ထို့နောက် ဆိုးသွမ်းသူများကို မီးဖိုထဲသို့ ပစ်ချကြသဖြင့် သူတို့သည် အံကြိတ်၍ ငိုကြွေးရလိမ့်မည်” ဟု မိန့်တော်မူ၏။
မဿဲ 13:42 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မီးဖိုထဲသို့ ပစ်ချကြသဖြင့် ထိုသူတို့သည် အံကြိတ်၍ ငိုကြွေးရလိမ့်မည်။ Common Language Bible တောက်လောင်သောမီးဖိုထဲသို့ပစ်ချစေတော်မူ မည်။ ထိုသူအပေါင်းတို့သည်ငိုကြွေးမြည်တမ်း ၍အံသွားခဲကြိတ်ကြလိမ့်မည်။- Garrad Bible မီး ဖို ထဲ သို့ ပစ် ချ တော် မူ သ ဖြင့် ငို ကြွေး ခြင်း၊ အံ့ ကြိတ် ခြင်း ရှိ ရ ကြ လ တ္တံ့။ Judson Bible ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ မီးဖို၌ချကြလတ္တံ့။- မြန်မာ့စံမီသမ္မာကျမ်း မီးပြင်းဖိုထဲသို့ ပစ်ချကြလိမ့်မည်။ ထိုနေရာ၌ ငိုကြွေးခြင်းနှင့် အံကြိတ်ခြင်းရှိလိမ့်မည်။ မြန်မာ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ မီးဖို၌ချကြလတ္တံ့။- |
ထို့နောက် ဆိုးသွမ်းသူများကို မီးဖိုထဲသို့ ပစ်ချကြသဖြင့် သူတို့သည် အံကြိတ်၍ ငိုကြွေးရလိမ့်မည်” ဟု မိန့်တော်မူ၏။
ထိုအခါ ဘုရင်က အခြွေအရံတို့အား ‘သူ၏ ခြေလက်တို့ကို ချည်၍ အပြင်ဘက်အမှောင်ထဲသို့ ပစ်လိုက်ကြလော့။ ထိုနေရာ၌ သူသည် အံကြိတ်၍ ငိုကြွေးရလိမ့်မည်’ ဟု ဆိုလေ၏။
ထို့နောက် ရှင်ဘုရင်က လက်ဝဲတော်ဘက်၌ ရှိသောသူတို့အား ‘ကျိန်ဆဲခြင်းခံရသောသူတို့… ငါ့ထံမှ ထွက်သွားကြလော့။ မာရ်နတ်နှင့် သူ၏ နတ်ဆိုးများအတွက် ပြင်ဆင်ထားသောထာဝရမီးထဲသို့ သွားကြလော့။
ထိုအရှင်သည် မိမိ၏ဆန်ကောဖြင့် ဂျုံစပါးထဲမှအဖျင်းကို လှေ့ရန် အသင့်ရှိတော်မူပြီ။ ထို့နောက် ကောက်နယ်တလင်းကို ရှင်းလင်း၍ ဂျုံစပါးကို ကျီတွင် စုသိမ်းကာ အဖျင်းကိုမူ မငြိမ်းနိုင်သောမီးနှင့် ရှို့တော်မူလိမ့်မည်” ဟု ဆိုလေ၏။
နိုင်ငံတော်သားများဖြစ်သော အစ္စရေးလူမျိုးတို့မှာမူ အပြင်ဘက်မှောင်မိုက်သောအရပ်သို့ နှင်ထုတ်ခံကြရလိမ့်မည်။ ထိုနေရာ၌ သူတို့သည် အံကြိတ်၍ ငိုကြွေးရလိမ့်မည်” ဟု မိန့်တော်မူ၏။
အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့် ပရောဖက် အားလုံးတို့သည် ဘုရားသခင်၏နိုင်ငံတော်ထဲ၌ ရှိနေသည်ကို မြင်ရသော်လည်း သင်တို့သည် အပြင်သို့ နှင်ထုတ်ခြင်းခံရကြမည်။ ထိုနေရာ၌ သင်တို့သည် အံကြိတ်၍ ငိုကြွေးရလိမ့်မည်။
ဘုရားသခင်၏အမျက်တော်ဖလား ထဲ၌ ပြည့်လျှံစွာ လောင်းထည့်ထားသည့် အမျက်တော်စပျစ်ဝိုင်ကို သောက်ရမည်။ ထိုသူတို့သည် သန့်ရှင်းသောကောင်းကင်တမန်များနှင့် သိုးသငယ်တော်ရှေ့တွင် ကန့်နှင့်ရောသောမီးထဲ၌ ညှဉ်းဆဲခြင်းကို ခံရလိမ့်မည်။
သို့ရာတွင် သားရဲသည် မိမိကိုယ်စား နိမိတ်လက္ခဏာများပြသော ပရောဖက်အတုအယောင်နှင့်အတူ ဖမ်းဆီးခံရ၏။ ထိုပရောဖက်မှာ သားရဲ၏အမှတ်တံဆိပ်ကို ခံယူကြလျက် သားရဲ၏ရုပ်တုကို ကိုးကွယ်ကြသောသူတို့အား ထိုနိမိတ်လက္ခဏာများဖြင့် လှည့်ဖြားသူဖြစ်၏။ သူတို့နှစ်ဦးသည် ကန့်နှင့် လောင်သောမီးအိုင်ထဲသို့ အရှင်လတ်လတ် ပစ်ချခံကြရ၏။
သူတို့ကို လှည့်ဖြားသောမာရ်နတ်သည်လည်း သားရဲနှင့် ပရောဖက်အတုအယောင်တို့ ပစ်ချခံရသည့် ကန့်နှင့် လောင်သောမီးအိုင်ထဲသို့ ပစ်ချခံရ၏။ သူတို့သည် နေ့ညမပြတ် အစဉ်ထာဝရ ညှဉ်းဆဲခြင်းကို ခံကြရလိမ့်မည်။
သို့ရာတွင် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသူများ၊ လူသတ်သမားများ၊ တရားနှင့်မညီသော မေထုန်ကို ပြုသူများ၊ ပြုစားတတ်သူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သူများအားလုံးတို့သည် ကန့်နှင့် လောင်သောမီးအိုင်ထဲသို့ ပစ်ချခြင်းခံကြရမည်။ မီးအိုင်သည် ဒုတိယသေခြင်းဖြစ်၏” ဟုမိန့်တော်မူ၏။
သူသည် တွင်းနက်ကြီးကို ဖွင့်လိုက်သောအခါ မီးခိုးသည် မီးဖိုကြီးမှ ထွက်သည့်အလား တွင်းထဲမှ ထွက်လာ၏။ ထိုမီးခိုးကြောင့် နေနှင့် အာကာသမိုးကောင်းကင်သည် မှောင်မိုက်သွားလေ၏။