ငါ၏နောက်လိုက်များဖြစ်သောကြောင့် လူအပေါင်းတို့သည် သင်တို့ကို မုန်းတီးကြလိမ့်မည်။ သို့သော် အဆုံးတိုင်အောင် ကြံ့ကြံ့ခံသောသူသည် ကယ်တင်ခံရလိမ့်မည်။
ဗျာဒိတ် 11:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကမ္ဘာလောက၌ နေထိုင်ကြသောသူတို့သည် ထိုပရောဖက်နှစ်ပါး၏ အဖြစ်ကြောင့် ဝမ်းမြောက်၍ တစ်ဦးကိုတစ်ဦးလက်ဆောင်များ ပေးကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုပရောဖက်နှစ်ပါးသည် ကမ္ဘာလောက၌ နေထိုင်သောသူတို့ကို ညှဉ်းဆဲသောကြောင့်ဖြစ်၏။ Common Language Bible ကမ္ဘာသူကမ္ဘာသားတို့သည်ပရောဖက်နှစ်ပါး သေသည့်အတွက် အားရဝမ်းမြောက်လျက် အချင်းချင်းလက်ဆောင်ပဏ္ဏာများပေးကာ အောင်ပွဲခံကြလိမ့်မည်။ အဘယ်ကြောင့်ဆို သော်ထိုပရောဖက်နှစ်ပါးသည် ကမ္ဘာသူ ကမ္ဘာသားတို့အားများစွာဒုက္ခရောက်စေ ခဲ့ကြသောကြောင့်ဖြစ်၏။- Garrad Bible မြေ ကြီး ပေါ် မှာ နေ ထိုင် သူ တို့ သည် ညို ညင် စေ ခဲ့ သော ထို ပ ရော ဖက် နှစ် ပါး တို့ အ လောင်း များ ကြောင့် အား ရ ရွှင် လန်း လျက် အ ချင်း ချင်း လက် ဆောင် ပေး ပို့ ကြ လိမ့် မည်။ Judson Bible မြေကြီးပေါ်မှာနေသော သူတို့သည် ထိုအလောင်းကောင်တို့ကို မြင်သောအခါ၊ ဝမ်းမြောက်၍ ပျော်မွေ့ခြင်းကို ပြုကြလိမ့်မည်။ တစ်ယောက်ကိုတစ်ယောက် လက်ဆောင်ပေးလိုက်ကြလိမ့်မည်။ အကြောင်းမူကား၊ အထက်က ထိုပရောဖက်နှစ်ပါးတို့သည် မြေကြီးပေါ်မှာ နေသောသူတို့ကို ပြင်းစွာ နှောင့်ယှက်ညှဥ်းဆဲကြသည်ဟု ငါ့အား ပြောဆိုလေ၏။- မြန်မာ့စံမီသမ္မာကျမ်း ကမ္ဘာမြေကြီးပေါ်၌နေထိုင်သောသူတို့သည် ထိုသူတို့၏အဖြစ်ကြောင့် ဝမ်းမြောက်လျက်ပျော်ရွှင်ကြကာ တစ်ဦးကိုတစ်ဦး လက်ဆောင်များပေးပို့ကြလိမ့်မည်။ အကြောင်းမူကား ထိုပရောဖက်နှစ်ဦးတို့သည် ကမ္ဘာမြေကြီးပေါ်၌နေထိုင်သောသူတို့ကို ညှဉ်းဆဲခဲ့ကြ၏။ |
ငါ၏နောက်လိုက်များဖြစ်သောကြောင့် လူအပေါင်းတို့သည် သင်တို့ကို မုန်းတီးကြလိမ့်မည်။ သို့သော် အဆုံးတိုင်အောင် ကြံ့ကြံ့ခံသောသူသည် ကယ်တင်ခံရလိမ့်မည်။
သင်တို့အား ငါအမှန်ဆိုရလျှင် ငါ၌ ဖြစ်ပျက်လာမည့်အရာကြောင့် သင်တို့သည် ငိုကြွေးမြည်တမ်းကြလိမ့်မည်။ သို့သော် လောကီသားတို့မှာမူ ဝမ်းမြောက်ကြလိမ့်မည်။ သင်တို့သည် ဝမ်းနည်းပူဆွေးကြသော်လည်း ထိုဝမ်းနည်းခြင်းသည် ဝမ်းမြောက်ခြင်းအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။
လောကီသားတို့သည် သင်တို့ကို မုန်းစရာအကြောင်း မရှိကြ။ ငါ့ကိုမူ မုန်းကြ၏။ အဘယ်ကြောင့်ဆိုသော် ငါသည် သူတို့၏ အကျင့်ဆိုးများကို ဖော်ထုတ်ပြောဆိုသောကြောင့်ဖြစ်၏။
သူတို့သည် ဤစကားကို ကြားသောအခါ ဒေါသထွက်၍ တမန်တော်များကို သတ်ရန်ဆုံးဖြတ်ကြ၏။
ကမ္ဘာမြေပေါ်သို့ မိမိပစ်ချခံရသည်ကို နဂါးသိမြင်သောအခါ သားယောက်ျားကို မွေးဖွားခဲ့သော အမျိုးသမီးကို လိုက်၍ ဖမ်းလေ၏။
သူသည် ပထမသားရဲ ကိုယ်စား ပြခွင့်ရသည့် နိမိတ်လက္ခဏာများဖြင့် ဤကမ္ဘာလောက၌ နေထိုင်ကြသောလူအပေါင်းတို့ကို လှည့်ဖြား၏။ ဓားဒဏ်ရာရထားသော်လည်း အသက်ရှင်သေးသော ပထမသားရဲ၏ ရုပ်တုကို ပြုလုပ်ရန် လူတို့အား အမိန့်ပေး၏။
အသေသတ်ခြင်းခံရသော သိုးသငယ်တော်၏ အသက်စာစောင်၌ ကမ္ဘာဦးအစကပင် အမည်စာရင်းပါသောသူများမှလွဲ၍ ကမ္ဘာလောက၌ နေထိုင်ကြသောသူအပေါင်းတို့သည် ထိုသားရဲကို ကိုးကွယ်ကြလိမ့်မည်။
ထို့နောက် ပဉ္စမကောင်းကင်တမန်သည် သူ၏ ဖလားကို သားရဲ၏ ရာဇပလ္လင်ပေါ်သို့ သွန်းလောင်းလိုက်သောအခါ သားရဲ၏ နိုင်ငံသည် မှောင်မိုက်သွား၏။ လူတို့သည် ပြင်းထန်သောဝေဒနာကြောင့် လျှာကို ကိုက်ထားကြရ၏။
သင်သည် ငါသွန်သင်သည့်အတိုင်း သည်းခံလျက်နေခဲ့၏။ ထို့ကြောင့် ကမ္ဘာလောက၌ နေထိုင်ကြသောသူတို့ကို စစ်ဆေးရန်အတွက် ကမ္ဘာတစ်ဝန်းလုံးအပေါ် ကျရောက်မည့်စုံစမ်းနှောင့်ယှက်ခြင်းကာလမှ သင်တို့ကို ငါကယ်တင်မည်။