ဘုရားသခင်၏ ဉာဏ်တော်နှင့် အသိပညာတို့သည် အလွန်နက်နဲလှ၏။ ဘုရားသခင်၏ ဆုံးဖြတ်တော်မူချက်နှင့် နည်းလမ်းတော်တို့ကို မည်သူနားလည်နိုင်သနည်း။
ဗျာဒိတ် 15:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဗိမာန်တော်သည်လည်း ဘုရားသခင်၏ ဘုန်းအသရေနှင့် တန်ခိုးတော်တို့၏ အခိုးအငွေ့များဖြင့် ပြည့်နှက်နေ၏။ ကောင်းကင်တမန်ခုနှစ်ပါးတို့၏ ဘေးဒဏ်ခုနစ်ပါး မပြီးဆုံးမီအထိ ဗိမာန်တော်ထဲသို့ မည်သူမျှ မဝင်ကြရ။ Common Language Bible ဗိမာန်တော်သည်ဘုရားသခင်၏ဘုန်းတန်ခိုး တော်ကြောင့်မီးခိုးနှင့်ပြည့်လျက်ရှိ၏။ သို့ဖြစ် ၍ကောင်းကင်တမန်ခုနစ်ပါးယူဆောင်လာ သည့်ကပ်ခုနစ်ပါးမပြီးဆုံးမီအဘယ်သူ မျှဗိမာန်တော်ထဲသို့မဝင်နိုင်။ Garrad Bible ဗိ မာန် တော် သည် ဘု ရား သ ခင့် ဘုန်း တော့်၊ တန် ခိုး တော့် ဆိုင် ရာ အ ခိုး နှင့် ပြည့် သ ဖြင့် စေ တ မန် တော် ခု နစ် ပါး တို့၏ ဘေး ခု နစ် မျိုး မ ကုန် မီ မည် သူ မျှ မ ဝင် နိုင်။ Judson Bible ဘုရားသခင်၏ ဘုန်းတန်ခိုး အာနုဘော်တော်ကြောင့်၊ ဗိမာန်တော်သည် မီးခိုးနှင့်ပြည့်၍ ကောင်းကင်တမန် ခုနစ်ပါး၏ ဘေးဒဏ်ခုနစ်ပါး မကုန်မီတိုင်အောင် ဗိမာန်တော်ထဲသို့ အဘယ်သူမျှ မဝင်နိုင်။ မြန်မာ့စံမီသမ္မာကျမ်း ဗိမာန်တော်သည် ဘုရားသခင်၏ဘုန်းအသရေတော်နှင့်တန်ခိုးတော်တို့မှထွက်ပေါ်သော အခိုးအငွေ့များနှင့်ပြည့်သဖြင့် ကောင်းကင်တမန်ခုနစ်ပါးတို့၏ဘေးဒဏ်ခုနစ်မျိုးမပြီးမချင်း မည်သူမျှ ဗိမာန်တော်ထဲသို့မဝင်နိုင်ချေ။ |
ဘုရားသခင်၏ ဉာဏ်တော်နှင့် အသိပညာတို့သည် အလွန်နက်နဲလှ၏။ ဘုရားသခင်၏ ဆုံးဖြတ်တော်မူချက်နှင့် နည်းလမ်းတော်တို့ကို မည်သူနားလည်နိုင်သနည်း။
ထိုသူတို့သည် သခင်ဘုရားရှေ့တော်မှလည်းကောင်း၊ သခင်ဘုရား၏ ဘုန်းတန်ခိုးတော်ကို ခံစားရခြင်းမှလည်းကောင်း ဖယ်ရှားခံရကာ ထာဝရပျက်စီးမည့် ပြစ်ဒဏ်ကို ခံကြရလိမ့်မည်။
ထို့နောက် ကောင်းကင်ဘုံ၌ အံ့ဖွယ်နိမိတ်လက္ခဏာကြီးတစ်ခုကို မြင်ရ၏။ ကောင်းကင်တမန်ခုနစ်ပါးသည် နောက်ဆုံးဘေးဒဏ်ခုနစ်ပါး ကိုင်ဆောင်ထားသည်ကို ကျွန်ုပ်မြင်ရ၏။ ထိုဘေးဒဏ်တို့ဖြစ်ပျက်ပြီးနောက် ဘုရားသခင်၏ အမျက်တော်အဆုံးသတ်မည်ဖြစ်သောကြောင့် နောက်ဆုံးဘေးဒဏ်ဟု ဆိုရ၏။
ထိုမြို့သည် ဘုရားသခင်၏ ဘုန်းအသရေတော်နှင့် ထွန်းတောက်ပြီး ၎င်း၏ ထွန်းလင်းတောက်ပမှုသည် ကျောက်သလင်းသဖွယ် ကြည်လင်သည့် နဂါးသွဲ့ကဲ့သို့ အလွန်အဖိုးတန်သောကျောက်မျက်ရတနာနှင့်တူ၏။