ထိုအတွက်ကြောင့် ဇဝေဇဝါဖြစ်နေကြစဉ် တောက်ပသောအဝတ်ကို ဝတ်ဆင်ထားသောလူနှစ်ဦးသည် ရုတ်တရက်ပေါ်လာ၍ သူတို့အနားတွင် ရပ်လေ၏။
ဗျာဒိတ် 15:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုဗိမာန်တော်ထဲမှ ဘေးဒဏ်ခုနစ်ပါးကို ကိုင်ဆောင်ထားသည့် ကောင်းကင်တမန်ခုနစ်ပါးထွက်လာ၏။ သူတို့သည် သန့်ရှင်းတောက်ပြောင်သော ပိတ်ချောထည်ကို ဝတ်ဆင်၍ ရင်ဘတ်ပေါ်တွင် ရွှေရင်စည်းကို ပတ်ထား၏။ Common Language Bible ထိုအခါကပ်ခုနစ်ပါးကိုယူဆောင်လာသော ကောင်းကင်တမန်ခုနစ်ပါးသည်ဗိမာန်တော် ထဲမှထွက်လာကြ၏။ သူတို့သည်ပြောင်လက် စင်ကြယ်သော ပိတ်ချောထည်ကိုဝတ်ဆင်၍ ရွှေရင်စည်းကိုပတ်ထားကြ၏။- Garrad Bible ဘေး ခု နစ် မျိုး ဆောင် စေ တ မန် တော် ခု နစ် ပါး သည် ဖြူ စင် သော ပိတ် ချော ထည် ဝတ် ဆင် လျက်၊ ရွှေ ရင် စည်း စည်း လျက်၊ ထို ဗိ မာန် တော် မှ ထွက် လာ ကြ ပြီး လျှင်၊ Judson Bible ဘေးဒဏ်ခုနစ်ပါးရှိသော ကောင်းကင်တမန် ခုနစ်ပါးတို့သည် စင်ကြယ်ပြောင်လက်သော ပိုက်ဆန်အဝတ်ကို ဝတ်လျက်၊ ရင်၌ ရွှေရင်စည်းကို စည်းလျက် ဗိမာန်တော်ထဲက ထွက်လာကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ဘေးဒဏ်ခုနစ်မျိုးကိုဆောင်ထားသည့် ကောင်းကင်တမန်ခုနစ်ပါးတို့သည် ထိုဗိမာန်တော်ထဲမှ ထွက်လာကြ၏။ သူတို့သည် စင်ကြယ်တောက်ပသောပိတ်ချောကိုဝတ်ဆင်လျက် ရင်ဘတ်၌ ရွှေရင်စည်းကိုစည်းထား၏။ |
ထိုအတွက်ကြောင့် ဇဝေဇဝါဖြစ်နေကြစဉ် တောက်ပသောအဝတ်ကို ဝတ်ဆင်ထားသောလူနှစ်ဦးသည် ရုတ်တရက်ပေါ်လာ၍ သူတို့အနားတွင် ရပ်လေ၏။
ဤရွှေဆီမီးတိုင်များအလယ်တွင် လူသားနှင့်တူသောသူတစ်ဦးကို တွေ့ရ၏။ ထိုသူသည် ခြေဖျားထိရှည်သောဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ရင်ဘတ်တွင်လည်း ရွှေရင်စည်းကို စည်းထား၏။
ထို့နောက် အခြားကောင်းကင်တမန်တစ်ပါးသည် ဗိမာန်တော်မှထွက်လာ၍ မိုးတိမ်ပေါ်တွင် ထိုင်နေသောသူအား “မြေကြီးပေါ်၌ သီးနှံများ ဝင်းမှည့်၍ ရိတ်သိမ်းချိန်ရောက်ပြီဖြစ်သောကြောင့် ကိုယ်တော်၏ တံစဉ်ကို ယူ၍ ရိတ်သိမ်းတော်မူပါ” ဟု ကျယ်လောင်စွာ ကြွေးကြော်၏။
ထို့နောက် ကောင်းကင်ဘုံ၌ရှိသော ဗိမာန်တော်ထဲမှ အခြားကောင်းကင်တမန်တစ်ပါးထွက်လာ၏။ သူ၏ လက်ထဲတွင်လည်း ထက်သောတံစဉ်ပါရှိ၏။
ထို့နောက် ကောင်းကင်ဘုံ၌ အံ့ဖွယ်နိမိတ်လက္ခဏာကြီးတစ်ခုကို မြင်ရ၏။ ကောင်းကင်တမန်ခုနစ်ပါးသည် နောက်ဆုံးဘေးဒဏ်ခုနစ်ပါး ကိုင်ဆောင်ထားသည်ကို ကျွန်ုပ်မြင်ရ၏။ ထိုဘေးဒဏ်တို့ဖြစ်ပျက်ပြီးနောက် ဘုရားသခင်၏ အမျက်တော်အဆုံးသတ်မည်ဖြစ်သောကြောင့် နောက်ဆုံးဘေးဒဏ်ဟု ဆိုရ၏။
ထိုသတို့သမီးသည် စင်ကြယ်တောက်ပြောင်သောပိတ်ချောကို ဝတ်ဆင်ခွင့်ရ၏” ဟူ၍ ဖြစ်၏။ ထိုပိတ်ချောသည် ယုံကြည်သူတို့၏ ဖြောင့်မတ်သောအကျင့်ကို ကိုယ်စားပြု၏။