ဗျာဒိတ် 3:22 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဝိညာဉ်တော်သည် အသင်းတော်တို့အား မိန့်တော်မူသောစကားကို နားရှိသောသူသည် ကြား၍ နားလည်ပါစေ။” Common Language Bible ``အသင်းတော်တို့အားဝိညာဉ်တော်မိန့်တော်မူ သောစကားများကိုကြားတတ်သောနားရှိသူ တို့ကြားပါစေ။ Garrad Bible အ သင်း တော် တို့ အား ဝိ ညာဉ် တော် ဆင့် ဆို ရာ ကို နား ရှိ သူ ကြား နာ စေ ဟု မိန့် တော် မူ ကြောင်း ရေး လော့ ဟူ၍ တည်း။ Judson Bible ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူမည်သည်ကား ကြားပါစေဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ”ဟု မိန့်တော်မူ၏။ |
ထို့နောက် ယုဒပြည်၊ ဂါလိလဲပြည်နှင့် ရှမာရိပြည်တစ်လျှောက်၌ အသင်းတော်သည် ငြိမ်းချမ်း၍ တည်တံ့ခိုင်မြဲလာ၏။ သခင်ဘုရားကို ကြောက်ရွံ့ခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်၏နှစ်သိမ့်အားပေးခြင်းတို့ဖြင့် ရှင်သန်၍ အသင်းသားအရေအတွက်သည်လည်း တိုးပွားလာ၏။
ဝိညာဉ်တော်သည် အသင်းတော်တို့အား မိန့်တော်မူသောစကားကို နားရှိသောသူသည် ကြား၍ နားလည်ပါစေ။ အောင်မြင်သောသူသည် ဒုတိယသေခြင်းဝေဒနာကို ခံစားရမည်မဟုတ်။
ဝိညာဉ်တော်သည် အသင်းတော်တို့အား မိန့်တော်မူသောစကားကို နားရှိသောသူသည် ကြား၍ နားလည်ပါစေ။ ငါသည် အောင်မြင်သောသူအား ဝှက်ထားသောမန္နမုန့်ကိုပေးမည်။ ဖြူသောကျောက်တစ်လုံးကိုလည်းပေးမည်။ ထိုကျောက်ပေါ်တွင် နာမည်အသစ်ကို ရေးထွင်းထားပြီး ထိုကျောက်ကို လက်ခံသည့်သူမှလွဲ၍ မည်သူမျှ ထိုနာမည်သစ်ကို မသိရ။
ဝိညာဉ်တော်သည် အသင်းတော်တို့အား မိန့်တော်မူသောစကားကို နားရှိသောသူသည် ကြား၍ နားလည်ပါစေ။ ငါသည် အောင်မြင်သောသူတို့ကို ဘုရားသခင်၏ ပရဒိသုဘုံ၌ရှိသော အသက်ပင်၏အသီးကို စားခွင့်ပေးမည်။
ငါယေရှုသည် အသင်းတော်များ၌ရှိသော သင်တို့အား ဤအကြောင်းအရာများကို သက်သေခံရန် ငါ၏ ကောင်းကင်တမန်ကို စေလွှတ်ထား၏။ ငါသည် ဒါဝိဒ်၏အမြစ်၊ ဒါဝိဒ်၏ အမျိုးဖြစ်၏။ တောက်ပသောမိုးသောက်ကြယ်လည်းဖြစ်၏” ဟု မိန့်တော်မူ၏။
ဝိညာဉ်တော်သည် အသင်းတော်တို့အား မိန့်တော်မူသောစကားကို နားရှိသောသူသည် ကြား၍ နားလည်ပါစေ။
ဝိညာဉ်တော်သည် အသင်းတော်တို့အား မိန့်တော်မူသောစကားကို နားရှိသောသူသည် ကြား၍ နားလည်ပါစေ။