သို့သော် လောတသည် သောဒုံမြို့မှ ထွက်ခွာသည့် နေ့ရက်၌ ကောင်းကင်မှ ကန့်နှင့်ရောသောမိုးမီး ရွာကျသဖြင့် သူတို့အားလုံးသည် သေကျေပျက်စီးကြ၏။
ဗျာဒိတ် 20:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် ကမ္ဘာမြေတစ်ခွင်လုံးသို့ ချီတက်လာကြပြီး သန့်ရှင်းသူတို့၏ စခန်းနှင့် ဘုရားသခင်ချစ်တော်မူသောမြို့ကို ဝိုင်းထားကြ၏။ ထိုအခါ ကောင်းကင်ဘုံမှ မီးကျလာ၍ သူတို့ကို လောင်ကျွမ်း၏။ Common Language Bible သူတို့သည်ကမ္ဘာအနှံ့အပြားသို့ချီတက်လာ ပြီးလျှင် ဘုရားသခင်၏တပ်စခန်းနှင့်ကိုယ်တော် နှစ်သက်မြတ်နိုးတော်မူသောမြို့ကြီးကိုဝိုင်း ကြ၏။ သို့ရာတွင်ကောင်းကင်မှမီးကျသဖြင့် သူတို့သည်ကျွမ်းလောင်ဖျက်ဆီးခြင်းခံရ ကြ၏။- Garrad Bible ထို လူ မျိုး တို့ သည် မြေ ကြီး တစ် လျှောက် ချီ လာ ပြီး လျှင် သီး သန့် ထား သူ တို့ တပ် စွဲ ရာ ချစ် ဖွယ် သော မြို့ တော် ကို ဝန်း ဝိုင်း စဉ် ကောင်း ကင် မှ ကျ သော လောင် မီး ဖြင့် ကျွမ်း ကြ ရ မည့် ပြင် လှည့် ဖြား သော မာ နတ် လည်း၊ Judson Bible ထိုသူများတို့သည် မြေကြီးမျက်နှာပေါ်သို့ တက်၍၊ သန့်ရှင်းသူတို့၏ တပ်ကိုလည်းကောင်း၊ ချစ်ဖွယ်သော မြို့တော်ကိုလည်းကောင်း၊ ဝိုင်းကြ၏။ ထိုအခါ ဘုရားသခင့်အထံတော်၊ ကောင်းကင်မှ မီးကျ၍ သူတို့ကိုမျိုလေ၏။- မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ကမ္ဘာမြေကြီး၏ကျယ်ပြန့်သောအရပ်သို့ချီတက်လာ၍ သန့်ရှင်းသူတို့၏စခန်းနှင့် ချစ်တော်မူသောမြို့ကို ဝိုင်းကြ၏။ ထိုအခါ ကောင်းကင်မှ မီးကျလာ၍ သူတို့ကိုလောင်ကျွမ်းလေ၏။ |
သို့သော် လောတသည် သောဒုံမြို့မှ ထွက်ခွာသည့် နေ့ရက်၌ ကောင်းကင်မှ ကန့်နှင့်ရောသောမိုးမီး ရွာကျသဖြင့် သူတို့အားလုံးသည် သေကျေပျက်စီးကြ၏။
သင်၏ရန်သူများသည် သင့်ပတ်လည်တွင် တပ်ချ၍ သင့်ကိုဝန်းရံလျက် အဘက်ဘက်မှ တိုက်ခိုက်သောအချိန် ရောက်လာလိမ့်မည်။
ဂျေရုဆလင်မြို့အား စစ်တပ်များဝန်းရံထားသည်ကို သင်တို့ မြင်တွေ့ရသောအခါ ထိုမြို့သည် ပျက်စီးချိန် နီးပြီဖြစ်ကြောင်း သိမှတ်ကြလော့။
တပည့်တော်များဖြစ်ကြသော ယာကုပ်နှင့် ယောဟန်တို့သည် ထိုအခြင်းအရာကို မြင်ကြသော် “သခင်… အကျွန်ုပ်တို့သည် ကောင်းကင်မှ မီးကျစေ၍ ထိုသူတို့ကို လောင်ကျွမ်းစေရန် အလိုရှိတော်မူသလော” ဟု မေးလျှောက်ကြ၏။
ဘုရားသခင်ကို မသိသောသူတို့နှင့် ကျွန်ုပ်တို့သခင်ယေရှု၏ သတင်းကောင်းကို မလိုက်နာသောသူတို့ကို စီရင်တော်မူလိမ့်မည်။
ထို့ကြောင့် ကျွန်ုပ်တို့သည် စခန်းအပြင်ဘက်သို့ ထွက်ကာ ကိုယ်တော်ထံ သွား၍ ကိုယ်တော်ခံရသော ကဲ့ရဲ့ရှုတ်ချခြင်းကို ခံကြစို့။
တစ်စုံတစ်ယောက်သည် သူတို့ကို အန္တရာယ်ပြုလိုလျှင် သူတို့၏ခံတွင်းမှ မီးထွက်လာ၍ ရန်သူကို လောင်ကျွမ်းစေလိမ့်မည်။ သူတို့ကို အန္တရာယ်ပြုလိုသောသူသည် ဤနည်းဖြင့် အသတ်ခံရမည်။
သူသည် နိမိတ်လက္ခဏာကြီးများကို ပြလျက် လူအပေါင်းတို့ရှေ့တွင် ကောင်းကင်ဘုံမှ မီးကိုပင် မြေကြီးပေါ်သို့ ကျစေ၏။