ကောင်းကင်နိုင်ငံတော်သည် လယ်ထဲ၌ ဝှက်ထားသောဘဏ္ဍာနှင့်တူ၏။ တစ်စုံတစ်ဦးသည် ထိုဘဏ္ဍာကို တွေ့သောအခါ တစ်ဖန်ဝှက်ထား၏။ ထို့နောက် ဝမ်းမြောက်စွာ သွားလျက် မိမိ၌ရှိသောအရာအားလုံးကိုရောင်း၍ ထိုလယ်ကိုဝယ်လေ၏။
တမန်တော်ဝတ္ထု 8:39 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ရေမှ တက်လာကြသောအခါ ထာဝရဘုရား၏ဝိညာဉ်တော်သည် ဖိလိပ္ပုကို ခေါ်ယူသွားသဖြင့် အမတ်သည် ဖိလိပ္ပုကို နောက်ထပ် မတွေ့မြင်ရတော့ပေ။ သို့သော်လည်း သူသည် ဝမ်းသာရွှင်လန်းစွာ ခရီးဆက်လေ၏။ Common Language Bible သူတို့ရေမှတက်လာကြသောအခါ ထာဝရ ဘုရား၏ဝိညာဉ်တော်သည်ဖိလိပ္ပုအားတစ်ပါး အရပ်သို့ဆောင်ယူသွားတော်မူသဖြင့် အရာရှိ သည်ဖိလိပ္ပုကိုနောက်တစ်ဖန်မတွေ့ရတော့ပေ။ သူသည်ဝမ်းမြောက်စွာဆက်လက်ခရီးပြုလေ သည်။- Garrad Bible ရေ ထဲ မှ တက် ကြ သော် ထာ ဝ ရ ဘု ရား၏ ဝိ ညာဉ် တော် သည် ဖိ လိ ပ္ပု ကို ဆောင် သွား ရာ မိန်း မ စိုး လည်း ရွှင် လန်း စွာ ခ ရီး သွား မြဲ သွား၍ ဖိ လိ ပ္ပု ကို နောက် ထပ် မ တွေ့ မ မြင်။ Judson Bible ရေထဲကတက်ကြလျှင်၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဖိလိပ္ပုကိုဆောင်ယူတော်မူ၍၊ အမတ်သည် ဖိလိပ္ပုကို နောက်တစ်ဖန် မတွေ့မမြင်ရ။ ဝမ်းမြောက်ဝမ်းသာခြင်းနှင့် မိမိ သွားရသောလမ်းကို သွားလေ၏။- မြန်မာ့စံမီသမ္မာကျမ်း ရေထဲမှတက်လာကြသောအခါ ထာဝရဘုရား၏ဝိညာဉ်တော်သည် ဖိလိပ္ပုကို ချီဆောင်သွားတော်မူသဖြင့် ထိုမှူးမတ်သည် ဖိလိပ္ပုကို နောက်ထပ် မတွေ့ရတော့ပေ။ သို့သော် သူသည် ဝမ်းမြောက်လျက် မိမိ၏ခရီးကို ဆက်သွားလေ၏။ |
ကောင်းကင်နိုင်ငံတော်သည် လယ်ထဲ၌ ဝှက်ထားသောဘဏ္ဍာနှင့်တူ၏။ တစ်စုံတစ်ဦးသည် ထိုဘဏ္ဍာကို တွေ့သောအခါ တစ်ဖန်ဝှက်ထား၏။ ထို့နောက် ဝမ်းမြောက်စွာ သွားလျက် မိမိ၌ရှိသောအရာအားလုံးကိုရောင်း၍ ထိုလယ်ကိုဝယ်လေ၏။
ယေရှုသည် နှစ်ခြင်းမင်္ဂလာခံယူတော်မူပြီးနောက် ရေထဲမှ တက်လာသောအခါ ကောင်းကင်ပွင့်၍ ဘုရားသခင်၏ ဝိညာဉ်တော်သည် ချိုးငှက်အသွင်ဆောင်လျက် မိမိအပေါ် ဆင်းသက်တော်မူသည်ကို မြင်တော်မူ၏။
ရေထဲမှ တက်လာသောအခါ ကောင်းကင်ပွင့်၍ ဘုရားသခင်၏ ဝိညာဉ်တော်သည် ချိုးငှက်အသွင်ဆောင်လျက် မိမိအပေါ် ဆင်းသက်တော်မူသည်ကို မြင်တော်မူ၏။
တပည့်တော်များသည်လည်း ဝမ်းမြောက်၍ သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလျက်ရှိကြ၏။
ထောင်မှူးသည် ပေါလုနှင့်သိလတို့အား မိမိအိမ်သို့ခေါ်ကာ အစားအစာများကို တည်ခင်းကျွေးမွေး၏။ သူနှင့်တကွ အိမ်သားအားလုံးသည် ဘုရားသခင်ကို ယုံကြည်ကြသဖြင့် အလွန်ဝမ်းမြောက်ကြ၏။
ထိုအခါ သန့်ရှင်းသောဝိညာဉ်တော်က ဖိလိပ္ပုအား “ထိုမြင်းရထားအနား ချဉ်းကပ်၍လိုက်လော့” ဟု မိန့်တော်မူ၏။
ထို့နောက် သူက မြင်းရထားကို ရပ်စေပြီးမှ ထိုအမတ်နှင့်တကွ ဖိလိပ္ပုသည် ရေထဲသို့ ဆင်း၍ နှစ်ခြင်းမင်္ဂလာပေး၏။
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကြောင့် ခရစ်တော်သည် ကျွန်ုပ်တို့အား ယခုကျွန်ုပ်တို့ ရရှိသည့် ကျေးဇူးတော်ကို ခံစားစေတော်မူ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ဘုန်းတော်ကို မျှဝေခံစားရန် မျှော်လင့်၍ ဂုဏ်ယူဝမ်းမြောက်ကြ၏။
ထိုသူတို့သည် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူထားသောကြောင့် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်၏ လူများဟု ထင်တတ်ကြ၏။ သို့သော် ကျွန်ုပ်တို့သာလျှင် ဘုရားသခင်၏ စစ်မှန်သောလူများဖြစ်ကြ၏။ ကျွန်ုပ်တို့သည် ဝိညာဉ်တော်၏ အကူအညီဖြင့် ဘုရားသခင်ကို ကိုးကွယ်၍ လူ့အားထုတ်မှုအပေါ် အားမကိုးဘဲ ယေရှုခရစ်တော် ပြုပေးသော အမှုအပေါ် အားကိုးကြ၏။
သင်တို့အတွက် သခင်ဘုရား ပြုတော်မူသောအမှုကြောင့် အစဉ်အမြဲ ဝမ်းမြောက်ကြလော့။ ကျွန်ုပ် ထပ်မံ၍ ပြောမည်။ ဝမ်းမြောက်ကြလော့။
ယခုတွင်မူ သင်တို့သည် လုပ်ဆောင်မည့်အစီအစဉ်အကြောင်း မာနထောင်လျက် ကြွားဝါတတ်ကြ၏။ ထိုသို့သော ကြွားဝါခြင်းမှန်သမျှသည် မကောင်းမှုဖြစ်၏။