အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဗျာ​ဒိတ် 14:14 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

တစ်ဖန် ကျွန်ုပ်​ကြည့်လိုက်​ရာ လူသား​နှင့် တူသည့်​သူတစ်ဦး​သည် မိုးတိမ်ဖြူ​ပေါ်တွင် ထိုင်နေသည်​ကို မြင်ရ၏။ သူ​သည် ခေါင်း​ပေါ်တွင် ရွှေ​သရဖူ​ကို ဆောင်းထား​ပြီး လက်​ထဲ၌ ထက်သော​တံစဉ်​တစ်ခု​ကို ကိုင်ထား၏။

အခန်းကိုကြည့်ပါ။

Common Language Bible

တစ်​ဖန်​ကြည့်​လိုက်​သော​အ​ခါ​မိုး​တိမ်​ဖြူ​တစ်​ခု ကို ငါ​မြင်​ရ​၏။ ထို​မိုး​တိမ်​ပေါ်​တွင်​လူ​နှင့်​တူ​သော သူ​တစ်​ဦး​ထိုင်​၍​နေ​၏။ သူ​၏​ဦး​ခေါင်း​၌​ရွှေ သ​ရ​ဖူ​ကို​ဆောင်း​ထား​၏။ လက်​ထဲ​တွင်​ထက် သော​တံ​စဉ်​ကို​ကိုင်​ထား​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

တစ် ဖန် ငါ မျှော် ကြည့် ရာ တိမ် တိုက် ဖြူ ကို လည်း ကောင်း၊ တိမ် တိုက် ထက် လူ့ သား နှင့် တူ သော ပု ဂ္ဂိုလ် တစ် ပါး သည် ရွှေ သ ရ ဖူ ကို ဆောင်း လျက်၊ ထက် သော တံ စဉ် ကို ကိုင် လျက် ထိုင် နေ သည် ကို လည်း ကောင်း မြင် ရ ၏။

အခန်းကိုကြည့်ပါ။

Judson Bible

တစ်​ဖန် ငါ​ကြည့်​လျှင်၊ ဖြူ​သော​မိုး​တိမ်​ရှိ၏။ လူ​သား​တော်​နှင့် တူ​သော​သူ​သည် ခေါင်း​တော်​ပေါ်၌ ရွှေ​သ​ရ​ဖူ​ကို​ဆောင်း​လျက်၊ ထက်​သော တံ​စဉ်​ကို ကိုင်​လျက်၊ မိုး​တိမ်​ပေါ်​မှာ ထိုင်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

တစ်ဖန် ငါ​ကြည့်​လိုက်​ရာ ဖြူ​သော​မိုးတိမ်​ရှိ​၍ ထို​မိုးတိမ်​ပေါ်တွင် ဦးခေါင်း​ပေါ်၌ ရွှေ​သရဖူ​ကို​ဆောင်း​လျက် လက်​၌ ထက်​သော​တံစဉ်​ကို​ကိုင်​ထား​သည့် လူ့သား​နှင့်​တူ​သော​သူ​တစ်​ဦး​ထိုင်​နေ​၏။

အခန်းကိုကြည့်ပါ။



ဗျာ​ဒိတ် 14:14
19 ပူးပေါင်းရင်းမြစ်များ  

ရိတ်သိမ်းချိန်​တိုင်အောင် နှစ်မျိုးလုံး အတူတကွ​ကြီးထွားပါစေ။ ထို့နောက် ငါ​သည် ရိတ်သိမ်းသူတို့​အား ထို​ပေါင်းပင်များ​ကို နုတ်​၍ မီးရှို့​ရန် စည်းနှောင်​စေမည်။ ဂျုံစပါး​ကိုမူ ကျီ​ထဲသို့​သွင်း​စေမည်’ ဟု ပြောလေ၏” ဟူ၍ ဖြစ်၏။


ထိုသို့ လျှောက်​နေစဉ် တောက်ပသော​မိုးတိမ်​သည် သူတို့​အပေါ်သို့ လွှမ်းမိုး​၍ မိုးတိမ်​ထဲက “ဤ​သူ​သည် ငါ​နှစ်သက်မြတ်နိုးသည့် ငါ​၏ ချစ်သား​ဖြစ်၏။ သူ​၏​စကား​ကို နားထောင်ကြလော့” ဟူသော အသံတော်​ထွက်ပေါ်လာ၏။


အသီးမှည့်​၍ ရိတ်သိမ်းချိန်​ရောက်​သောအခါ လယ်သမား​သည် ချက်ချင်း​သွား​၍ တံစဉ်​ဖြင့် ရိတ်သိမ်းတတ်၏” ဟု မိန့်တော်မူ၏။


ထိုအခါ လူသား​သည် ကြီးမားသည့်​တန်ခိုးတော်​နှင့် ဘုန်းတော်​တို့​ဖြင့် မိုးတိမ်​စီး​လျက်​ကြွလာသည်​ကို လူတို့​မြင်ကြရ​လိမ့်မည်။


သို့သော် ဘုရားသခင်​၏​ကျေးဇူးတော်​အားဖြင့် ယေရှု​ခရစ်တော်​သည် လောကီသားများ​အတွက် အသက်စွန့်​နိုင်ရန် ကောင်းကင်တမန်များ​ထက် ယာယီ​နိမ့်ကျစေခြင်း​ကို ခံ​၍ အသေခံရ​သောကြောင့် ဘုန်းအသရေ​နှင့် ဂုဏ်အသရေတို့​ဖြင့် ချီးမြှောက်ခံရကြောင်း ကျွန်ုပ်တို့​မြင်ကြရ၏။


ဤ​ရွှေ​ဆီမီးတိုင်များ​အလယ်​တွင် လူသား​နှင့်​တူသော​သူ​တစ်ဦး​ကို တွေ့ရ၏။ ထို​သူ​သည် ခြေဖျား​ထိ​ရှည်သော​ဝတ်ရုံ​ရှည်​ကို ဝတ်ဆင်ထား​ပြီး ရင်ဘတ်​တွင်လည်း ရွှေ​ရင်စည်း​ကို စည်းထား၏။


ကြည့်ရှုလော့။ ကိုယ်တော်​သည် မိုးတိမ်များ​ဖြင့် ကြွလာတော်မူမည် ဖြစ်ပြီး ကိုယ်တော်​ကို လှံ​နှင့် ထိုးဖောက်ခဲ့သူများ​အပါအဝင် လူတိုင်း​က မြင်ကြရ​လိမ့်မည်။ ကမ္ဘာလောက​ရှိ လူမျိုး​အပေါင်းတို့​သည် ကိုယ်တော်​ကြောင့် ငိုကြွေး​မြည်တမ်းကြ​လိမ့်မည်။ ထို​အရာ​သည် အမှန်​ပင်​ဖြစ်၏။ အာမင်။


ထို့နောက် တန်ခိုးကြီးသော ကောင်းကင်တမန်​တစ်ပါး​သည် မိုးတိမ်​ခြုံလွှမ်း​လျက် ကောင်းကင်ဘုံ​မှ ဆင်းသက်လာသည်​ကို ကျွန်ုပ်​မြင်ရ၏။ သူ​၏​ဦးခေါင်း​ပေါ်တွင် သက်တံ​တည်ရှိ၏။ သူ​၏​မျက်နှာ​သည် နေ​ကဲ့သို့​ဖြစ်ပြီး ခြေတို့​သည် မီးတိုင်​ကဲ့သို့​ဖြစ်၏။


“ယခု​ရှိ​လျက်၊ ယခင်​ကလည်း​ရှိတော်မူသည့် အနန္တ​တန်ခိုးရှင် ဘုရားသခင်​ကို အကျွန်ုပ်တို့​ကျေးဇူးတင်ပါ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်​သည် မဟာ​တန်ခိုး​ကို ခံယူ​၍ အုပ်စိုးတော်မူ​သောကြောင့်​ဖြစ်၏။


သူ​၏​မျက်လုံးများ​သည် မီးလျှံ​ကဲ့သို့ ဖြစ်ပြီး သူ​၏​ခေါင်း​ပေါ်တွင် သရဖူ​များစွာ​ဆောင်းထား၏။ သူ​ကိုယ်တိုင်​မှလွဲ၍ မည်သူ​မျှ မသိနိုင်သော​အမည်​တစ်ခု​ကို သူ​၌ ရေးထား၏။


ထိုအခါ ရာဇပလ္လင်​ဖြူကြီး​နှင့် ထို​ပလ္လင်​ပေါ်တွင် ထိုင်တော်မူသော​အရှင်​ကို ကျွန်ုပ်​မြင်ရ၏။ မြေကြီး​နှင့် ကောင်းကင်​သည် ထို​အရှင်​ရှေ့မှ ပျောက်ကွယ်သွား​၍ ၎င်းတို့​အတွက် နေရာ​မရှိတော့ပေ။


ထိုအခါ ကျွန်ုပ်​ကြည့်လိုက်​ရာ မြင်း​ဖြူ​တစ်ကောင်​ကို မြင်ရ၏။ ထို​မြင်း​ကို စီးသောသူ​သည် လေး​တစ်လက်​ကို ကိုင်ထား၏။ သူ့​အား သရဖူ​တစ်ခု​ကို ပေးထားတော်မူ၏။ သူ​သည် အောင်မြင်မှု​ရရှိပြီး ဆက်လက်​အောင်မြင်​ရန် ထွက်ခွာသွား၏။