သင်တို့သည် တစ်ချိန်က အပြစ်တရား၏ကျွန် ဖြစ်ခဲ့ဖူးသော်လည်း ယခုတွင် သင်တို့သင်ယူခဲ့သော တရားတော်ကို စိတ်နှလုံးအပြည့်အဝ နာခံလာကြ၏။ ထို့ကြောင့် ဘုရားသခင်ကို ကျေးဇူးတင်ပါ၏။
ဖိလိပ္ပိ 1:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်သည် သင်တို့ကို သတိရတိုင်း ကျွန်ုပ်၏ ဘုရားသခင်ကို ကျေးဇူးတင်၏။ Common Language Bible သင်တို့အကြောင်းကိုသတိရသည့်အခါတိုင်း ငါသည်ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပါ၏။- Garrad Bible သင် တို့၌ ကောင်း သော အ မှု ကို အ စ ပြု သော အ ရှင် သည် ယေ ရှု ခ ရစ်၏ နေ့ တော် မ တိုင် မ ချင်း စုံ လင် အောင် ပြု ပြင် တော် မူ လိမ့် မည် ဟု ယုံ ကြည် စိတ် ချ သည် နှင့် အ ညီ ငါ သည် သင် တို့ ကို အောက် မေ့ လေ ရာ ရာ၌ တောင်း လျှောက် သည့် အ ခါ တိုင်း ရွှင် လန်း စွာ ပ ဌ နာ ပြု လျက် ပ ဌ မ နေ့ ရက် မှ စ၍ ယ ခု တိုင် သ တင်း တော် မြတ် တိုး ပွား စေ ခြင်း အ မှု၌ ဆက် ဆံ ပေါင်း သင်း ကြ သော သင် တို့ ရှိ သ မျှ အ ဖို့ ငါ့ ဘု ရား သ ခင် ကျေး ဇူ တော် ကို အ စဉ် ချီး မွမ်း ပါ ၏။ Judson Bible ငါသည် ဆုတောင်းပတ္ထနာပြုသော အခါခါ၊ ဝမ်းမြောက်သောစိတ်နှင့် သင်တို့ရှိသမျှအဖို့ကို အစဉ် ဆုတောင်းပတ္ထနာပြုလျက်၊ သင်တို့ကို အောက်မေ့သောအခါခါ၊ သင်တို့သည် ရှေ့ဦးစွာသောနေ့ရက်မှစ၍ ယခုတိုင်အောင် ဧဝံဂလိတရားကို ဆက်ဆံ၍ ခံစားကြောင်းကို ငါထောက်သဖြင့်၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါသည် သင်တို့ကိုသတိရသည့်အခါတိုင်း ငါ၏ဘုရားသခင်ကို ကျေးဇူးတင်လျက် |
သင်တို့သည် တစ်ချိန်က အပြစ်တရား၏ကျွန် ဖြစ်ခဲ့ဖူးသော်လည်း ယခုတွင် သင်တို့သင်ယူခဲ့သော တရားတော်ကို စိတ်နှလုံးအပြည့်အဝ နာခံလာကြ၏။ ထို့ကြောင့် ဘုရားသခင်ကို ကျေးဇူးတင်ပါ၏။
ယေရှုခရစ်တော်အားဖြင့် သင်တို့အား ဘုရားသခင်ပေးသော ကျေးဇူးတော်ကို ထောက်၍ သင်တို့အတွက် ကျွန်ုပ်၏ဘုရားသခင်ကို ကျွန်ုပ်အစဉ်ကျေးဇူးတင်၏။
ဘုရားသခင်ရှေ့တော်တွင် သင်တို့ကြောင့် ကျွန်ုပ်တို့ဝမ်းမြောက်ရ၏။ သင်တို့အတွက် ဘုရားသခင်ကို ကျွန်ုပ်တို့ မည်သို့ ကျေးဇူးဆပ်နိုင်မည်နည်း။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့သည် ပြုသင့်သည့်အတိုင်း သင်တို့အတွက် ဘုရားသခင်ကို အစဉ်ကျေးဇူးတင်ကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့၏ယုံကြည်ခြင်းသည် အလွန်တိုးပွားကာ အချင်းချင်းအပေါ် ထားသော ချစ်ခြင်းမေတ္တာသည်လည်း ပွားများလာသောကြောင့် ဖြစ်၏။
ကျွန်ုပ်သည် သင့်အတွက် နေ့ရောညပါ သတိတရ ဆုတောင်းပေး၏။ ဆုတောင်းပေးသောအခါ ကျွန်ုပ်၏ဘိုးဘေးတို့ ကိုးကွယ်ခဲ့သည့်နည်းတူ လိပ်ပြာသန့်သန့်ဖြင့် ကျွန်ုပ်ကိုးကွယ်သော ဘုရားသခင်ကို ကျေးဇူးတင်၏။