သတေဖနာ၊ ဖော်တုနတ်နှင့် အခါယကုတို့ ရောက်လာကြသည်ကို ကျွန်ုပ်ဝမ်းမြောက်ပါ၏။ ထိုသူတို့သည် သင်တို့မတတ်နိုင်သောအရာကို ဖြည့်ဆည်းပေးကြ၏။
ဖိလေမုန် 1:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်သည် သတင်းကောင်းဟောသည့်အတွက် အကျဉ်းချခံရစဉ် ကျွန်ုပ်ကို သင့်ကိုယ်စား ကူညီရန် သူ့ကို ခေါ်ထားလို၏။ Common Language Bible ငါသည်သတင်းကောင်းကိုဟောပြောကြေညာ မှုကြောင့် အကျဉ်းခံလျက်နေရစဉ်အခါတွင် သင်၏ကိုယ်စားငါ့အားကူညီစေရန်သူ့ကို ခေါ်ထားလိုပါသည်။- Garrad Bible သ တင်း တော် မြတ် ကြောင့် အ ကျဉ်း ခံ နေ ရ စဉ် သင့် ကိုယ် စား လုပ် ကျွေး သ မှု ပြု စေ ခြင်း ငှာ ငါ နှင့် အ တူ ထား လို သော် လည်း၊ Judson Bible ဧဝံဂေလိတရားကြောင့် ချည်နှောင်ခြင်းကို ငါခံစဉ်တွင်၊ သူသည် သင်၏ကိုယ်စား ငါ့ကို ပြုစုစေမည်အကြောင်း၊ သူ့ကို ငါထားချင်သော်လည်း၊- မြန်မာ့စံမီသမ္မာကျမ်း ငါသည် ကောင်းမြတ်သောသတင်းအတွက် အချုပ်အနှောင်ခံရစဉ် သင့်ကိုယ်စား ငါ့ကိုကူညီဆောင်ရွက်ပေးနိုင်ရန် သူ့ကို ငါ့ထံ၌ ခေါ်ထားလိုပါ၏။ |
သတေဖနာ၊ ဖော်တုနတ်နှင့် အခါယကုတို့ ရောက်လာကြသည်ကို ကျွန်ုပ်ဝမ်းမြောက်ပါ၏။ ထိုသူတို့သည် သင်တို့မတတ်နိုင်သောအရာကို ဖြည့်ဆည်းပေးကြ၏။
ဤအကြောင်းကြောင့် လူမျိုးခြား သင်တို့အတွက် ယေရှုခရစ်တော်၏ အကျဉ်းသား ဖြစ်သော ကျွန်ုပ်ပေါလုသည် ဘုရားသခင်ထံ ဆုတောင်း၏။
သခင်ဘုရား၏ အမှုတော်ကို ထမ်းရွက်သောကြောင့် အကျဉ်းချခံရသော ကျွန်ုပ်သည် သင်တို့ကို တိုက်တွန်းနှိုးဆော်လိုသည်မှာ ရွေးချယ်တော်မူခြင်းခံရသည်နှင့်အညီ ထိုရွေးချယ်တော်မူခြင်းနှင့် သင့်လျော်စွာ ပြုမူနေထိုင်ကြရန် ဖြစ်၏။
သင်တို့အားလုံးသည် ကျွန်ုပ်၏ နှလုံးသားထဲ၌ ရှိသောသူများ ဖြစ်သောကြောင့် သင်တို့နှင့် ပတ်သက်၍ အထက်ပါအတိုင်း ကျွန်ုပ်သဘောထားလျှင် သင့်လျော်ပေ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့အားလုံးသည် ကျွန်ုပ် အကျဉ်းချခံရချိန်၌ဖြစ်စေ၊ သတင်းကောင်းအတွက် ချေပပြောဆို၍ မှန်ကန်ကြောင်း အတည်ပြုချိန်၌ ဖြစ်စေ ကျွန်ုပ်နှင့်အတူ ဘုရားသခင်၏ ကျေးဇူးတော်ကို မျှဝေခံစားကြသောကြောင့် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သူသည် ကျွန်ုပ်အား သင်တို့မပေးနိုင်သည့် အကူအညီကို ပေးရန် မိမိအသက်ကို စွန့်စားကာ ခရစ်တော်၏ အမှုတော်အတွက် သေလုနီးပါးဖြစ်ခဲ့သောကြောင့် ဖြစ်၏။
ယေရှုခရစ်တော်၏ သတင်းကောင်းကို ဟောပြောသဖြင့် အကျဉ်းချခံရသော ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။ ဤစာသည် ကျွန်ုပ်နှင့် ကျွန်ုပ်တို့၏ညီအစ်ကို တိမောသေတို့က ကျွန်ုပ်တို့၏ ချစ်ခင်ရသောမိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်ဖြစ်သည့် ဖိလေမုန်နှင့်
အကျဉ်းချခံရစဉ် ကျွန်ုပ်၏ သားသဖွယ်ဖြစ်လာသော ဩနေသိမ်အတွက် သင့်ကို တောင်းပန်လို၏။