၎င်းတွင် ကြီးမား၍ မြင့်မားသောမြို့ရိုးရှိပြီး တံခါးဆယ့်နှစ်ပေါက်ပါ၏။ တံခါးဝတို့တွင် ကောင်းကင်တမန်ဆယ့်နှစ်ပါးရှိပြီး တံခါးအသီးသီးပေါ်တွင် အစ္စရေးမျိုးနွယ်စု ဆယ့်နှစ်စုတို့၏ အမည်အသီးသီးကို ရေးထား၏။
ဗျာဒိတ် 21:25 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မြို့တံခါးများကို မပိတ်ဘဲ တစ်နေ့လုံးဖွင့်ထားလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုမြို့၌ ညဟူ၍ မရှိသောကြောင့်ဖြစ်၏။ Common Language Bible မြို့တံခါးတို့ကိုတစ်နေ့လုံးဖွင့်ထားလိမ့်မည်။ ထို မြို့၌ညအချိန်မရှိသဖြင့်မြို့တံခါးတို့ကို အဘယ်အခါ၌မျှပိတ်ထားလိမ့်မည်မဟုတ်။- Judson Bible မြို့တံခါးတို့ကို နေ့အချိန်၌ အလျှင်းမပိတ်တတ်။ ညမူကား မရှိ။- မြန်မာ့စံမီသမ္မာကျမ်း ထိုနေရာ၌ ညမရှိသောကြောင့် မြို့တံခါးများကို မည်သည့်နေ့ရက်တွင်မျှ ပိတ်ထားခြင်းမရှိ။ |
၎င်းတွင် ကြီးမား၍ မြင့်မားသောမြို့ရိုးရှိပြီး တံခါးဆယ့်နှစ်ပေါက်ပါ၏။ တံခါးဝတို့တွင် ကောင်းကင်တမန်ဆယ့်နှစ်ပါးရှိပြီး တံခါးအသီးသီးပေါ်တွင် အစ္စရေးမျိုးနွယ်စု ဆယ့်နှစ်စုတို့၏ အမည်အသီးသီးကို ရေးထား၏။
ကျွန်ုပ်နှင့် စကားပြောသောကောင်းကင်တမန်သည် ထိုမြို့၊ မြို့တံခါးနှင့် မြို့ရိုးတို့ကို တိုင်းထွာရန် ရွှေကျူရိုးကို ကိုင်ဆောင်ထား၏။
ဘုရားသခင်၏ဘုန်းအသရေတော်သည် အလင်းပေးတော်မူ၍ သိုးသငယ်တော်သည် ထိုမြို့၏ ဆီမီးသဖွယ် ဖြစ်သောကြောင့် မြို့သည် နေနှင့်လတို့၏အလင်းကို မလိုအပ်ပေ။
ညဟူ၍ ရှိတော့မည်မဟုတ်။ ဘုရားသခင်သည် အလင်းကို ပေးတော်မူမည်ဖြစ်၍ သူတို့သည် ဆီမီး၏အလင်းနှင့် နေ၏အလင်းကို လိုအပ်တော့မည်မဟုတ်။ သူတို့သည် အစဉ်ထာဝရ အုပ်စိုးကြလိမ့်မည်။