ထို့နောက် ဟုန်းဟုန်းမြည်သောရေစီးသံကဲ့သို့လည်းကောင်း၊ ကျယ်လောင်သော မိုးခြိမ်းသံကဲ့သို့လည်းကောင်း ကောင်းကင်ဘုံမှ အသံကို ကျွန်ုပ်ကြားရ၏။ ကျွန်ုပ်ကြားရသောအသံမှာ စောင်းသမားများစောင်းတီးနေသောအသံကဲ့သို့ ဖြစ်၏။
ဗျာဒိတ် 10:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ခြင်္သေ့ဟောက်သကဲ့သို့ ကျယ်လောင်စွာ ကြွေးကြော်လေ၏။ ထိုသို့ကြွေးကြော်သောအခါ မိုးခြိမ်းသံခုနစ်ချက်သည် မိမိတို့အသံဖြင့် ပြောဆို၏။ Common Language Bible ခြင်္သေ့ဟောက်သကဲ့သို့ကျယ်သောအသံဖြင့် ကြွေးကြော်၏။ ယင်းသို့ကြွေးကြော်လိုက်သော အခါမိုးကြိုးသံခုနစ်ချက်မြည်လေ၏။- Garrad Bible ခြင်္သေ့ ဟောက် သ ကဲ့ သို့ ကျယ် သော အ သံ နှင့် ကြွေး ကြော် ရာ မိုး ကြိုး ခု နစ် ချက် က ဗျာ ဒိတ် ပေး လေ၏။ Judson Bible ခြင်္သေ့ဟောက်သကဲ့သို့ ကြီးသောအသံနှင့် ကြွေးကြော်လေ၏။ ကြွေးကြော်ပြီးမှ မိုးကြိုးသံ ခုနစ်ချက်မြည်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း ခြင်္သေ့ဟောက်သကဲ့သို့ ကျယ်လောင်သောအသံဖြင့် ကြွေးကြော်လေ၏။ ထိုသို့ကြွေးကြော်သောအခါ မိုးချုန်းသံခုနစ်ချက်တို့သည် မိမိတို့အသံများဖြင့်မြွက်ဆိုကြ၏။ |
ထို့နောက် ဟုန်းဟုန်းမြည်သောရေစီးသံကဲ့သို့လည်းကောင်း၊ ကျယ်လောင်သော မိုးခြိမ်းသံကဲ့သို့လည်းကောင်း ကောင်းကင်ဘုံမှ အသံကို ကျွန်ုပ်ကြားရ၏။ ကျွန်ုပ်ကြားရသောအသံမှာ စောင်းသမားများစောင်းတီးနေသောအသံကဲ့သို့ ဖြစ်၏။
ထို့နောက် ကောင်းကင်ဘုံ၌ အံ့ဖွယ်နိမိတ်လက္ခဏာကြီးတစ်ခုကို မြင်ရ၏။ ကောင်းကင်တမန်ခုနစ်ပါးသည် နောက်ဆုံးဘေးဒဏ်ခုနစ်ပါး ကိုင်ဆောင်ထားသည်ကို ကျွန်ုပ်မြင်ရ၏။ ထိုဘေးဒဏ်တို့ဖြစ်ပျက်ပြီးနောက် ဘုရားသခင်၏ အမျက်တော်အဆုံးသတ်မည်ဖြစ်သောကြောင့် နောက်ဆုံးဘေးဒဏ်ဟု ဆိုရ၏။
သတ္တဝါလေးပါးအနက် တစ်ပါးသည် အစဉ်ထာဝရ အသက်ရှင်တော်မူသည့် ဘုရားသခင်၏ အမျက်တော်နှင့်ပြည့်နေသော ရွှေဖလားခုနစ်လုံးကို ကောင်းကင်တမန်ခုနှစ်ပါးအား တစ်လုံးစီ ပေး၏။
ရာဇပလ္လင်တော်မှ လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်း၊ မိုးခြိမ်းခြင်းတို့ထွက်ပေါ်လာ၏။ ထိုပလ္လင်တော်ရှေ့တွင် ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးကို ကိုယ်စားပြုသည့် မီးတုတ်ခုနစ်ခုတို့သည် တောက်လောင်လျက်ရှိ၏။
ထို့နောက်ကောင်းကင်တမန်သည် ယဇ်ပလ္လင်ပေါ်မှ မီးကို အမွှေးနံ့သာပူဇော်ရာခွက်ထဲသို့ ထည့်၍ ကမ္ဘာမြေပေါ်သို့ ပစ်ချလိုက်ရာ မိုးခြိမ်းခြင်း၊ အသံမြည်ဟည်းခြင်း၊ လျှပ်စီးလက်ခြင်း၊ မြေငလျင်လှုပ်ခြင်းတို့ဖြစ်ပေါ်လာ၏။