မဿဲ 14:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ဟေရုဒ်မင်းသည် မိမိပြောခဲ့သည့်စကားအတွက် နောင်တရလေ၏။ သို့သော်လည်း ကြွရောက်လာသော ဧည့်သည်တော်များရှေ့တွင် မိမိပေးခဲ့သည့် ကတိကို ထောက်ရှု၍ တောင်းဆိုသည့်အတိုင်း ပေးစေရန် အမိန့်ချလေ၏။ Common Language Bible ထိုအခါမင်းကြီးသည်များစွာစိတ်မချမ်းမသာ ဖြစ်တော်မူသော်လည်းဧည့်သည်တော်များရှေ့တွင် မိမိပေးခဲ့သည့်ကတိကိုထောက်၍ သူငယ်မ တောင်းလျှောက်သည့်အတိုင်းပေးစေရန်အမိန့် ချတော်မူ၏။- Garrad Bible ဘု ရင် မင်း သည် ဝမ်း နည်း သော် လည်း သ စ္စာ ထား မိ သည် ကို လည်း ကောင်း၊ စား ပွဲ တော် ထိုင် ဘက် တို့ ကိုလည်း ကောင်း ထောက် သ ဖြင့်၊ Judson Bible မင်းကြီးသည် ဝမ်းနည်းသော်လည်း ကျိန်ဆိုခြင်းကိုလည်းကောင်း၊ အပေါင်းအဖော်တို့၏ မျက်နှာကိုလည်းကောင်း ထောက်သောကြောင့် ပေးစေဟု အမိန့်တော်ရှိလျက်၊- မြန်မာ့စံမီသမ္မာကျမ်း မင်းကြီးသည် စိတ်မကောင်းဖြစ်သော်လည်း ပြုထားသောကတိသစ္စာကိုလည်းကောင်း၊ မိမိနှင့်အတူစားသောက်ပွဲ၌ထိုင်နေသောသူတို့၏မျက်နှာကိုလည်းကောင်း ထောက်၍ ပေးလိုက်ရန် အမိန့်ပေးကာ မြန်မာ မင်းကြီးသည် ဝမ်းနည်းသော်လည်း ကျိန်ဆိုခြင်းကိုလည်းကောင်း၊ အပေါင်းအဖော်တို့၏ မျက်နှာကိုလည်းကောင်း ထောက်သောကြောင့် ပေးစေဟု အမိန့်တော်ရှိလျက်၊- |
ဟေရုဒ်မင်းသည် ယောဟန်ကို သတ်လိုသော်လည်း ဆူပူအုံကြွမည်ကို ကြောက်ရွံ့သဖြင့် မသတ်ဝံ့ပေ။ အဘယ်ကြောင့်ဆိုသော် လူထုသည် ယောဟန်အား ပရောဖက်တစ်ပါးအဖြစ် သတ်မှတ်ထားသောကြောင့် ဖြစ်၏။
ထိုမိန်းကလေးသည်လည်း မိခင်၏တိုက်တွန်းချက်ဖြင့် “နှစ်ခြင်းဆရာယောဟန်၏ ဦးခေါင်းကို လင်ပန်းတွင်တင်၍ ပေးတော်မူပါ” ဟု တောင်းဆိုလေ၏။
ယေရှု၏ သတင်းတော်သည် ကျော်ကြားလာသဖြင့် ဟေရုဒ်မင်းကြားလေ၏။ လူတချို့က “ဤသူသည် သေရာမှပြန်ရှင်လာသော နှစ်ခြင်းဆရာယောဟန် ဖြစ်၏။ ထို့ကြောင့် အံ့ဖွယ်တန်ခိုးများကို ပြနိုင်ခြင်းဖြစ်သည်” ဟု ပြောဆိုကြ၏။
ဟေရုဒ်မင်းသည် ယောဟန်ကို ဖြောင့်မတ်သူနှင့် သန့်ရှင်းသူတစ်ဦး ဖြစ်ကြောင်း သိမြင်၍ ရိုသေလေးစားသောကြောင့် အကာအကွယ်ပေး၏။ ယောဟန်၏ စကားကို ကြားသောအခါ စိတ်အနှောင့်အယှက်ဖြစ်ရသော်လည်း လိုလားစွာပင် နားထောင်လေ့ရှိ၏။
ထိုအခါ ဟေရုဒ်မင်းသည် မိမိပြောခဲ့သည့်စကားအတွက် အလွန်ဝမ်းနည်းလေ၏။ သို့သော်လည်း ကြွရောက်လာသော ဧည့်သည်တော်များရှေ့တွင် မိမိပေးခဲ့သည့် ကတိသစ္စာကို ထောက်ရှုသဖြင့် တောင်းဆိုသည့်အရာကို မငြင်းပယ်နိုင်ပေ။
ယေရှုက “ထိုမြေခွေးကို သွား၍ ပြောလော့။ ‘ငါသည် ယနေ့နှင့် မနက်ဖြန် နတ်ဆိုးများကို နှင်ထုတ်၍ လူနာများကို ကျန်းမာစေလျက်ရှိမည်။ သုံးရက်မြောက်နေ့တွင် ငါ၏အမှုကို ပြီးစီးစေမည်။