အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဗျာ​ဒိတ် 20:8 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

သူ​သည် ကမ္ဘာ့​အရပ်​လေးမျက်နှာ​၌ ရှိသော လူမျိုးများ​ဖြစ်ကြသည့် ဂေါဂ​နှင့် မာဂေါဂ​တို့​ကို လှည့်ဖြား​ရန်​နှင့် စစ်ပွဲ​အတွက် စုဝေး​ရန် ထွက်သွား​လိမ့်မည်။ သူတို့​၏ အရေအတွက်​သည် ပင်လယ်ကမ်းခြေ​ရှိ သဲပွင့်​နှင့်အမျှ များပြား၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ဂေါ​ဂ​နှင့်​မာ​ဂေါ​ဂ​ဟု​ခေါ်​သော​ကမ္ဘာ​အ​ရပ်​လေး မျက်​နှာ​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​အား မှောက်​မှား လမ်း​လွဲ​စေ​လျက်​စစ်​တိုက်​ရန်​စု​ဝေး​စေ​လိမ့်​မည်။ သူ​တို့​သည်​အ​ရေ​အ​တွက်​အား​ဖြင့် သ​မုဒ္ဒရာ သဲ​လုံး​နှင့်​အ​မျှ​များ​သ​တည်း။-

အခန်းကိုကြည့်ပါ။

Garrad Bible

ဂေါ ဂ၊ မာ ဂေါ ဂ ခေါ် မြေ ကြီး လေး စွန်း ရှိ လူ မျိုး များ ကို လှည့် ဖြား လျက် စစ် ပွဲ သို့ စု ရုံး စေ ခြင်း ငှါ ထွက် လိမ့် မည်။ သ မု ဒ္ဒ ရာ သဲ လုံး နှင့် အ မျှ များ ပြား သော၊

အခန်းကိုကြည့်ပါ။

Judson Bible

အ​ရေ​အ​တွက်​အား​ဖြင့် သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ များ​သော​ဂေါ​ဂ၊ မာ​ဂေါ​ဂ​တည်း​ဟူ​သော မြေ​ကြီး လေး​မျက်​နှာ​ပေါ်​မှာ​နေ​သော လူ​အ​မျိုး​မျိုး​တို့​ကို လှည့်​ဖြား​အံ့​သော​ငှာ​လည်း​ကောင်း၊ စစ်​တိုက်​ဖို့ စည်း​ဝေး​စေ​ခြင်း​ငှာ​လည်း​ကောင်း တက်​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ကမ္ဘာ​မြေကြီး​လေး​မျက်နှာ​ရှိ လူမျိုး​များ​ဖြစ်​ကြ​သည့် ဂေါဂ၊ မာဂေါဂ​ကို​လှည့်ဖြား​ရန်​နှင့် စစ်ပွဲ​အတွက် သူ​တို့​ကို​စုဝေး​စေရန် ထွက်သွား​လိမ့်မည်။ သူ​တို့​၏​အရေအတွက်​သည် သမုဒ္ဒရာ​သဲပွင့်​များ​နှင့်အမျှ​ရှိ​ကြ​၏။

အခန်းကိုကြည့်ပါ။



ဗျာ​ဒိတ် 20:8
17 ပူးပေါင်းရင်းမြစ်များ  

ဤသို့ဖြင့် မြောက်မြားစွာသော​ကောင်းကင်ကြယ်များ​နှင့် မရေမတွက်နိုင်သော ပင်လယ်ကမ်းခြေ​ရှိ သဲပွင့်များ​သဖွယ် မြောက်မြားစွာသော​သူတို့​သည် သေလူ​ကဲ့သို့ ဖြစ်နေသော လူတစ်ဦး​ထံမှ ဆင်းသက်လာကြ၏။


ထို​နဂါး​သည် တစ်ကမ္ဘာလုံး​ကို လှည့်ဖြားသည့် မာရ်နတ်၊ သို့မဟုတ် စာတန် ဟု​ခေါ်သော ရှေးမြွေဟောင်း​ဖြစ်ပြီး သူ​၏ တမန်များ​နှင့်အတူ ကမ္ဘာမြေ​ပေါ်သို့ ပစ်ချခံခဲ့ရ၏။


သူတို့​သည် နိမိတ်​လက္ခဏာများ​ကို ပြနိုင်သော နတ်ဆိုးတို့​၏​ဝိညာဉ်များ​ဖြစ်ကြ၏။ ၎င်းတို့​သည် အနန္တ​တန်ခိုးရှင် ဘုရားသခင်​၏ တရားစီရင်ရာ​နေ့ရက်ကြီး​တွင် ဆင်နွှဲမည့်​စစ်ပွဲ​အတွက် ကမ္ဘာတစ်ဝန်းလုံး​ရှိ ရှင်ဘုရင်များ​ကို စုဝေး​ရန် ထွက်ခွာသွားကြ၏။


သူတို့​ကို လှည့်ဖြားသော​မာရ်နတ်​သည်လည်း သားရဲ​နှင့် ပရောဖက်​အတုအယောင်တို့ ပစ်ချခံရသည့် ကန့်​နှင့် လောင်သော​မီးအိုင်​ထဲသို့ ပစ်ချခံရ၏။ သူတို့​သည် နေ့ည​မပြတ် အစဉ်​ထာဝရ ညှဉ်းဆဲခြင်း​ကို ခံကြရ​လိမ့်မည်။


နှစ်ပေါင်း​တစ်ထောင်​ကုန်ဆုံးသည်​အထိ လူမျိုးများ​ကို ထပ်မံ​မလှည့်ဖြားနိုင်တော့​ရန် သူ့​ကို တွင်းနက်ကြီး​ထဲသို့ ပစ်ချ​၍ ပိတ်လှောင်​ကာ တံဆိပ်ခတ်လေ၏။ နှစ်ပေါင်း​တစ်ထောင် ကုန်ဆုံးချိန်​တွင် သူ့​ကို ခေတ္တ​မျှ လွှတ်ထား​ရမည်။


ထို့နောက် ကမ္ဘာ​မြေကြီး​အရပ်လေးမျက်နှာ​တွင် ရပ်နေသော ကောင်းကင်တမန်​လေးပါး​ကို ကျွန်ုပ်​မြင်ရ၏။ သူတို့​သည် မြေကြီး၊ ပင်လယ်​နှင့် သစ်ပင်များ​ပေါ်သို့ လေမတိုက်​စေရန် အရပ်လေးမျက်နှာ​မှ လေတို့​ကို ထိန်းချုပ်​ထားကြ၏။