ယေရှုက “စိတ်အားငယ်၍ ဘုရားသခင်ကို လိုအပ်ကြောင်းသိမြင်သောသူတို့သည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်သောကြောင့်ပင်။
ဗျာဒိတ် 3:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်က ‘ငါသည် ချမ်းသာ၍ ကြွယ်ဝသောကြောင့် မည်သည့်အရာကိုမျှ မလို’ ဟု ဆို၏။ သို့သော် သင်သည် စက်ဆုပ်ရွံရှာဖွယ်ကောင်းသူ၊ သနားစရာကောင်းသူ၊ ဆင်းရဲသောသူ၊ မျက်စိမမြင်သောသူ၊ အဝတ်မပါသောသူဖြစ်ကြောင်းကို မသိ။ Common Language Bible ``ငါသည်ချမ်းသာကြွယ်ဝ၏။ ငါ့မှာလိုလေ သေးမရှိ'' ဟုသင်ဆို၏။ သို့ရာတွင်မိမိသည် အဘယ်မျှဆင်းရဲငြိုငြင်သနားစရာကောင်း သည်ကိုသင်သိ၏။ သင်သည်ချို့တဲ့လျက်၊ မျက် စိကန်းလျက်အဝတ်အချည်းစည်းဖြစ်လျက် နေပါသည်တကား။- Garrad Bible စည်း စိမ် ချမ်း သာ ရ လျက် ကြွယ် ဝ ပြီ၊ လို ဖွယ် မ ရှိ ဟု သင် ဆို ရာ ကိုယ် တိုင် ဒု က္ခ ရောက်၍ သ နား ဖွယ် ကောင်း သော ခြုံ ရာ မဲ့၊ မျက် မ မြင် သူ ဆင်း ရဲ ဖြစ် ကြောင်း မ သိ သော ကြောင့်၊ Judson Bible သင်ကလည်း၊ ငါသည် ဥစ္စာရတတ်၏။ ဘဏ္ဍာများကို ဆည်းပူးပြီ။ တစ်စုံတစ်ခုကိုမျှမလိုဟုပြောဆို၍ ကိုယ်တိုင်ပင်ပန်းခြင်း၊ သနားဖွယ်ဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်းခြင်း၊ အဝတ်အချည်းစည်းရှိခြင်း ဖြစ်သည်ကို မသိပါတကား။- မြန်မာ့စံမီသမ္မာကျမ်း သင်က ‘ငါသည် ချမ်းသာ၍ကြွယ်ဝသောကြောင့် မည်သည့်လိုအပ်ချက်မျှမရှိ’ဟု ဆိုနေ၏။ သို့သော် သင်သည် အလွန်စိတ်ပျက်ဖွယ်ကောင်းသောသူ၊ သနားစရာကောင်းသောသူ၊ ဆင်းရဲသောသူ၊ မျက်စိမမြင်သောသူနှင့် အဝတ်မပါအချည်းစည်းဖြစ်သောသူဖြစ်ကြောင်းကို သင်မသိ။ |
ယေရှုက “စိတ်အားငယ်၍ ဘုရားသခင်ကို လိုအပ်ကြောင်းသိမြင်သောသူတို့သည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်သောကြောင့်ပင်။
ထိုသို့မေးကြသည်ကို ယေရှုကြားတော်မူလျှင် “ကျန်းမာသောသူတို့သည် ဆရာဝန်ကိုမလိုအပ်ပါ။ ဖျားနာသောသူတို့သာလျှင် လိုအပ်ကြ၏။
ဆာလောင်မွတ်သိပ်သောသူတို့ကို ကောင်းမွန်စွာကျွေးမွေး၍ ချမ်းသာကြွယ်ဝသောသူတို့ကို လက်ဗလာဖြင့် ပြန်လွှတ်တော်မူ၏။
သို့ရာတွင် ချမ်းသာသောသင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် မိမိတို့ခံစားရမည့် နှစ်သိမ့်မှုကို ရရှိပြီးဖြစ်သောကြောင့်ပင်။
မှန်ပေ၏။ သူတို့သည် ခရစ်တော်ကို မယုံကြည်သောကြောင့် ခုတ်ဖြတ်ခြင်းခံရပြီး သင်ကမူ ယုံကြည်သောကြောင့် တည်နေ၏။ ထို့ကြောင့် မာနမထောင်လွှားဘဲ ကြောက်ရွံ့လော့။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် မိမိကိုယ်ကိုယ် ပညာရှိလှသည်ဟူ၍ မထင်မှတ်စေရန် ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအရာကို သင်တို့အား ကျွန်ုပ်နားလည်စေလို၏။ ထိုလျှို့ဝှက်နက်နဲသောအရာမှာ အစ္စရေးလူမျိုးတချို့၏ စိတ်နှလုံးသည် အစဉ်မာကျောနေမည်မဟုတ်ဘဲ ခရစ်တော်ထံ ရောက်လာမည့် လူမျိုးခြားအရေအတွက် ပြည့်စုံလာသည်အထိသာ ဖြစ်လိမ့်မည်။
ကျွန်ုပ်အား ဘုရားသခင်ပေးအပ်တော်မူသော တမန်တော်ဖြစ်ခြင်း အခွင့်ထူးဖြင့် သင်တို့တစ်ဦးချင်းကို ကျွန်ုပ်ပြောလိုသည်မှာ သင်တို့သည် ကိုယ့်ကိုယ်ကိုယ် ထင်သင့်သည်ထက် ပို၍ အထင်မကြီးကြနှင့်။ မိမိတို့အတွက် ဘုရားသခင်ခွဲဝေပေးသနားတော်မူသော ယုံကြည်ခြင်းပမာဏအတိုင်း ကိုယ့်ကိုယ်ကိုယ် မှန်ကန်ရိုးသားစွာ သုံးသပ်ကြလော့။
ဪ… စိတ်ပျက်ဖွယ်ကောင်းလေစွ။ သေခြင်းတရားကြီးစိုးသော ဤဘဝမှ ကျွန်ုပ်ကို မည်သူကယ်တင်မည်နည်း။
သို့ရာတွင် ထိုအရည်အချင်းများမရှိသောသူသည် အဝေးမှုန်၍ မျက်စိမမြင်ဘဲ ယခင်က ကျူးလွန်ခဲ့သောအပြစ်များအတွက် စင်ကြယ်စေခြင်းခံရသည်ကိုပင် မေ့လျော့နေ၏။
“ကြည့်လော့။ သူခိုးကဲ့သို့ ငါလာမည်။ သို့ဖြစ်၍ အဝတ်မပါဘဲ သွားလာသဖြင့် အရှက်ကွဲခြင်းမျိုး မဖြစ်စေရန် မိမိ၏ အဝတ်ကို အသင့်ဝတ်ဆင်လျက် နိုးကြားနေသောသူသည် မင်္ဂလာရှိ၏။”
သင်၏ဒုက္ခဝေဒနာနှင့်ဆင်းရဲခြင်းကို ငါသိ၏။ အမှန်စင်စစ် သင်သည် ချမ်းသာ၏။ မိမိကိုယ်မိမိ ဂျူးဖြစ်သည်ဟု ဆိုကြသော်လည်း ဂျူးမဟုတ်ဘဲ စာတန်၏အသင်းဝင်များဖြစ်ကြသောသူတို့က သင့်အား အသရေဖျက်ပြောဆိုသည်ကိုလည်း ငါသိ၏။
သို့သော် သင်သည် အအေးမဟုတ်၊ အပူမဟုတ်၊ နွေးရုံသာ ရှိသောကြောင့် ငါသည် သင့်ကို ငါ၏ခံတွင်းမှ ထွေးထုတ်တော့မည်။