော့။ လူ့ဗီဇစိတ်အလိုကို လိုက်ရန် မကြံစည်ကြနှင့်။
ထိုနည်းလမ်းမှာ ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသည့်နည်းလမ်းဖြစ်၏။ ခွဲခြားထားခြင်းမရှိဘဲ ယုံကြည်သောသူတိုင်းအတွက်ဖြစ်၏။
ထို့ကြောင့် သခင်ဘုရား ပြန်လည်ကြွလာတော်မမူမီ မည်သူ့ကိုမျှ ကြိုတင်၍ မစီရင်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် အမှောင်၌ ဝှက်ထားသောအရာများကို ကိုယ်တော်သည် အလင်းသို့ ယူလာ၍ ကျွန်ုပ်တို့၏ အတွင်းစိတ် အကြံအစည်များကို ဖော်ထုတ်မည်ဖြစ်သောကြောင့်ဖြစ်၏။ ထို့နောက်တွင်မူ ဘုရားသခင်သည် လူအသီးသီးတို့ကို ချီးမွမ်းတော်မူလိမ့်မည်။
ထိုသို့ ကောင်းကင်ဘုံရှိ ကိုယ်ခန္ဓာကို ဝတ်ဆင်ရလျှင် ကျွန်ုပ်တို့သည် ကိုယ်ခန္ဓာမပါသော ဝိညာဉ်များ ဖြစ်နေမည်မဟုတ်ပေ။
ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေရန် နှစ်ခြင်းမင်္ဂလာကို ခံယူသောသူအပေါင်းတို့သည် ခရစ်တော်ကဲ့သို့ ဖြစ်လာကြ၏။
ဘုရားသခင်၏ ပုံသဏ္ဌာန်တော်အတိုင်း ဖန်ဆင်းခံရသည့်လူသစ်ကဲ့သို့ ဖြစ်၍ စစ်မှန်သော ဖြောင့်မတ်ခြင်းနှင့် စစ်မှန်သော သန့်ရှင်းခြင်းတို့ဖြင့် နေထိုင်ကြလော့။
“ကြည့်လော့။ သူခိုးကဲ့သို့ ငါလာမည်။ သို့ဖြစ်၍ အဝတ်မပါဘဲ သွားလာသဖြင့် အရှက်ကွဲခြင်းမျိုး မဖြစ်စေရန် မိမိ၏ အဝတ်ကို အသင့်ဝတ်ဆင်လျက် နိုးကြားနေသောသူသည် မင်္ဂလာရှိ၏။”
ထိုသတို့သမီးသည် စင်ကြယ်တောက်ပြောင်သောပိတ်ချောကို ဝတ်ဆင်ခွင့်ရ၏” ဟူ၍ ဖြစ်၏။ ထိုပိတ်ချောသည် ယုံကြည်သူတို့၏ ဖြောင့်မတ်သောအကျင့်ကို ကိုယ်စားပြု၏။
ငါသည် သူ၏သားသမီးများကို အသက်ဆုံးစေမည်။ ငါသည် လူတို့၏စိတ်နှလုံးနှင့် အကြံအစည်ကိုဆန်းစစ်သောသူဖြစ်ကြောင်း အသင်းတော်အပေါင်းတို့သည် သိကြလိမ့်မည်။ သင်တို့အသီးသီး၏အကျင့်နှင့်အညီ ထိုက်သင့်သည့်အတိုင်း ငါပေးဆပ်မည်။
‘စစ်မှန်သောချမ်းသာမှုကို ရရန် မီးဖြင့်သန့်စင်ထားသောရွှေကိုလည်းကောင်း၊ သင်၏အဝတ်မပါသည့်အရှက်ကို ဖုံးအုပ်ရန် အဝတ်ဖြူကိုလည်းကောင်း၊ သင်၏မျက်စိမြင်နိုင်ရန် ခတ်စရာမျက်စဉ်းကိုလည်းကောင်း ငါ့ထံမှ ဝယ်ယူလော့’ ဟု သင့်အား ငါအကြံပေး၏။