ထို့နောက် ယေရှုသည်ကျမ်းစာလိပ်ကို ပြန်လိပ်ပြီးမှ အစောင့်တာဝန်ခံအား ပြန်ပေးပြီးလျှင် ထိုင်တော်မူ၏။ ဝတ်ပြုဆောင်၌ရှိသော လူအပေါင်းတို့သည် ယေရှုကိုစိုက်ကြည့်နေကြ၏။
တမန်တော်ဝတ္ထု 3:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ပေတရုနှင့် ယောဟန်တို့သည် ထိုသူအား စိုက်ကြည့်ကြ၏။ ပေတရုက “ငါတို့ကို ကြည့်လော့” ဟု ပြော၏။ Common Language Bible ထိုသူနှစ်ယောက်သည်သူ့ကိုစေ့စေ့ကြည့် ကြ၏။ ထိုနောက်ပေတရုက``ငါတို့ကို ကြည့်လော့'' ဟုဆို၏။- Garrad Bible ထို အ ခါ ပေ တ ရု သည် ယော ဟန် နှင့် တ ကွ စိန်း စိန်း ကြည့် လျက် ငါ တို့ ကို ကြည့် လော့ ဟု ဆို ရာ၊ Judson Bible ထိုအခါ ပေတရုနှင့် ယောဟန်တို့သည် ထိုသူကိုစေ့စေ့ကြည့်ရှု၍ ငါတို့အား မျှော်ကြည့်လော့ဟုဆိုလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ပေတရုသည် ယောဟန်နှင့်အတူ သူ့ကိုစေ့စေ့ကြည့်လျက် “ငါတို့ကိုကြည့်ပါ”ဟု ဆို၏။ |
ထို့နောက် ယေရှုသည်ကျမ်းစာလိပ်ကို ပြန်လိပ်ပြီးမှ အစောင့်တာဝန်ခံအား ပြန်ပေးပြီးလျှင် ထိုင်တော်မူ၏။ ဝတ်ပြုဆောင်၌ရှိသော လူအပေါင်းတို့သည် ယေရှုကိုစိုက်ကြည့်နေကြ၏။
ယေရှုက “သင်ယုံကြည်လျှင် ဘုရားသခင်၏ ဘုန်းတော်ကို မြင်ရမည်ဟု သင့်အား ငါပြောခဲ့ပြီ မဟုတ်လော” ဟု မာသကို မိန့်တော်မူ၏။
ယေရှုသည် ထိုသူ လဲလျောင်းနေသည်ကို မြင်၍ နာမကျန်းဖြစ်နေသည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်းကို သိတော်မူလျှင် “သင်ကျန်းမာလိုသလော” ဟု မေးတော်မူ၏။
ကော်နေလိသည် ကြောက်ရွံ့သဖြင့် ကောင်းကင်တမန်အား သေချာစွာကြည့်လျက် “မိန့်တော်မူပါအရှင်” ဟု လျှောက်လေ၏။ ကောင်းကင်တမန်က “သင့်ဆုတောင်းသံနှင့် အလှူအတန်းတို့ကို ဘုရားသခင်အသိအမှတ်ပြုတော်မူပြီ။
သေချာစွာကြည့်သောအခါ ခြေလေးချောင်းသတ္တဝါများ၊ အသားစားသတ္တဝါများ၊ တွားသွားသတ္တဝါများနှင့် ငှက်များပါရှိသည်ကို တွေ့ရ၏။
တစ်နေ့သောအခါ ဆုတောင်းရန်မွန်းလွဲသုံးနာရီအချိန်တွင် ပေတရုနှင့် ယောဟန်တို့သည် ဗိမာန်တော်သို့ သွားကြ၏။
သူသည် ပေတရုနှင့် ယောဟန်တို့ကို ဖက်တွယ်ထားလျက်နေစဉ် လူအပေါင်းတို့သည် အလွန်အံ့အားသင့်လျက် သူတို့ရှိရာ “ရှောလမုန်ဆင်ဝင်” ဟု ခေါ်သော ဆင်ဝင်သို့ ပြေးလာကြ၏။
ပေတရုသည် ထိုအရာကို မြင်သောအခါ သူတို့အား “အို အစ္စရေးလူမျိုးတို့… သင်တို့သည် အဘယ်ကြောင့် ဤအဖြစ်အပျက်ကို အံ့သြကြသနည်း။ ငါတို့သည် ကိုယ့်တန်ခိုး၊ ကိုယ့်အကျင့်သီလဖြင့် ဤသူအားလမ်းလျှောက်စေနိုင်သည့်အလား အဘယ်ကြောင့် ငါတို့အား ငေးမောကြည့်ကြသနည်း။
ထိုသူသည် ဗိမာန်တော်သို့ ဝင်လာသည့်ပေတရုနှင့် ယောဟန်တို့ကို မြင်သောအခါ ငွေကြေးစွန့်ကြဲရန် တောင်းခံလေ၏။
ထိုအခါ ထိုသူသည် တမန်တော်တို့ထံမှ တစ်စုံတစ်ခုကို ရမည်ဟု မျှော်လင့်လျက် မျှော်ကြည့်လေ၏။