မဿဲ 18:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါ့မျက်နှာကိုထောက်၍ ဤကဲ့သို့သောကလေးငယ်ကို လက်ခံသောသူသည် ငါ့ကိုလည်းလက်ခံ၏။ Common Language Bible ငါ၏နာမကိုထောက်၍ဤသို့သောကလေး သူငယ်တစ်စုံတစ်ယောက်ကိုလက်ခံသူသည် ငါ့ကိုလက်ခံ၏။ Garrad Bible ငါ့ နာ မ ကို ထောက်၍ ဤ သို့ သော သူ ငယ် တစ် ယောက် ကို လက် ခံ လျှင် ငါ့ ကို လက် ခံ၏။ Judson Bible အကြင်သူသည် ငါ့မျက်နှာကိုထောက်၍ ဤကဲ့သို့သော သူငယ်တစ်စုံတစ်ယောက်ကို လက်ခံ၏၊ ထိုသူသည် ငါ့ကိုပင် လက်ခံ၏။- မြန်မာ့စံမီသမ္မာကျမ်း ဤသို့သောသူငယ်တစ်ယောက်ကို ငါ၏နာမ၌ လက်ခံသောသူသည်လည်း ငါ့ကိုလက်ခံ၏။ မြန်မာ အကြင်သူသည် ငါ့မျက်နှာကိုထောက်၍ ဤကဲ့သို့သော သူငယ်တစ်စုံတစ်ယောက်ကို လက်ခံ၏၊ ထိုသူသည် ငါ့ကိုပင် လက်ခံ၏။- |
ငါ့ကိုယုံကြည်သော ကလေးငယ်တစ်စုံတစ်ယောက်အား မှားယွင်းစေသောသူသည် ကြီးသောကြိတ်ဆုံကျောက်ကို လည်၌ ဆွဲလျက် နက်သောပင်လယ်ထဲသို့ ပစ်ချခံရလျှင် ပို၍ကောင်း၏။
ရှင်ဘုရင်ကလည်း ‘သင်တို့အား ငါအမှန်ဆို၏။ ငါ၏ ညီအစ်ကိုမောင်နှမများထဲမှ အသေးနုပ်ဆုံးသောသူအား သင်တို့ပြုစုကြသမျှသည် ငါ့အား ပြုစုခြင်းပင်ဖြစ်သည်’ ဟု ပြန်၍ မိန့်တော်မူလိမ့်မည်။
ရှင်ဘုရင်ကလည်း ‘သင်တို့အား ငါအမှန်ဆို၏။ ငါ၏ ညီအစ်ကိုမောင်နှမများထဲမှ အသေးနုပ်ဆုံးသာသူအား သင်တို့ မပြုစုသမျှသည် ငါ့အား မပြုစုကြခြင်းပင် ဖြစ်သည်’ ဟု မိန့်တော်မူလိမ့်မည်။
တောင်းသောသူတို့သည် ရကြ၏။ ရှာသောသူတို့သည် တွေ့ကြ၏။ ခေါက်သောသူတို့အတွက်လည်း တံခါးကိုဖွင့်ပေး၏။
“ငါ့မျက်နှာကိုထောက်၍ ဤကဲ့သို့သောကလေးငယ်ကို လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကို လက်ခံသောသူသည် ငါ့ကိုသာမက ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်ကိုလည်း လက်ခံ၏” ဟု မိန့်တော်မူ၏။
သင်တို့သည် ခရစ်တော်၏တပည့်ဖြစ်သည်ကို ထောက်၍ သင်တို့အား ရေတစ်ခွက်ကို တိုက်သောသူသည် အကျိုးကျေးဇူးကို မခံစားဘဲမနေရဟု ငါအမှန်ဆို၏။
ထို့နောက် တပည့်တော်တို့အား “ငါ့မျက်နှာကိုထောက်၍ ဤကဲ့သို့သောကလေးငယ်ကို လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကို လက်ခံသောသူသည် ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်ကို လက်ခံ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့တွင် အငယ်ဆုံးသောသူသည် အကြီးမြတ်ဆုံးသောသူ ဖြစ်လိမ့်မည်” ဟု မိန့်တော်မူ၏။
သင်တို့အား ငါအမှန်ဆို၏။ ငါ၏ အစေလွှတ်ခံကို လက်ခံကြိုဆိုသောသူသည် ငါ့ကို လက်ခံကြိုဆို၏။ ငါ့ကို လက်ခံကြိုဆိုသောသူသည်လည်း ငါ့ကို စေလွှတ်သော ခမည်းတော်ကို လက်ခံကြိုဆို၏” ဟု မိန့်တော်မူ၏။
ကျွန်ုပ်၏ မကျန်းမာခြင်းသည် သင်တို့အတွက် အနှောင့်အယှက်ဖြစ်သော်လည်း သင်တို့သည် ကျွန်ုပ်ကို မထီမဲ့မြင်မပြုကြ။ ကျွန်ုပ်ကို မပစ်ပယ်ကြ။ ကျွန်ုပ်သည် ဘုရားသခင်၏ ကောင်းကင်တမန်ဖြစ်သကဲ့သို့လည်းကောင်း၊ ယေရှုခရစ်တော်ဖြစ်သကဲ့သို့လည်းကောင်း ကျွန်ုပ်ကို သင်တို့ကြိုဆိုလက်ခံခဲ့ကြ၏။