သူတို့သည် ထ၍ ကိုယ်တော်ကို မြို့ပြင်သို့ နှင်ထုတ်ပြီး တောင်ပေါ်မှ တွန်းချရန် မြို့တည်ရာ တောင်ကမ်းပါးအစွန်းအထိ ခေါ်ဆောင်သွားကြ၏။
တမန်တော်ဝတ္ထု 7:58 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် သူ့အား မြို့ပြင်သို့ ထုတ်ကာ ကျောက်ခဲနှင့်ပေါက်ကြ၏။ သက်သေခံတို့သည် မိမိတို့၏ဝတ်ရုံများကို ချွတ်ပြီး ရှောလုဟု ခေါ်သော လူငယ်တစ်ဦး၏ခြေရင်း၌ ပုံထားကြ၏။ Common Language Bible သူ့ကိုမြို့ပြင်သို့ဆွဲထုတ်ပြီးနောက်ကျောက်ခဲ နှင့်ပေါက်ကြ၏။ အသိသက်သေများသည်မိမိ တို့ဝတ်လုံများကိုရှောလုနာမည်ရှိသူ လူငယ် လူရွယ်တစ်ယောက်အားအပ်ထားကြ၏။- Garrad Bible မြို့ ပြင် သို့ ထုတ် ပြီး လျှင် ခဲ နှင့် ပစ် ခတ် ကြ သော် သက် သေ တို့ သည် ကိုယ့် အင်္ကျီ များ ကို ရှော လု အ မည် ရှိ သော ငယ် ရွယ် သူ၏ ခြေ ရင်း တွင် ချ ထား ကြ၏။ Judson Bible မြို့ပြင်သို့နှင်ထုတ်ပြီးမှ ကျောက်ခဲနှင့် ပစ်ကြ၏။ သက်သေခံတို့သည်လည်း မိမိတို့အဝတ်ကို ရှောလုအမည်ရှိသော လုလင်၏ခြေရင်း၌ ထားကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သူ့ကို မြို့ပြင်သို့ဆွဲထုတ်ပြီးလျှင် ခဲနှင့်ပေါက်ကြ၏။ သက်သေတို့သည် မိမိတို့၏အဝတ်များကို ရှောလုဟုခေါ်သော လူငယ်တစ်ဦး၏ခြေရင်း၌ ချထားကြ၏။ |
သူတို့သည် ထ၍ ကိုယ်တော်ကို မြို့ပြင်သို့ နှင်ထုတ်ပြီး တောင်ပေါ်မှ တွန်းချရန် မြို့တည်ရာ တောင်ကမ်းပါးအစွန်းအထိ ခေါ်ဆောင်သွားကြ၏။
အရှင်၏သက်သေခံဖြစ်သော သတေဖန်အသတ်ခံရစဉ်က အကျွန်ုပ်သည်လည်း အနီးတွင်ရပ်၍ အလိုတူအလိုပါဖြစ်ကာ သူ့ကိုသတ်သောသူတို့၏အဝတ်များကို စောင့်ကြည့်ခဲ့ပါ၏’ ဟု ပြန်လျှောက်၏။
လူတို့သည် အော်ဟစ်လျက် မိမိတို့၏ဝတ်ရုံများကို ချွတ်၍ လွှင့်ပစ်ကာ မြေမှုန့်များကို လေထဲ၌ ကြဲဖြန့်ကြ၏။
ကျွန်ုပ်သည် ခရစ်တော်၏တရားလမ်းကို လိုက်သောသူတို့အား အသေသတ်သည်အထိ ညှဉ်းပန်းနှိပ်စက်လျက် အမျိုးသား အမျိုးသမီးတို့ကို ဖမ်းဆီး၍ ထောင်ထဲသို့ ပို့ခဲ့၏။
ထို့ကြောင့် ဂျေရုဆလင်မြို့၌လည်း ထိုအတိုင်းပြုခဲ့ပါ၏။ အကျွန်ုပ်သည် ယဇ်ပုရောဟိတ်မင်းအကြီးအကဲတို့ထံမှရသော အခွင့်အာဏာဖြင့် ယုံကြည်သူများစွာကို ထောင်ချရုံသာမက သူတို့သေဒဏ်ချမှတ်ခံရသောအခါ၌လည်း ထောက်ခံခဲ့ပါ၏။
ထိုအခါ “ဤသူသည် မောရှေနှင့်ဘုရားသခင်ကို စော်ကားပြောဆိုကြောင်း ကျွန်ုပ်တို့ ကြားပါပြီ” ဟူ၍ လိမ်လည်ပြောဆိုမည့်သူတချို့ကို ခေါ်ဆောင်ခဲ့ကြ၏။
သူတို့သည် မမှန်သောသက်သေခံများကို ခေါ်၍ “ဤလူသည် သန့်ရှင်းသောအရပ်နှင့် ပညတ်ကျမ်းအပေါ် ဆန့်ကျင်သည့်စကားကို မရပ်မနား ပြောဆိုနေ၏။
သို့သော် ထိုသူတို့သည် ကျယ်လောင်စွာ အော်ဟစ်၍ နားများကို ပိတ်လျက် သူ့ထံသို့ အရှိန်အဟုန်ဖြင့် တညီတညွတ်တည်း ပြေးသွားကြ၏။
သတေဖန်ကို သတ်သည့်အမှုတွင် ရှောလုသည်လည်း အလိုတူအလိုပါဖြစ်ခဲ့၏။ ထိုနေ့တွင် ဂျေရုဆလင်မြို့ရှိ အသင်းတော်အား ပြင်းထန်သောညှဉ်းပန်းနှိပ်စက်ခြင်းများ စတင်လာသဖြင့် တမန်တော်တို့မှလွဲ၍ ယုံကြည်သူများသည် ယုဒပြည်နှင့် ရှမာရိပြည်တစ်လျှောက်သို့ ကွဲလွင့်ပျံ့နှံ့သွားကြလေ၏။