သူတို့ဘာသာ ရှိပါစေ။ ထိုသူတို့သည် မျက်မမြင်တို့ကို လမ်းပြသောမျက်မမြင်များဖြစ်ကြ၏။ မျက်မမြင်တစ်ဦးသည် အခြားမျက်မမြင်တစ်ဦးကို လမ်းပြပါက နှစ်ဦးလုံး တွင်းထဲသို့ကျလိမ့်မည်” ဟု မိန့်တော်မူ၏။
မဿဲ 16:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဆိုးညစ်၍ ဘုရားသခင်ကို မယုံကြည်သောမျိုးဆက်သည် နိမိတ်လက္ခဏာကို တောင်းတတ်၏။ သို့သော် ငါသည် ပရောဖက်ယောန၏နိမိတ်လက္ခဏာမှလွဲ၍ မည်သည့်နိမိတ်လက္ခဏာကိုမျှ ပြမည်မဟုတ်” ဟု မိန့်တော်မူ၏။ ထို့နောက် ယေရှုသည် သူတို့ထံမှ ထွက်ခွာ၍ ကြွတော်မူ၏။ Common Language Bible ဤခေတ်လူတို့သည်အလွန်ဆိုးညစ်၍ဘုရား သခင်ကိုယုံကြည်ခြင်းကင်းမဲ့ကြပါသည် တကား။ သင်တို့သည်နိမိတ်လက္ခဏာကိုတောင်း ဆိုကြ၏။ သို့ရာတွင်ယောန၏နိမိတ်လက္ခဏာ မှတစ်ပါးအဘယ်နိမိတ်လက္ခဏာမျှသင်တို့ တွေ့မြင်ရကြလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။ ထိုနောက်ကိုယ်တော်သည်ထိုသူတို့ထံမှထွက် ခွာသွားတော်မူ၏။ Garrad Bible ဆိုး သွမ်း၍ မျောက် မ ထား တတ် သော ယ ခု လူ မျိုး သည် နိ မိတ် လ က္ခ ဏာ တောင်း ကြ သည် မှာ ယော န၏ နိ မိတ် လ က္ခ ဏာ မှ တစ် ပါး မည် သည့် နိ မိတ် လ က္ခ ဏာ ကို မျှ ပြ မည် မ ဟုတ် ဟု ပြန်၍ မိန့် တော် မူ ပြီး လျှင် ထို သူ တို့ ထံ မှ ထွက် ကြွ တော် မူ၏။ Judson Bible ဆိုးညစ်၍ မျောက်မထားသောအမျိုးသည် နိမိတ်လက္ခဏာကို တောင်းသည်မှာ၊ ပရောဖက်ယောန၏ နိမိတ်လက္ခဏာမှတစ်ပါး အဘယ်လက္ခဏာကိုမျှ သူတို့အား မပြရာဟု မိန့်တော်မူပြီးလျှင်၊ ထိုသူတို့ရှိရာမှ ထွက်၍ ကြွတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ဆိုးညစ်၍ ဖောက်ပြန်သောမျိုးဆက်သည် နိမိတ်လက္ခဏာကိုတောင်းဆိုသော်လည်း ယောန၏နိမိတ်လက္ခဏာမှတစ်ပါး မည်သည့်နိမိတ်လက္ခဏာကိုမျှ ပြလိမ့်မည်မဟုတ်”ဟု ပြန်၍မိန့်တော်မူပြီးလျှင် သူတို့ထံမှ ထွက်ခွာသွားတော်မူ၏။ မြန်မာ ဆိုးညစ်၍ မျောက်မထားသောအမျိုးသည် နိမိတ်လက္ခဏာကို တောင်းသည်မှာ၊ ပရောဖက်ယောန၏ နိမိတ်လက္ခဏာမှတစ်ပါး အဘယ်လက္ခဏာကိုမျှ သူတို့အား မပြရာဟု မိန့်တော်မူပြီးလျှင်၊ ထိုသူတို့ရှိရာမှ ထွက်၍ ကြွတော်မူ၏။ |
သူတို့ဘာသာ ရှိပါစေ။ ထိုသူတို့သည် မျက်မမြင်တို့ကို လမ်းပြသောမျက်မမြင်များဖြစ်ကြ၏။ မျက်မမြင်တစ်ဦးသည် အခြားမျက်မမြင်တစ်ဦးကို လမ်းပြပါက နှစ်ဦးလုံး တွင်းထဲသို့ကျလိမ့်မည်” ဟု မိန့်တော်မူ၏။
ကမ်းတစ်ဖက်သို့ ရောက်သောအခါ တပည့်တော်တို့က မိမိတို့သည် စားစရာယူလာရန် မေ့လျော့ကြောင်း သတိပြုမိကြ၏။
ထိုအခါ ကိုယ်တော်သည် စိတ်တော်မချမ်းမသာဖြစ်လျက် သက်ပြင်းချတော်မူပြီးလျှင် “ဤမျိုးဆက်သည် အဘယ်ကြောင့် နိမိတ်လက္ခဏာကို တောင်းကြသနည်း။ သင်တို့အား ငါအမှန်ဆို၏။ ထိုသူတို့အား မည်သည့်နိမိတ်လက္ခဏာကိုမျှ ပြမည်မဟုတ်” ဟု မိန့်တော်မူ၏။
ဘုရားသခင်ကို မယုံကြည်၍ အပြစ်ကျူးလွန်သော ဤခေတ်ကာလတွင် တစ်စုံတစ်ဦးသည် ငါနှင့် ငါ့စကားအတွက် ရှက်လျှင် လူသားသည် သန့်ရှင်းသောကောင်းကင်တမန်များခြံရံလျက် ခမည်းတော်၏ဘုန်းအသရေကိုဆောင်ကာ ကြွလာသောအခါ ထိုသူအတွက် ရှက်တော်မူမည်” ဟု မိန့်တော်မူ၏။
ဂျူးတို့သည် သူ့ကို ဆန့်ကျင်၍ ရှုတ်ချပြောဆိုကြသောအခါ ပေါလုသည် မိမိအဝတ်ပေါ်မှ ဖုန်မှုန့်ကို ခါချ၍ “သင်တို့၏အပြုအမှုအတွက် သင်တို့ပင် တာဝန်ခံရမည်။ ငါသည် ထိုအရာနှင့်ကင်းရှင်းပါ၏။ ယခုမှစ၍ လူမျိုးခြားတို့ထံ သွားမည်” ဟု ပြောလေ၏။
ထို့နောက် ပေတရုသည် အခြားစကားများဖြင့် သက်သေခံဟောပြောပြီးနောက် “ပျက်စီးလျက်ရှိသောဤမျိုးဆက်မှ မိမိကိုယ်ကိုယ်ကယ်နုတ်ကြလော့” ဟု တိုက်တွန်းနိုးဆော်လေ၏။