ဗိမာန်တော်သည်လည်း ဘုရားသခင်၏ ဘုန်းအသရေနှင့် တန်ခိုးတော်တို့၏ အခိုးအငွေ့များဖြင့် ပြည့်နှက်နေ၏။ ကောင်းကင်တမန်ခုနှစ်ပါးတို့၏ ဘေးဒဏ်ခုနစ်ပါး မပြီးဆုံးမီအထိ ဗိမာန်တော်ထဲသို့ မည်သူမျှ မဝင်ကြရ။
ဗျာဒိတ် 21:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုမြို့သည် ဘုရားသခင်၏ ဘုန်းအသရေတော်နှင့် ထွန်းတောက်ပြီး ၎င်း၏ ထွန်းလင်းတောက်ပမှုသည် ကျောက်သလင်းသဖွယ် ကြည်လင်သည့် နဂါးသွဲ့ကဲ့သို့ အလွန်အဖိုးတန်သောကျောက်မျက်ရတနာနှင့်တူ၏။ Common Language Bible ထိုမြို့သည်ဘုရားသခင်၏ဘုန်းအသရေတော် နှင့်ထွန်းလင်း၍ကျောက်သလင်းသဖွယ်ကြည်လင် သည့်နဂါးသွဲ့ကျောက်မျက်ရတနာကဲ့သို့ အရောင်အဝါတောက်ပလျက်နေ၏။- Garrad Bible မြို့ တော် သည် ဘု ရား သ ခင့် ဘုန်း တော် နှင့် ပြည့် သ ဖြင့် အ လွန် မြတ် သော စိန် ကျောက် ကြည် လင် သည် နှင့် အ မျှ တောက် ပ လေ၏။ Judson Bible ထိုမြို့၏ အရောင်အဝါသည်၊ ကျောက်သလင်း နဂါးသွဲ့ကဲ့သို့၊ အမြတ်ဆုံးသော ကျောက်မျက်မွန်နှင့် တူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုမြို့သည် ဘုရားသခင်၏ဘုန်းအသရေတော်နှင့်ပြည့်စုံ၍ ၎င်း၏အလင်းရောင်သည် ကျောက်မျက်ရတနာနှင့်တူပြီး ကျောက်သလင်းသဖွယ်ကြည်လင်သော နဂါးသွဲ့ကျောက်ကဲ့သို့ဖြစ်၏။ |
ဗိမာန်တော်သည်လည်း ဘုရားသခင်၏ ဘုန်းအသရေနှင့် တန်ခိုးတော်တို့၏ အခိုးအငွေ့များဖြင့် ပြည့်နှက်နေ၏။ ကောင်းကင်တမန်ခုနှစ်ပါးတို့၏ ဘေးဒဏ်ခုနစ်ပါး မပြီးဆုံးမီအထိ ဗိမာန်တော်ထဲသို့ မည်သူမျှ မဝင်ကြရ။
ထိုအခါ ကောင်းကင်တမန်သည် ကျောက်သလင်းကဲ့သို့ ကြည်လင်သည့် အသက်ရေစီးသောမြစ်ကို ကျွန်ုပ်အား ပြ၏။ ထိုမြစ်သည် ဘုရားသခင်နှင့် သိုးသငယ်တော်၏ ရာဇပလ္လင်မှ စီးထွက်၍
ညဟူ၍ ရှိတော့မည်မဟုတ်။ ဘုရားသခင်သည် အလင်းကို ပေးတော်မူမည်ဖြစ်၍ သူတို့သည် ဆီမီး၏အလင်းနှင့် နေ၏အလင်းကို လိုအပ်တော့မည်မဟုတ်။ သူတို့သည် အစဉ်ထာဝရ အုပ်စိုးကြလိမ့်မည်။
ထိုသူသည် နဂါးသွဲ့နှင့် ပတ္တမြားကဲ့သို့ တောက်ပနေ၏။ မြကဲ့သို့သောအဆင်းအရောင်ရှိသည့် သက်တံသည် ထိုပလ္လင်တော်ကို ဝန်းရံထား၏။
ရာဇပလ္လင်တော်ရှေ့၌ ကျောက်သလင်းကဲ့သို့ကြည်လင်၍ ဖန်ပင်လယ်ကဲ့သို့သောအရာရှိ၏။ ထိုပလ္လင်တော်အနီးနှင့် ပတ်လည်၌ သတ္တဝါလေးပါးရှိ၏။ သူတို့၏ခန္ဓာရှေ့နောက်တွင် မျက်စိများအပြည့်ရှိ၏။