သို့သော်လည်း ယေရှုက မိမိမည်သူဖြစ်ကြောင်းကို မဖော်ပြရန် သူတို့အား သတိပေးတော်မူ၏။
မဿဲ 17:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တောင်ပေါ်မှ ဆင်းလာကြစဉ် ယေရှုက “လူသားသည် သေခြင်းမှ မထမြောက်မီအထိ သင်တို့မြင်တွေ့ခဲ့ရသော ရူပါရုံကို မည်သူ့ကိုမျှ မပြောကြနှင့်” ဟု သူတို့အား မှာကြားတော်မူ၏။ Common Language Bible ထိုနောက်ကိုယ်တော်နှင့်တပည့်တော်တို့သည်တောင် ပေါ်မှဆင်းကြ၏။ ထိုသို့ဆင်းကြစဉ်သခင်ယေရှု က ``သင်တို့တွေ့မြင်ခဲ့ကြသည့်အခြင်းအရာကို လူသားသေခြင်းမှမထမြောက်မီအဘယ်သူ အားမျှမပြောကြနှင့်'' ဟုတပည့်တော်တို့အား ပညတ်တော်မူ၏။ Garrad Bible တောင် ပေါ် မှ ဆင်း လာ ကြ စဉ် ယေ ရှု က သူ သေ တို့ အ ထဲ မှ လူ့ သား မ ရှင် ပြန် မ ထ မြောက် မီ ဤ ရူ ပါ ရုံ ကို မည် သူ့ မျှ အား မ ပြော ကြ နှင့် ဟု မြစ် တား တော် မူ၏။ Judson Bible တောင်ပေါ်မှ ဆင်းကြသောအခါ ယေရှုက၊ လူသားသည် သေခြင်းမှ မထမြောက်မီတိုင်အောင်၊ သင်တို့ ယခုမြင်သော ရူပါရုံကို အဘယ်သူအားမျှ မပြောကြနှင့်ဟု တပည့်တော်တို့ကို ပညတ်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် တောင်ပေါ်မှ သူတို့ဆင်းလာကြစဉ် ယေရှုက“လူ့သားသည် သေသောသူတို့ထဲမှ မထမြောက်မီ ဤရူပါရုံကို မည်သူ့ကိုမျှမပြောကြနှင့်”ဟု သူတို့အား မိန့်မှာတော်မူ၏။ မြန်မာ တောင်ပေါ်မှ ဆင်းကြသောအခါ ယေရှုက၊ လူသားသည် သေခြင်းမှ မထမြောက်မီတိုင်အောင်၊ သင်တို့ ယခုမြင်သော ရူပါရုံကို အဘယ်သူအားမျှ မပြောကြနှင့်ဟု တပည့်တော်တို့ကို ပညတ်တော်မူ၏။- |
သို့သော်လည်း ယေရှုက မိမိမည်သူဖြစ်ကြောင်းကို မဖော်ပြရန် သူတို့အား သတိပေးတော်မူ၏။
သင်တို့အား ငါပြောဆိုသည်မှာ ဧလိယသည် ရောက်လာခဲ့ပြီ။ သို့ရာတွင် လူတို့သည် သူ့ကို မသိကြဘဲ သူ့အပေါ် ပြုလိုသမျှပြုခဲ့ကြ၏။ ထိုနည်းတူ လူသားသည်လည်း သူတို့လက်အောက်တွင် ဒုက္ခခံရမည်” ဟု မိန့်တော်မူ၏။
ယေရှုက “သင်တို့၏ ယုံကြည်ခြင်းသည် အားနည်းသောကြောင့်ဖြစ်၏။ သင်တို့အား ငါအမှန်ဆို၏။ သင်တို့တွင် မုန်ညင်းစေ့ခန့်မျှသော ယုံကြည်ခြင်းရှိပါက ဤတောင်ကို ‘ဤနေရာမှ ထိုနေရာသို့ ရွေ့လော့’ ဟု ဆိုလျှင် ရွေ့လိမ့်မည်။ ယုံကြည်ခြင်းရှိပါက သင်တို့မတတ်နိုင်သောအရာမရှိ။
ယေရှုနှင့် တပည့်တော်တို့သည် ဂါလိလဲပြည်တွင် အတူစုဝေးနေကြစဉ် ယေရှုက “လူသားသည် လူတို့လက်သို့ အပ်နှံခံရလိမ့်မည်။
သူတို့သည် လူသားကို သတ်ကြလိမ့်မည်။ သို့သော် သုံးရက်မြောက်သောနေ့တွင် သူသည် သေခြင်းမှ ထမြောက်လိမ့်မည်” ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ ထိုအခါ တပည့်တော်တို့သည် အလွန်ဝမ်းနည်းကြ၏။
သို့သော် ယေရှုက “မြေခွေးတို့၌ နေစရာ တွင်းရှိ၏။ ငှက်တို့၌ နားစရာအသိုက်ရှိ၏။ လူသား၌မူ ခေါင်းချစရာနေရာပင် မရှိ” ဟု မိန့်တော်မူ၏။
ထို့နောက် ယေရှုက ထိုသူအား “ဤအကြောင်းကို မည်သူ့ကိုမျှ မပြောနှင့်။ ယဇ်ပုရောဟိတ်ထံသို့ သွား၍ သူ့အားကြည့်ရှုစစ်ဆေးစေလော့။ သင့်ရောဂါပျောက်ကင်းကြောင်း လူတို့ရှေ့၌ သက်သေပြရန် မောရှေ၏ပညတ်ကျမ်းအတိုင်း ပူဇော်စရာများကို ဆက်သလော့” ဟု မိန့်တော်မူ၏။
ထိုအခါ ယေရှုက မိမိအကြောင်းကို မည်သူ့ကိုမျှ မပြောရန် တပည့်တော်တို့အား သတိပေးတော်မူ၏။
ထိုမိန်းကလေး၏မိဘများသည် အလွန်အံ့အားသင့်လျက် နေ၏။ သို့သော် ကိုယ်တော်သည် ဤအဖြစ်အပျက်အား မည်သူ့ကိုမျှ ပြန်မပြောရန် သတိပေးတော်မူ၏။
ထိုအသံတော် ထွက်ပေါ်ပြီးနောက် ယေရှုကိုသာ တွေ့မြင်ကြရ၏။ တပည့်တော်တို့သည် တွေ့မြင်သမျှတို့ကို ထိုကာလပတ်လုံး မည်သူ့ကိုမျှ ပြန်မပြောဘဲ လျှို့ဝှက်ထားကြ၏။