သို့သော် စပျစ်ခြံလုပ်သားများက မြေရှင်၏သားကို မြင်သောအခါ ‘ဤသူသည် အမွေဆက်ခံမည့်သူဖြစ်၏။ လာကြ။ သူ့ကိုသတ်၍ သူ၏အမွေကို ရယူကြစို့’ ဟု အချင်းချင်းတိုင်ပင်ကြ၏။
မဿဲ 21:39 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် သူ့ကို ဖမ်းကာ စပျစ်ခြံအပြင်သို့ ထုတ်၍ သတ်ကြ၏။ Common Language Bible သူ့ကိုဖမ်းပြီးဥယျာဉ်အပြင်သို့ထုတ်၍ သတ်ကြ၏။ Garrad Bible ဥ ယျာဉ် ပြင် သို့ ထုတ်၍ သတ် ကြ၏။ Judson Bible ဥယျာဉ်ရှင်၏သားကို ဖမ်းယူပြီးမှ ဥယျာဉ်ပြင်သို့ထုတ်၍ သတ်ပစ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သူ့ကိုဖမ်းဆီး၍ စပျစ်ခြံအပြင်သို့ ဆွဲထုတ်ကာ သတ်ပစ်ကြ၏။ မြန်မာ ဥယျာဉ်ရှင်၏သားကို ဖမ်းယူပြီးမှ ဥယျာဉ်ပြင်သို့ထုတ်၍ သတ်ပစ်ကြ၏။- |
သို့သော် စပျစ်ခြံလုပ်သားများက မြေရှင်၏သားကို မြင်သောအခါ ‘ဤသူသည် အမွေဆက်ခံမည့်သူဖြစ်၏။ လာကြ။ သူ့ကိုသတ်၍ သူ၏အမွေကို ရယူကြစို့’ ဟု အချင်းချင်းတိုင်ပင်ကြ၏။
ဤသို့ဖြစ်လျှင် မြေရှင် ရောက်လာသောအခါ စပျစ်ခြံလုပ်သားတို့ကို မည်သို့ပြုလိမ့်မည်နည်း” ဟု မေးတော်မူ၏။
ယေရှုကလည်း “မိတ်ဆွေ… သင်ဆောင်ရွက်ရန် လာသည့်အကြောင်းကိစ္စကို ဆောင်ရွက်လော့” ဟု မိန့်တော်မူ၏။ ထိုအခါ လူတို့သည် လာ၍ ယေရှုကို ဖမ်းဆီးချုပ်နှောင်ကြ၏။
ထို့နောက် ယေရှုကို ဖမ်းဆီးကြသောသူများသည် သူ့ကို ယဇ်ပုရောဟိတ်မင်း ကယာဖအိမ်သို့ ခေါ်ဆောင်သွားကြ၏။ ထိုအိမ်၌ ကျမ်းတတ်ဆရာများနှင့် အကြီးအကဲများသည်လည်း စုဝေးလျက် ရှိကြ၏။
ထိုအခါ တပ်မှူး၊ ရောမစစ်သားများနှင့် ဂျူးလူမျိုးဗိမာန်တော်အစောင့်တို့သည် ယေရှုကို ဖမ်းဆီးချည်နှောင်ကာ
ထို့နောက် အန္နတ်မင်းသည် ယေရှုကို ချည်နှောင်လျက် ယဇ်ပုရောဟိတ်မင်း ကယာဖထံသို့ ပို့လိုက်၏။
ဘုရားသခင်၏တိကျသောအကြံအစည်တော်အားဖြင့်လည်းကောင်း၊ ကြိုတင်သိမြင်သောဉာဏ်တော်အားဖြင့်လည်းကောင်း သင်တို့လက်၌ အပ်နှံခံရသောဤယေရှုကို သင်တို့သည် တရားမဲ့သောသူတို့၏လက်ဖြင့် လက်ဝါးကပ်တိုင်ပေါ်တွင် အသေသတ်ခဲ့ကြ၏။
နာဇရက်မြို့သား ယေရှုခရစ်တော်၏အမည်နာမအားဖြင့် ထိုသူသည် သင်တို့ရှေ့၌ ကျန်းမာသန်စွမ်းလျက်ရှိသည်ကို သင်တို့မှစ၍ အစ္စရေးလူမျိုးအပေါင်းတို့ သိမှတ်ကြလော့။ ထိုယေရှုမှာ သင်တို့လက်ဝါးကပ်တိုင်တွင် သတ်သော်လည်း သေခြင်းမှ ဘုရားသခင်ရှင်ပြန်ထမြောက်စေတော်မူသောသူဖြစ်၏။
သင်တို့သစ်တိုင်ပေါ်မှာ ချိတ်ဆွဲ၍ သေဒဏ်ပေးသည့်ယေရှုကို ကျွန်ုပ်တို့ဘိုးဘေးတို့၏ဘုရားသခင်သည် သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူပြီ။
သင်တို့ဘိုးဘေးများ မနှိပ်စက်သော ပရောဖက်ဟူ၍ ရှိသလော။ သူတို့သည် ဖြောင့်မတ်သောအရှင် ကြွလာမည့်အကြောင်း ကြိုတင်ဟောပြောသောသူများကို သတ်ဖြတ်ကြ၏။ ယခု သင်တို့သည် ထိုအရှင်ကို သစ္စာဖောက်၍ သတ်ကြပြီ။
သင်တို့ကို မဆန့်ကျင်သည့်ဖြောင့်မတ်သောသူတို့ကို သင်တို့သည် အပြစ်စီရင်၍ သတ်ကြပြီ။