အာဗြဟံနှင့် ဒါဝိဒ်မင်းတို့ထံမှ ဆင်းသက်တော်မူသော ယေရှုခရစ်တော်၏ဆွေစဉ်မျိုးဆက်စာရင်းမှာ အောက်ပါအတိုင်းဖြစ်၏။
မဿဲ 1:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အာဗြဟံ၏သားသည် ဣဇာက်ဖြစ်၏။ ဣဇာက်သား ယာကုပ်ဖြစ်၏။ ယာကုပ်၏သားများမှာ ယုဒနှင့် ညီအစ်ကိုများဖြစ်ကြ၏။ Common Language Bible အာဗြဟံ၏သားသည်ဣဇာက်၊ ဣဇာက်၏သားမှာယာကုပ်၊ ယာကုပ်၏သားများကားယုဒနှင့်ညီများဖြစ်၏။- Garrad Bible ဣ ဇာက် သား ယာ ကုပ်၊ ယာ ကုပ် သား ယု ဒ နှင့် ညီ အစ် ကို များ၊ Judson Bible အာဗြဟံသား ဣဇာက်။ ဣဇာက်သား ယာကုပ်။ ယာကုပ်သား ယုဒမှစ၍ ညီနောင်တစ်စု။- မြန်မာ့စံမီသမ္မာကျမ်း အာဗြဟံသည် သားဣဇက်ကိုရ၏။ ဣဇက်သည် သားယာကုပ်ကိုရ၏။ ယာကုပ်သည် သားယုဒနှင့်သူ၏ညီအစ်ကိုများကိုရ၏။ မြန်မာ အာဗြဟံသား ဣဇာက်။ ဣဇာက်သား ယာကုပ်။ ယာကုပ်သား ယုဒမှစ၍ ညီနောင်တစ်စု။- |
အာဗြဟံနှင့် ဒါဝိဒ်မင်းတို့ထံမှ ဆင်းသက်တော်မူသော ယေရှုခရစ်တော်၏ဆွေစဉ်မျိုးဆက်စာရင်းမှာ အောက်ပါအတိုင်းဖြစ်၏။
ယုဒနှင့် ဇနီးတာမာတို့၏ သားများမှာ ဖာရက်နှင့်ဇာရတို့ ဖြစ်ကြ၏။ ဖာရက်သား ဟေဇရုံဖြစ်၏။ ဟေဇရုံသား အာရံဖြစ်၏။
ထို့နောက် ဘုရားသခင်သည် အာဗြဟံအား အရေပြားလှီးခြင်းမင်္ဂလာနှင့်ဆိုင်သော ပဋိညာဉ်ကို ပေးတော်မူ၏။ ထို့ကြောင့် အာဗြဟံသည် သားဣဇာက်ကို ရ၍ သူ့အား ရှစ်ရက်မြောက်သောနေ့တွင် အရေပြားလှီးခြင်းမင်္ဂလာကို ပြုပေးလေ၏။ ဣဇာက်သည် သားယာကုပ်ကို ရပြီး ယာကုပ်သည်လည်း သားဆယ့်နှစ်ယောက်ကို ရ၏။ ထိုသားများမှာ မျိုးနွယ်စုဆယ့်နှစ်စု၏ဖခင်များဖြစ်ကြ၏။
မြုံသောစာရာသည် အသက်အရွယ်လွန်သော်လည်း ယုံကြည်ခြင်းဖြင့် ကိုယ်ဝန်ဆောင်နိုင်ခွင့်ကို ရရှိခဲ့၏။ အဘယ်ကြောင့်ဆိုသော် ကတိထားတော်မူသောအရှင်မှာ သစ္စာရှိသည်ဟု သူမှတ်ယူသောကြောင့် ဖြစ်၏။
ကျွန်ုပ်တို့၏ သခင်သည် ယုဒအနွယ်မှ ဆင်းသက်တော်မူကြောင်းထင်ရှား၏။ မောရှေသည် ထိုယုဒအနွယ်မှ ယဇ်ပုရောဟိတ်ပေါ်ထွန်းမည်ဟု မည်သည့်အခါမျှ မပြောခဲ့ပေ။
ယုဒအနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊ ရုဗင်အနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊ ဂဒ်အနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊