တစ်စုံတစ်ဦးသည် ကောင်းကင်ဘုံကို တိုင်တည်၍ ကျိန်ဆိုလျှင် ဘုရားသခင်၏ရာဇပလ္လင်တော်မျှသာမက ထိုပလ္လင်တော်ပေါ်တွင် ထိုင်တော်မူသောဘုရားသခင်ကိုလည်း တိုင်တည်၍ ကျိန်ဆို၏။
တမန်တော်ဝတ္ထု 7:49 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ‘ကောင်းကင်ဘုံသည် ငါ၏ရာဇပလ္လင် ဖြစ်၏။ ကမ္ဘာမြေကြီးသည် ငါ၏ခြေတင်ခုံ ဖြစ်၏။ သင်တို့သည် ငါ့အတွက် မည်သို့သောအိမ်တော်ကို ဆောက်လုပ်မည်နည်းဟု ဘုရားသခင်မိန့်တော်မူ၏။ ငါစံမြန်းနားခိုရာသည် အဘယ်အရပ်ဖြစ်သနည်း။ Common Language Bible `ကောင်းကင်ဘုံသည်ငါ၏ပလ္လင်ဖြစ်၏။ ကမ္ဘာမြေကြီးသည်ငါ၏ခြေတင်ခုံဖြစ်၏။ သင်သည်အဘယ်သို့သောဗိမာန်တော်ကို ငါ့အတွက်တည်ဆောက်မည်နည်း။ ငါကျိန်းဝပ်ရန်အရပ်ကားအဘယ်မှာနည်း။ Judson Bible မြေကြီးသည် ငါ့ခြေတင်ရာခုံဖြစ်၏။ အဘယ်သို့သောဗိမာန်ကို ငါ့အဖို့ တည်ဆောက်ကြမည်နည်း။ အဘယ်အရပ်သည် ငါ့ကျိန်းဝပ်ရာအရပ်ဖြစ်မည်နည်း။- ငါ့လက်သည် ဤအရာအလုံးစုံတို့ကို ဖန်ဆင်းသည် မဟုတ်လောဟု ထာဝရဘုရား၏ ဗျာဒိတ်တော်အချက်ကို ပရောဖက်ပြန်ကြားသည်နှင့်အညီ၊ အမြင့်ဆုံးသောဘုရားသည် လူတို့လက်ဖြင့်လုပ်သော ဗိမာန်၌ ကျိန်းဝပ်တော်မူသည်မဟုတ်။ မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား ‘ကောင်းကင်သည် ငါ၏ပလ္လင်ဖြစ်၏။ မြေကြီးသည် ငါ၏ခြေတင်ခုံဖြစ်၏။ သင်တို့သည် မည်သို့သောအိမ်ကို ငါ့အတွက်တည်ဆောက်ကြမည်နည်း။ မည်သည့်အရပ်သည် ငါနားနေရာအရပ်ဖြစ်မည်နည်း။ |
တစ်စုံတစ်ဦးသည် ကောင်းကင်ဘုံကို တိုင်တည်၍ ကျိန်ဆိုလျှင် ဘုရားသခင်၏ရာဇပလ္လင်တော်မျှသာမက ထိုပလ္လင်တော်ပေါ်တွင် ထိုင်တော်မူသောဘုရားသခင်ကိုလည်း တိုင်တည်၍ ကျိန်ဆို၏။
ထိုအခါ ယေရှုက “ဤအဆောက်အအုံများကို သင်တို့မြင်ကြသည် မဟုတ်လော။ သင်တို့အား ငါအမှန်ဆို၏။ ဤအဆောက်အအုံများသည် အကုန်အစင်ဖြိုဖျက်ခံရလိမ့်မည်။ ကျောက်တစ်ချပ်အပေါ်တွင် တစ်ချပ်မျှ တင်ကျန်နေလိမ့်မည် မဟုတ်” ဟု မိန့်တော်မူ၏။
ယေရှုက “အမျိုးသမီး… ငါ့စကားကို ယုံလော့။ ဤတောင်တွင်လည်းမဟုတ်၊ ဂျေရုဆလင်မြို့တွင်လည်း မဟုတ်ဘဲ ခမည်းတော်ကို သင်တို့ကိုးကွယ်ရမည့်အချိန် ရောက်လာလိမ့်မည်။
ငါသည် အောင်မြင်၍ ငါ့ခမည်းတော်၏ရာဇပလ္လင်ပေါ်တွင် ငါ့ခမည်းတော်နှင့်အတူ ထိုင်နေသကဲ့သို့ အောင်မြင်သောသူတို့ကိုလည်း ငါ၏ရာဇပလ္လင်ပေါ်တွင် ငါနှင့်အတူ ထိုင်ခွင့်ပေးမည်။