အခြားပုံဥပမာတစ်ခုကို မိန့်တော်မူသည်မှာ “ကောင်းကင်နိုင်ငံတော်၏ သဘောသဘာဝသည် ဤအဖြစ်အပျက်နှင့် တူ၏။ လယ်သမားတစ်ဦးသည် ကောင်းသောမျိုးစေ့ကို လယ်၌ ကြဲ၏။
မဿဲ 13:33 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အခြားပုံဥပမာတစ်ခုကို မိန့်တော်မူသည်မှာ “ကောင်းကင်နိုင်ငံတော်သည် အမျိုးသမီးတစ်ဦး မုန့်လုပ်ရာတွင် သုံးသည့်တဆေးနှင့်တူ၏။ ထိုအမျိုးသမီးက ဂျုံမှုန့်သုံးတင်းထဲသို့ တဆေးအနည်းငယ်ကိုသာ ထည့်သော်လည်း ထိုတဆေးသည် မုန့်အားလုံးကို ဖောင်းကြွစေသည်” ဟူ၍ ဖြစ်၏။ Common Language Bible ကိုယ်တော်သည်အခြားပုံဥပမာကိုဆောင်၍ မိန့်တော်မူပြန်၏။ ကိုယ်တော်က ``ကောင်းကင်နိုင်ငံ တော်သည်ဤအဖြစ်အပျက်နှင့်တူ၏။ အမျိုး သမီးတစ်ယောက်သည်တဆေးကိုယူပြီးလျှင် မုန့်ညက်တစ်တင်းတွင်ထည့်သဖြင့်မုန့်ညက်အား လုံးကိုဖောင်းကြွစေ၏'' ဟုမိန့်တော်မူသည်။ Garrad Bible အ ခြား သော ဥ ပ မာ ကို မိန့် တော် မူ သည် မှာ ကောင်း ကင် နိုင် ငံ တော် သည် မုန့် ညက် သုံး စိတ် အား လုံး ပေါက် သည့် တိုင် အောင် မိန်း မ ယူ၍ ခတ် သော တ ဆေး နှင့် တူ သည် ဟု မိန့် တော် မူ၏။ Judson Bible အခြားသောဥပမာစကားကို မိန့်မြွက်တော်မူသည်ကား၊ ကောင်းကင်နိုင်ငံတော်သည် တဆေးနှင့်တူ၏။ မိန်းမသည် တဆေးကိုယူ၍ မုန့်ညက်သုံးတင်း၌ထည့်သဖြင့်၊ မုန့်ညက်ရှိသမျှကို ဖောင်းကြွစေတတ်သည်ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း အခြားသောပုံဥပမာကို သူတို့အား မြွက်ဆိုတော်မူသည်မှာ“ကောင်းကင်နိုင်ငံတော်သည် တဆေးနှင့်တူ၏။ အမျိုးသမီးတစ်ဦးသည် ၎င်းကိုယူ၍ ဂျုံမှုန့်သုံးစိတ်ထဲတွင်ထည့်လိုက်သော် မုန့်ညက်တစ်ပုံလုံးကိုဖောင်းပွစေ၏”ဟု မိန့်တော်မူ၏။ မြန်မာ အခြားသောဥပမာစကားကို မိန့်မြွက်တော်မူသည်ကား၊ ကောင်းကင်နိုင်ငံတော်သည် တဆေးနှင့်တူ၏။ မိန်းမသည် တဆေးကိုယူ၍ မုန့်ညက်သုံးတင်း၌ထည့်သဖြင့်၊ မုန့်ညက်ရှိသမျှကို ဖောင်းကြွစေတတ်သည်ဟု မိန့်တော်မူ၏။ |
အခြားပုံဥပမာတစ်ခုကို မိန့်တော်မူသည်မှာ “ကောင်းကင်နိုင်ငံတော်၏ သဘောသဘာဝသည် ဤအဖြစ်အပျက်နှင့် တူ၏။ လယ်သမားတစ်ဦးသည် ကောင်းသောမျိုးစေ့ကို လယ်၌ ကြဲ၏။
အကယ်၍ သခင်ဘုရားသည် ထိုနေ့ရက်ကာလများကို တိုတောင်းစေတော်မမူလျှင် မည်သူမျှ အသက်ဘေးမှ လွတ်နိုင်မည်မဟုတ်။ သို့ရာတွင် ကိုယ်တော်သည် မိမိရွေးချယ်ထားတော်မူသောသူများအတွက် ထိုနေ့ရက်များကို တိုတောင်းစေတော်မူမည်။
တဆေးနှင့်တူ၏။ အမျိုးသမီးတစ်ဦးသည် ဂျုံမှုန့်သုံးတင်းထဲသို့ တဆေးအနည်းငယ်ကိုယူ၍ ထည့်သဖြင့် မုန့်အားလုံးကို ဖောင်းကြွစေ၏” ဟု မိန့်တော်မူ၏။
ခမည်းတော်သည် စပျစ်ပင်ဖြစ်သော ငါ၌ အသီးမသီးသည့်အကိုင်းအခက်ရှိသမျှကို ခုတ်ပစ်တော်မူ၏။ အသီးသီးသောအကိုင်းအခက်ရှိသမျှကိုမူ ပို၍ အသီးသီးစေနိုင်ရန် ဖြတ်ညှပ်ရှင်းလင်းတော်မူ၏။
သင်တို့အထဲတွင် ကောင်းသောအမှုကို စတင်ဆောင်ရွက်တော်မူသော ဘုရားသခင်သည် ယေရှုခရစ်တော် ပြန်ကြွလာသည့် နေ့ရက်တိုင်အောင် ထိုအမှုကို ပြီးမြောက်သည်အထိ ဆက်၍ ပြုတော်မူမည်ဟု ကျွန်ုပ်စိတ်ချယုံကြည်ပါ၏။
သင်တို့၏ ချစ်ခြင်းမေတ္တာသည် အသိပညာ၊ ထိုးထွင်းဉာဏ်တို့နှင့်တကွ တိုးသည်ထက် တိုးလာရန် ကျွန်ုပ် အစဉ်ဆုတောင်းပါ၏။
ကျွန်ုပ်တို့၏ သခင်နှင့် ကယ်တင်ရှင် ယေရှုခရစ်တော်ကို သိကျွမ်းခြင်း၌လည်းကောင်း၊ ကျေးဇူးတော်၌လည်းကောင်း ကြီးထွားကြလော့။ ကိုယ်တော်သည် ယခုမှစ၍ ထာဝရကာလပတ်လုံး ဘုန်းကြီးတော်မူပါစေသော။ အာမင်။ ရှင်ပေတရုဩဝါဒစာဒုတိယစောင် ပြီးပါပြီ။