ငါ့ကိုချစ်သည်ထက် မိမိ၏ဖခင်၊ သို့မဟုတ် မိခင်ကို ပို၍ချစ်သောသူသည် ငါ့တပည့်ဖြစ်ရန် မထိုက်တန်ပါ။ ငါ့ကိုချစ်သည်ထက် မိမိ၏သားသမီးကို ပို၍ချစ်သောသူသည်လည်း ငါ့တပည့်ဖြစ်ရန် မထိုက်တန်ပါ။
မဿဲ 12:48 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ငါ့မိခင်သည် မည်သူနည်း။ ငါ့ညီများသည် မည်သူတို့နည်း” ဟု မေးတော်မူ၏။ Common Language Bible ကိုယ်တော်က ``ငါ့အမိကားမည်သူနည်း။ ငါ့ညီ၊ ငါ့အစ်ကိုများကားမည်သူနည်း'' ဟုပြန်၍ မေးတော်မူ၏။- Garrad Bible ငါ့ အ မိ ငါ့ ညီ တို့ ကား မည် သူ နည်း ဟု မေး တော် မူ ပြီး လျှင် Judson Bible ကိုယ်တော်က၊ ငါ့အမိ၊ ငါ့ညီကား အဘယ်သူနည်းဟု မေးတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကလည်း“မည်သူသည် ငါ့အမိဖြစ်ပြီး မည်သူတို့သည် ငါ့ညီများဖြစ်ကြသနည်း”ဟု မိမိထံလျှောက်ထားသောသူကို ပြန်၍မိန့်တော်မူ၏။ မြန်မာ ကိုယ်တော်က၊ ငါ့အမိ၊ ငါ့ညီကား အဘယ်သူနည်းဟု မေးတော်မူ၏။- |
ငါ့ကိုချစ်သည်ထက် မိမိ၏ဖခင်၊ သို့မဟုတ် မိခင်ကို ပို၍ချစ်သောသူသည် ငါ့တပည့်ဖြစ်ရန် မထိုက်တန်ပါ။ ငါ့ကိုချစ်သည်ထက် မိမိ၏သားသမီးကို ပို၍ချစ်သောသူသည်လည်း ငါ့တပည့်ဖြစ်ရန် မထိုက်တန်ပါ။
လူတစ်ယောက်က ယေရှုအား “သခင်၏ မယ်တော်နှင့် ညီတော်တို့သည် သခင့်အား စကားပြောလို၍ အပြင်တွင် ရပ်စောင့်နေကြပါသည်” ဟု လျှောက်လေ၏။
ထို့နောက် လက်တော်ကို တပည့်တော်များထံသို့ ညွှန်ပြတော်မူပြီးလျှင် “ကြည့်ရှုကြလော့။ ဤလူတို့သည် ငါ့မိခင်နှင့် ငါ့ညီများ ဖြစ်ကြ၏။
ယေရှုကလည်း “အဘယ်ကြောင့် အကျွန်ုပ်ကို ရှာကြသနည်း။ အကျွန်ုပ်သည် ခမည်းတော်၏အိမ်တော်၌ ရှိနေရမည်ကို မသိကြသလော” ဟု ပြန်ဖြေလေ၏။
ယေရှုသည်လည်း ခန္ဓာကာယနှင့် ဉာဏ်ပညာဖွံ့ဖြိုး၍ ဘုရားသခင်ရှေ့၊ လူတို့ရှေ့တွင် မျက်နှာရတော်မူ၏။
ထို့ကြောင့် ယခုမှစ၍ ကျွန်ုပ်တို့သည် မည်သူ့ကိုမျှ လောကီရှုထောင့်မှ အကဲမဖြတ်ကြတော့ပေ။ တစ်ချိန်က ကျွန်ုပ်တို့သည် ခရစ်တော်ကို လောကီရှုထောင့်မှ အကဲဖြတ်ခဲ့ကြသော်လည်း ယခုတွင်မူ ထိုသို့အကဲမဖြတ်ကြတော့ပေ။