ထောင်ကျမည့် သူသည် ထောင်ချခံရလိမ့်မည်။ ဓားဖြင့် အသတ်ခံရမည့် သူသည်လည်း ဓားဖြင့် အသတ်ခံရလိမ့်မည်။ ဤအကြောင်းကြောင့် ဘုရားသခင်၏ သန့်ရှင်းသူတို့သည် သည်းခံ၍ ယုံကြည်ရန် ဖြစ်၏။
ဗျာဒိတ် 17:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယခင်က အသက်ရှင်ခဲ့သော်လည်း ယခု မရှင်တော့သည့် အနီရောင်သားရဲမှာ အဋ္ဌမမြောက်ဘုရင်ဖြစ်၏။ သူသည်လည်း အခြားဘုရင် ခုနစ်ပါးကဲ့သို့ပင် ပျက်စီးသွားမည့်သူဖြစ်၏။ Common Language Bible အခါတစ်ပါးကအသက်ရှင်ခဲ့၍ယခု အသက်မရှင်တော့သည့်သားရဲသည်အဋ္ဌမ မြောက်ဘုရင်ဖြစ်၏။ သူသည်ဘုရင်ခုနစ်ပါး တို့တွင်အပါအဝင်ဖြစ်၏။ သူသည်ကား သေကျေပျက်စီးရမည့်သူဖြစ်သတည်း။ Garrad Bible အ ထက် က ရှိ ဘူး လျက်၊ ယ ခု မ ရှိ သော သား ရဲ ကား ထို ခု နှစ် ပါး အ ဝင် ဖြစ် လျက် ပျက် စီး ရာ ရောက် မည့် အ ဋ္ဌ မ ဘု ရင် မင်း တည်း။ Judson Bible ဖြစ်ဖူး၍ ဖြစ်ဆဲမရှိသော သားရဲသည် ရှစ်ပါးမြောက်သော ရှင်ဘုရင်ဖြစ်၏။ ခုနစ်ပါးအဝင်လည်း ဖြစ်၏။ ဖျက်ဆီးခြင်းသို့ ရောက်ရလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း ယခင်ရှိခဲ့ပြီး ယခုမရှိသောသားရဲသည် အဋ္ဌမဘုရင်ဖြစ်၏။ သူသည် ထိုခုနစ်ပါးထဲမှ တစ်ပါးလည်းဖြစ်ပြီး ပျက်စီးခြင်းသို့ရောက်ရလိမ့်မည်။ |
ထောင်ကျမည့် သူသည် ထောင်ချခံရလိမ့်မည်။ ဓားဖြင့် အသတ်ခံရမည့် သူသည်လည်း ဓားဖြင့် အသတ်ခံရလိမ့်မည်။ ဤအကြောင်းကြောင့် ဘုရားသခင်၏ သန့်ရှင်းသူတို့သည် သည်းခံ၍ ယုံကြည်ရန် ဖြစ်၏။
သူသည် ပထမသားရဲ၏ အခွင့်အာဏာအလုံးစုံကို သူ၏ကိုယ်စားအသုံးပြု၏။ ထို့ပြင် ကမ္ဘာမြေကြီးနှင့် ကမ္ဘာလောက၌ နေထိုင်ကြသောသူတို့အား သေနိုင်လောက်သောဒဏ်ရာမှ ပျောက်ကင်းသွားသည့် ပထမသားရဲကို ကိုးကွယ်စေ၏။
ထိုသားရဲ၏ ဦးခေါင်းတစ်လုံးတွင် သေနိုင်လောက်သောဒဏ်ရာရရှိထားသကဲ့သို့ဖြစ်သော်လည်း ထိုဒဏ်ရာသည် ပျောက်ကင်းသွား၏။ ကမ္ဘာလောက၌ နေထိုင်ကြသောသူအပေါင်းတို့သည် အံ့အားသင့်လျက် သားရဲနောက်သို့ လိုက်ကြ၏။
သင်မြင်ရသောသားရဲသည် ယခင်က အသက်ရှင်သော်လည်း ယခုမရှင်တော့ပေ။ သို့သော် မကြာမီ သူသည် တွင်းနက်ကြီးထဲမှ တက်လာပြီး ဖျက်ဆီးခြင်းကို ခံရလိမ့်မည်။ ကမ္ဘာလောက၌ နေထိုင်ကြသောသူတို့တွင် ကမ္ဘာဦးအစကပင် အသက်စာစောင်၌ စာရင်းမဝင်သူများက ထိုသားရဲကို မြင်ရသောအခါ အလွန်အံ့ဩကြလိမ့်မည်။ အကြောင်းမှာ ယခင်အသက်ရှင်ခဲ့သည့် ထိုသားရဲသည် ယခုမရှင်တော့သော်လည်း မကြာမီပြန်ပေါ်လာဦးမည့်အတွက်ကြောင့် ဖြစ်၏။