မဿဲ 15:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ပေတရုက “ခံတွင်းသို့ ဝင်သောအရာသည် လူကို ညစ်ညမ်းစေသည်မဟုတ်ပါဟူသည့် ပုံဥပမာစကားကို အကျွန်ုပ်တို့အား ရှင်းပြတော်မူပါ” ဟု လျှောက်လေ၏။ Common Language Bible ပေတရုက ``ထိုပုံဥပမာကိုအကျွန်ုပ်တို့အား ရှင်းပြတော်မူပါ'' ဟုလျှောက်၏။ Garrad Bible ထို နောက် ပေ တ ရု က ဤ ဥ ပ မာ ကို ဖွင့် ပြ တော် မူ ပါ ဟု လျှောက် သော်၊ Judson Bible ပေတရုကလည်း၊ ထိုဥပမာကို အကျွန်ုပ်တို့အား ဖွင့်ပြတော်မူပါဟု လျှောက်လျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ပေတရုက “ထိုပုံဥပမာကို အကျွန်ုပ်တို့အားရှင်းပြတော်မူပါ”ဟု လျှောက်လျှင် မြန်မာ ပေတရုကလည်း၊ ထိုဥပမာကို အကျွန်ုပ်တို့အား ဖွင့်ပြတော်မူပါဟု လျှောက်လျှင်၊- |
ထို့နောက် ယေရှုသည် လူထုကို အပြင်၌ထားခဲ့၍ အိမ်ထဲသို့ ဝင်တော်မူ၏။ ထိုအခါ တပည့်တော်တို့က “လယ်၌ရှိသော ပေါင်းပင်များပုံဥပမာကို အကျွန်ုပ်တို့အား ရှင်းပြတော်မူပါ” ဟု လျှောက်ကြ၏။
ပုံဥပမာများမသုံးဘဲ လူထုပရိသတ်တို့အား ဟောတော်မမူပေ။ သို့သော်လည်း တပည့်တော်များနှင့် သီးခြားရှိချိန်တွင် ထိုပုံဥပမာများ၏ အနက်အဓိပ္ပာယ်ကို သူတို့အား ရှင်းပြတော်မူ၏။
ကိုယ်တော်သည် လူထုပရိသတ်ထံမှ ထွက်ကြွ၍ အိမ်တစ်အိမ်သို့ ဝင်တော်မူလျှင် တပည့်တော်တို့က ထိုဆိုရိုးစကား၏ အဓိပ္ပာယ်ကို မေးလျှောက်ကြ၏။
ထိုအခါ တပည့်တော်တို့က “ကိုယ်တော်သည် ယခုတွင် ပုံဥပမာမဆောင်ဘဲ ရှင်းလင်းစွာ မိန့်တော်မူ၏။