ခြောက်ရက် ကြာသော် ယေရှုသည် ပေတရု၊ ယာကုပ်နှင့် ယာကုပ်၏ညီ ယောဟန်တို့ကို မြင့်မားသောတောင် တစ်တောင်ပေါ်သို့ သီးခြားခေါ်ဆောင်သွားတော်မူ၏။
မဿဲ 17:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ သူတို့ရှေ့တွင် ယေရှု၏ အဆင်းသဏ္ဌာန်တော်ပြောင်းလဲလေ၏။ မျက်နှာတော်သည် နေကဲ့သို့ထွန်းလင်းပြီး အဝတ်တော်တို့သည် အလင်းကဲ့သို့ ဖြူလာ၏။ Common Language Bible သူတို့၏ရှေ့တွင်ကိုယ်တော်၏အဆင်းသဏ္ဌာန်တော် သည်ပြောင်းလဲသွား၏။ မျက်နှာတော်သည်နေကဲ့ သို့တောက်ပလျက်အဝတ်တော်များသည်လည်း အလင်းကဲ့သို့ဖြူလျက်နေ၏။- Garrad Bible နေ ကဲ့ သို့ မျက် နှာ တော် တောက် ပ လျက် အ လင်း ကဲ့ သို့ အ ဝတ် တော် ဖြူ လျက် ရှိ တော် မူ၏။ Judson Bible သူတို့ရှေ့၌ ထူးခြားသောအဆင်းအရောင်နှင့် ပြည့်စုံသည်ဖြစ်၍၊ မျက်နှာတော်သည် နေကဲ့သို့ ထွန်းတောက်လျက်၊ အဝတ်တော်သည် အလင်းကဲ့သို့ ဖြူလျက်ရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ကိုယ်တော်သည် သူတို့ရှေ့၌ အဆင်းသဏ္ဌာန်ပြောင်းလဲ၍ မျက်နှာတော်သည် နေကဲ့သို့ထွန်းလင်းကာ ဝတ်ရုံတော်သည် အလင်းကဲ့သို့ဖြူဖွေးလာ၏။ မြန်မာ သူတို့ရှေ့၌ ထူးခြားသောအဆင်းအရောင်နှင့် ပြည့်စုံသည်ဖြစ်၍၊ မျက်နှာတော်သည် နေကဲ့သို့ ထွန်းတောက်လျက်၊ အဝတ်တော်သည် အလင်းကဲ့သို့ ဖြူလျက်ရှိ၏။- |
ခြောက်ရက် ကြာသော် ယေရှုသည် ပေတရု၊ ယာကုပ်နှင့် ယာကုပ်၏ညီ ယောဟန်တို့ကို မြင့်မားသောတောင် တစ်တောင်ပေါ်သို့ သီးခြားခေါ်ဆောင်သွားတော်မူ၏။
အဝတ်တော်တို့သည် ကမ္ဘာလောကရှိ မည်သည့်ခဝါသည်မျှ ထိုသို့ ဖြူစေရန် မလျှော်ဖွပ်နိုင်လောက်အောင်ပင် အလွန်ဖြူဖွေးတောက်ပြောင်လာ၏။
ထိုသို့ ယေရှုသည် ဆုတောင်းတော်မူစဉ် မျက်နှာတော်၏အသွင်အပြင်သည် ပြောင်းလဲ၍ အဝတ်တော်သည်လည်း ဖြူဖွေးတောက်ပလာ၏။
နှုတ်ကပတ်တော်သည် လူသားအဖြစ် ခံယူ၍ ကျေးဇူးတော်၊ သစ္စာတော်တို့နှင့် ပြည့်ဝလျက် ကျွန်ုပ်တို့လူသားများအကြားတွင် စံမြန်းတော်မူ၏။ ကျွန်ုပ်တို့သည်လည်း ထိုအရှင်၏ ဘုန်းတော်ကို ဖူးမြင်ကြရ၏။ ထိုဘုန်းတော်သည် ခမည်းတော်၏ တစ်ပါးတည်းသောသားတော်အဖြစ် ခံယူရရှိသောဘုန်းတော်ဖြစ်၏။
အို အဖ… အကျွန်ုပ်အား ကိုယ်တော်ပေးအပ်တော်မူသောသူတို့ကို အကျွန်ုပ်ရှိမည့်အရပ်၌ အကျွန်ုပ်နှင့်အတူရှိစေလိုပါ၏။ သို့ပြုလျှင် ကမ္ဘာ မတည်မရှိမီကပင် ကိုယ်တော်သည် အကျွန်ုပ်ကို ချစ်၍ ပေးတော်မူသော ဘုန်းအသရေကို သူတို့တွေ့မြင်ပါလိမ့်မည်။
ဤလောက၏ အမူအကျင့်နှင့် ဓလေ့တို့ကို အတုမယူကြနှင့်။ သင်တို့၏ စိတ်နှလုံးကို ပြောင်းလဲစေခြင်းအားဖြင့် စိတ်သစ်လူသစ် ဖြစ်ကြလော့။ သို့ပြုလျှင် ဘုရားသခင်အလိုရှိတော်မူသည့် ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ ပြည့်စုံသောအရာတို့သည် မည်သည့်အရာဖြစ်သည်ကို သင်တို့ပိုင်းခြားသိမြင်ကြလိမ့်မည်။
ထို့နောက် တန်ခိုးကြီးသော ကောင်းကင်တမန်တစ်ပါးသည် မိုးတိမ်ခြုံလွှမ်းလျက် ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို ကျွန်ုပ်မြင်ရ၏။ သူ၏ဦးခေါင်းပေါ်တွင် သက်တံတည်ရှိ၏။ သူ၏မျက်နှာသည် နေကဲ့သို့ဖြစ်ပြီး ခြေတို့သည် မီးတိုင်ကဲ့သို့ဖြစ်၏။
ထိုအခါ ရာဇပလ္လင်ဖြူကြီးနှင့် ထိုပလ္လင်ပေါ်တွင် ထိုင်တော်မူသောအရှင်ကို ကျွန်ုပ်မြင်ရ၏။ မြေကြီးနှင့် ကောင်းကင်သည် ထိုအရှင်ရှေ့မှ ပျောက်ကွယ်သွား၍ ၎င်းတို့အတွက် နေရာမရှိတော့ပေ။