ထိုအချိန်တွင် တပည့်တော်တို့သည် ယေရှုထံတော်သို့ချဉ်းကပ်၍ “ကောင်းကင်နိုင်ငံတော်တွင် မည်သူသည် အကြီးမြတ်ဆုံးဖြစ်သနည်း” ဟု မေးလျှောက်ကြ၏။
မဿဲ 18:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤကလေးငယ်ကဲ့သို့ နှိမ့်ချသူသည် ကောင်းကင်နိုင်ငံတွင် အကြီးမြတ်ဆုံးဖြစ်၏။ Common Language Bible ဤကလေးသူငယ်ကဲ့သို့စိတ်နှိမ့်ချသူသည် ကောင်းကင်နိုင်ငံတော်တွင်အကြီးမြတ်ဆုံး ဖြစ်လိမ့်မည်။- Garrad Bible မည် သူ မ ဆို ဤ သူ ငယ် ကဲ့ သို့ ကိုယ် ကို နှိမ့် ချ လျှင် ကောင်း ကင် နိုင် ငံ တော် တွင် အ ကြီး မြတ် ဆုံး ဖြစ်၏။ Judson Bible ထိုကြောင့် အကြင်သူသည် ဤသူငယ်ကဲ့သို့ မိမိကိုယ်မိမိ နှိမ့်ချအံ့၊ ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ သာ၍ ကြီးမြတ်လိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ဤသူငယ်ကဲ့သို့ မိမိကိုယ်ကိုနှိမ့်ချသောသူသည် ကောင်းကင်နိုင်ငံတော်၌ အကြီးမြတ်ဆုံးဖြစ်၏။ မြန်မာ ထိုကြောင့် အကြင်သူသည် ဤသူငယ်ကဲ့သို့ မိမိကိုယ်မိမိ နှိမ့်ချအံ့၊ ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ သာ၍ ကြီးမြတ်လိမ့်မည်။- |
ထိုအချိန်တွင် တပည့်တော်တို့သည် ယေရှုထံတော်သို့ချဉ်းကပ်၍ “ကောင်းကင်နိုင်ငံတော်တွင် မည်သူသည် အကြီးမြတ်ဆုံးဖြစ်သနည်း” ဟု မေးလျှောက်ကြ၏။
“ငါအမှန်ဆိုရလျှင် သင်တို့သည် ပြောင်းလဲ၍ ကလေးငယ်ကဲ့သို့ မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရလိမ့်မည်မဟုတ်။
ငါ့မျက်နှာကိုထောက်၍ ဤကဲ့သို့သောကလေးငယ်ကို လက်ခံသောသူသည် ငါ့ကိုလည်းလက်ခံ၏။
သင်တို့ကမူ ထိုသို့မပြုကြနှင့်။ သင်တို့အထဲတွင် ခေါင်းဆောင်ဖြစ်လိုသူသည် သင်တို့၏ အစေခံဖြစ်ရမည်။
သို့သော် တပည့်တော်တို့သည် တိတ်ဆိတ်နေကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့က မိမိတို့အနက် မည်သူသည် အကြီးမြတ်ဆုံးဖြစ်သနည်းဟု လမ်းတွင် ငြင်းခုံဆွေးနွေးနေခဲ့သောကြောင့်ဖြစ်၏။
မိမိကိုယ်ကိုယ် ချီးမြှောက်သောသူသည် နှိမ့်ချခြင်းကို ခံရလိမ့်မည်။ မိမိကိုယ်ကိုယ် နှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကို ခံရလိမ့်မည်” ဟု မိန့်တော်မူ၏။
ထို့နောက် တပည့်တော်တို့အား “ငါ့မျက်နှာကိုထောက်၍ ဤကဲ့သို့သောကလေးငယ်ကို လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကို လက်ခံသောသူသည် ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်ကို လက်ခံ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့တွင် အငယ်ဆုံးသောသူသည် အကြီးမြတ်ဆုံးသောသူ ဖြစ်လိမ့်မည်” ဟု မိန့်တော်မူ၏။
သခင်ဘုရားရှေ့တော်၌ မိမိကိုယ်ကိုယ် နှိမ့်ချကြလော့။ သို့ပြုလျှင် ကိုယ်တော်သည် သင်တို့ကို ချီးမြှောက်တော်မူလိမ့်မည်။
ထိုနည်းတူ ငယ်ရွယ်သောသူတို့… အသင်းတော်အကြီးအကဲတို့ကို နာခံကြလော့။ တစ်ဦးကိုတစ်ဦး အချင်းချင်း ဆက်ဆံရာ၌ နှိမ့်ချသောစိတ်ကို တန်ဆာဆင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာ၌ “မာနထောင်လွှားသောသူတို့ကို ဘုရားသခင်သည် ဆန့်ကျင်၍ နှိမ့်ချသောသူတို့ကို ကျေးဇူးပြုတော်မူ၏” ဟု ဆိုထားသောကြောင့်ဖြစ်၏။