သို့သော် ကြွေးရှင်သည်လက်မခံဘဲ ထိုအကြွေးမဆပ်မီတိုင်အောင် သူ့ကို ထောင်ထဲတွင် ထည့်ထား၏။
မဿဲ 18:34 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သခင်သည် သူ့အား အမျက်ထွက်၍ ရှိသမျှအကြွေးကို မဆပ်မီတိုင်အောင် နှိပ်စက်ခံစေရန် ထောင်ထဲတွင်ထည့်ထားလေ၏။ Common Language Bible မင်းကြီးသည်အမျက်ထွက်၍ထိုကျွန်ကိုအကြွေး မကျေမချင်းအကျဉ်းချထားလေ၏။'' Garrad Bible အ မျက် တော် ထွက်၍ ကြွေး ရှိ သ မျှ ကို မ ဆပ် မ ချင်း အာ ဏာ သား တို့ ထံ အပ် ထား တော် မူ၏။ Judson Bible အမျက်ထွက်၍ ကြွေးရှိသမျှကို မဆပ်မီတိုင်အောင် အာဏာသားတို့လက်ကို အပ်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် သူ၏သခင်သည်အမျက်ထွက်ကာ အကြွေးရှိသမျှကို ပြန်ဆပ်သည့်တိုင်အောင် သူ့ကို အကျဉ်းချနှိပ်စက်သောသူတို့လက်သို့ အပ်လေ၏။ မြန်မာ အမျက်ထွက်၍ ကြွေးရှိသမျှကို မဆပ်မီတိုင်အောင် အာဏာသားတို့လက်ကို အပ်လေ၏။- |
သို့သော် ကြွေးရှင်သည်လက်မခံဘဲ ထိုအကြွေးမဆပ်မီတိုင်အောင် သူ့ကို ထောင်ထဲတွင် ထည့်ထား၏။
ငါသည် သင့်ကိုသနားသကဲ့သို့ သင်သည်လည်း သင့်ကျွန်ဖော်ချင်းကို သနားသင့်သည်မဟုတ်လော’ ဟု ဆိုလေ၏။
ထိုနည်းတူ သင်တို့တစ်ဦးချင်းသည် မိမိညီအစ်ကိုမောင်နှမကို စိတ်ရင်းအမှန်ဖြင့် ခွင့်မလွှတ်လျှင် ကောင်းကင်ဘုံရှင် ငါ၏ခမည်းတော်သည်လည်း သင်တို့ကို ခွင့်လွှတ်တော်မူမည်မဟုတ်” ဟု မိန့်တော်မူ၏။
ကရုဏာကင်းမဲ့သောသူသည် ကရုဏာကင်းမဲ့စွာ တရားစီရင်ခြင်း ခံရမည်။ ကရုဏာထားသောသူသည် ဘုရားသခင်တရားစီရင်မည့်နေ့တွင် ကြောက်ရွံ့နေရန် မလိုပေ။