ထိုအရပ်၌ရှိသော လူတို့သည် ယေရှုကို မှတ်မိကြသောအခါ ထိုနယ်တစ်ခွင်လုံးသို့ သတင်းလွှင့်၍ ဖျားနာသူများကို ကိုယ်တော်ထံသို့ ခေါ်ဆောင်လာကြ၏။
မဿဲ 14:36 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူတို့သည် ဝတ်ရုံတော်၏ အမြိတ်ကိုမျှ တို့ထိခွင့်ရရန် တောင်းပန်ကြ၏။ တို့ထိသောသူတိုင်းလည်း ကျန်းမာလာကြ၏။ Common Language Bible ထိုနောက်ဖျားနာသူတို့အားကိုယ်တော်၏အဝတ် တော်အမြိတ်ကိုမျှတို့ထိနိုင်ခွင့်ပြုရန်တောင်းပန် ကြ၏။ ဤသို့တို့ထိရသူအပေါင်းတို့သည်လည်း ကျန်းမာသွားကြ၏။ Garrad Bible အ ဝတ် တော် ပန်း ပွား ကို ထိ ရုံ မျှ တို့ ခွင့် ရ စေ ရန် တောင်း ပန် ကြ၏။ တို့ သ မျှ သော သူ နာ တို့ လည်း ကျန်း မာ ကြ၏။ Judson Bible အဝတ်တော်၏ ပန်းပွားကိုမျှသာ တို့ရပါမည်အကြောင်း အခွင့်တောင်းကြ၏။ တို့သမျှသော သူတို့သည်လည်း ချမ်းသာရကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့အား ကိုယ်တော်၏ဝတ်ရုံတော်ပန်းဖွားကိုမျှ တို့ထိခွင့်ပြုပါမည့်အကြောင်း ကိုယ်တော်ကိုတောင်းပန်ကြ၏။ တို့ထိရသောသူရှိသမျှတို့သည်လည်း ရောဂါပျောက်ကင်းခြင်းအခွင့်ကိုရကြ၏။ မြန်မာ အဝတ်တော်၏ ပန်းပွားကိုမျှသာ တို့ရပါမည်အကြောင်း အခွင့်တောင်းကြ၏။ တို့သမျှသော သူတို့သည်လည်း ချမ်းသာရကြ၏။ |
ထိုအရပ်၌ရှိသော လူတို့သည် ယေရှုကို မှတ်မိကြသောအခါ ထိုနယ်တစ်ခွင်လုံးသို့ သတင်းလွှင့်၍ ဖျားနာသူများကို ကိုယ်တော်ထံသို့ ခေါ်ဆောင်လာကြ၏။
သူတို့လုပ်ဆောင်သမျှသည် လူမြင်သာစေရန်သာ ဖြစ်၏။ သူတို့၏လက်မောင်းများပေါ်တွင် ကျမ်းစာပိုဒ်များပါရှိသည့် အဆောင်ကို အပြားကြီးပြုလုပ်၍ ပတ်ထားတတ်ကြ၏။ ရှည်လျားသည့် အမြိတ်ပါသောဝတ်ရုံတို့ကိုလည်း ဝတ်ဆင်တတ်ကြ၏။
အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် လူများစွာကို ကျန်းမာစေတော်မူသဖြင့် ရောဂါဝေဒနာရှင်များက ယေရှုကို တို့ထိရန် တိုးဝှေ့ကြသောကြောင့်ဖြစ်၏။
လူတို့သည် ကိုယ်တော်ကြွတော်မူသည့် မြို့၊ ရွာ၊ ကျေးလက်ဒေသတိုင်း၌ မကျန်းမာသူများကို ဈေးအရပ်တို့တွင် ချထားကြ၏။ ထိုသူတို့က မကျန်းမာသူများအား ဝတ်ရုံတော်၏ အမြိတ်ကိုမျှ တို့ထိခွင့်ပေးရန် တောင်းပန်ကြ၏။ တို့ထိသောသူတိုင်းလည်း ကျန်းမာလာကြ၏။
ယေရှုနှင့် တပည့်တော်တို့သည် ဗက်ဇဲဒမြို့သို့ ရောက်ကြ၏။ ထိုအခါ လူတချို့သည် မျက်မမြင်တစ်ဦးကို ယေရှုထံတော်သို့ ခေါ်ဆောင်ခဲ့ပြီးလျှင် လက်တော်နှင့် တို့ထိ၍ မျက်စိပြန်မြင်စေရန် တောင်းပန်ကြ၏။
ယေရှုထံမှ တန်ခိုးထွက်၍ လူတို့ကို အနာရောဂါများမှ ကျန်းမာစေသောကြောင့် လူထုအပေါင်းတို့သည် ယေရှုကို တို့ထိရန် ကြိုးစားကြ၏။
ငါ့ကို ခမည်းတော်ပေးအပ်တော်မူသော သူတို့သည် ငါ့ထံသို့ လာကြလိမ့်မည်။ ငါ့ထံသို့ လာသောသူကို ငါသည် ငြင်းပယ်မည်မဟုတ်ပါ။
လူတစ်ဦးသည် ဥပုသ်နေ့တွင် အရေပြားလှီးခြင်းမင်္ဂလာကိုခံရန် အချိန်ကျသော် သင်တို့သည် မောရှေ၏ ပညတ်ကျမ်းကို မချိုးဖောက်လိုသဖြင့် ထိုသူအား အရေပြားလှီးခြင်းမင်္ဂလာကို ပေးကြ၏။ သို့ဖြစ်လျှင် ငါသည် ဥပုသ်နေ့၌ လူတစ်ဦးကို ကျန်းမာစေသည့်အတွက် သင်တို့သည် အဘယ်ကြောင့် ငါ့ကို အမျက်ထွက်ကြသနည်း။
ထိုသခင်ကို ယုံကြည်ခြင်းအားဖြင့် ထိုသခင်၏ နာမတော်သည် ဤလူကို သန်စွမ်းစေတော်မူ၏။ ယခင်က ဤလူသည် ခြေမသန်စွမ်းသူဖြစ်ကြောင်း သင်တို့သိမြင်ကြ၏။ ထိုသခင်အားဖြင့် ရရှိသော ယုံကြည်ခြင်းသည်လည်း ဤခြေမသန်စွမ်းသူအား သင်တို့အားလုံးရှေ့၌ အကောင်းပကတိအတိုင်း ဖြစ်စေပြီ။