သင်တို့အား ငါအမှန်ဆို၏။ အမျိုးသမီးများမှ မွေးဖွားသောသူများထဲတွင် နှစ်ခြင်းဆရာယောဟန်ထက် ကြီးမြတ်သောသူ မရှိပါ။ သို့သော်လည်း ကောင်းကင်နိုင်ငံတော်တွင် အသေးနုပ်ဆုံးသောသူသည် ယောဟန်ထက် ကြီးမြတ်၏။
မဿဲ 11:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း နှစ်ခြင်းဆရာယောဟန် စတင်ဟောပြောချိန်မှစ၍ ယခုတိုင်အောင် ကောင်းကင်နိုင်ငံတော်သည် အတင်းတိုးဝင်ခြင်းခံရ၏။ ထိုအတင်းတိုးဝင်ကြသောသူတို့က နိုင်ငံတော်ကို လုယူသိမ်းပိုက်ကြ၏။ Common Language Bible ဗတ္တိဇံဆရာယောဟန်စတင်ဟောပြောချိန်မှ အစပြု၍ ယနေ့တိုင်အောင်ကောင်းကင်နိုင်ငံ တော်သည် အကြမ်းဖက်သမားတို့၏တိုက်ခိုက် မှုကိုခံရ၏။ အကြမ်းဖက်သမားတို့သည်ထို နိုင်ငံတော်ကိုသိမ်းယူရန်ကြိုးစားကြ၏။- Garrad Bible ဗ တ္တိ ဇံ ဆ ရာ ယော ဟန့် လက် ထက် မှ ယ ခု တိုင် ကောင်း ကင် နိုင် ငံ တော် သည် အ နိုင့် အ ထက် ပြု ခြင်း ကို ခံ ရ သည့် အ လျောက် အ နိုင့် အ ထက် ပြု သူ တို့ သိမ်း ယူ ကြ သည် တ ကား။ Judson Bible ဗတ္တိဇံဆရာယောဟန်လက်ထက်မှစ၍ ယခုတိုင်အောင် ကောင်းကင်နိုင်ငံတော်ကို အနိုင်အထက်ပြုကြ၏။ အနိုင်အထက်ပြုသောသူတို့သည်လည်း လုယူဝင်စားရကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ဗတ္တိဇံဆရာယောဟန်လက်ထက်မှ ယခုတိုင်အောင် ကောင်းကင်နိုင်ငံတော်သည် အတင်းတိုးဝင်ခြင်းကိုခံရလျက် အတင်းတိုးဝင်သောသူတို့သည် ၎င်းကိုလုယူဝင်စားကြ၏။ မြန်မာ ဗတ္တိဇံဆရာယောဟန်လက်ထက်မှစ၍ ယခုတိုင်အောင် ကောင်းကင်နိုင်ငံတော်ကို အနိုင်အထက်ပြုကြ၏။ အနိုင်အထက်ပြုသောသူတို့သည်လည်း လုယူဝင်စားရကြ၏။- |
သင်တို့အား ငါအမှန်ဆို၏။ အမျိုးသမီးများမှ မွေးဖွားသောသူများထဲတွင် နှစ်ခြင်းဆရာယောဟန်ထက် ကြီးမြတ်သောသူ မရှိပါ။ သို့သော်လည်း ကောင်းကင်နိုင်ငံတော်တွင် အသေးနုပ်ဆုံးသောသူသည် ယောဟန်ထက် ကြီးမြတ်၏။
အဘယ်ကြောင့်ဆိုသော် ယောဟန်ပေါ်ထွန်းလာသည့်အချိန်တိုင်အောင် ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းများသည် လက်ရှိအချိန်အကြောင်းကို ကြိုတင်ဟောပြောသောကြောင့်ဖြစ်၏။
ယေရှုက “ဘုရားသခင်အလိုတော်ရှိသော အရာအားလုံးကို လုပ်ဆောင်ကြရမည်ဖြစ်သောကြောင့် ယခု ငါ့ကို နှစ်ခြင်းမင်္ဂလာ ပေးလော့” ဟု မိန့်တော်မူ၏။ ထိုအခါ ယောဟန်သည် ယေရှုအား နှစ်ခြင်းမင်္ဂလာပေးရန် သဘောတူလေ၏။
ယေရှုက “ကျဉ်းမြောင်းသောတံခါးကို ဝင်နိုင်ရန် ကြိုးစားအားထုတ်ကြလော့။ သင်တို့အား ငါပြောဆိုသည်မှာ များစွာသောလူတို့သည် ဝင်နိုင်ရန် ကြိုးပမ်းကြသော်လည်း မတတ်နိုင်ကြပေ။
မောရှေ၏ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းများကို နှစ်ခြင်းဆရာယောဟန် မပေါ်မီတိုင်အောင် သွန်သင်လျက်ရှိ၏။ သို့သော် ယောဟန်အချိန်မှစ၍ ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သောသတင်းကောင်းကို ဟောပြောကြ၏။ လူတို့သည်လည်း ထိုနိုင်ငံတော်သို့ အတင်းတိုးဝင်ကြ၏။
ထိုသို့ စောင့်နေရခြင်းမှာ ဘုရားသခင်၏ ကောင်းကင်တမန်တစ်ပါးသည် အချိန်တန်လျှင် ရေကန်သို့ဆင်း၍ ရေကို လှုပ်ရှားစေတတ်သောကြောင့်ဖြစ်၏။ ရေလှုပ်ရှားပြီးနောက် ရေထဲသို့ အဦးဆုံးဆင်းနိုင်သူသည် မိမိခံစားရသမျှသော ရောဂါများမှ ကင်းလွတ်တတ်၏။)
ပုပ်သိုးပျက်စီးတတ်သောအစားအစာများအတွက် မကြိုးပမ်းကြနှင့်။ လူသားပေးတော်မူမည့် ထာဝရအသက်အတွက်သာ ကြိုးပမ်းကြလော့။ အဘယ်ကြောင့်ဆိုသော် လူသားသည် ခမည်းတော်ဘုရားသခင်၏ တံဆိပ်ခတ်နှိပ်ခြင်းကို ခံရသောသူဖြစ်သောကြောင့်ပင်” ဟု မိန့်တော်မူ၏။
ထို့ကြောင့် ချစ်ရသောသူတို့… သင်တို့သည် ကျွန်ုပ်သင်တို့နှင့်အတူ ရှိသောအချိန်၌သာမက အထူးသဖြင့် ယခုကျွန်ုပ်မရှိသောအချိန်၌လည်း ဘုရားသခင်ကို အမြဲတစေ နာခံခဲ့ကြ၏။ ထိုနည်းတူ ကြောက်ရွံ့ရိုသေသောစိတ်ဖြင့် မိမိတို့သည် ကယ်တင်ခံရပြီးသောသူများဖြစ်ကြောင်း ပေါ်လွင်စေရန် ကြိုးစားအားထုတ်ကြလော့။