အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




တမန်တော်ဝတ္ထု 28:13 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ထို​မြို့​မှ တစ်ဖန်​ရွက်လွှင့်​ပြန်ရာ ရေဂျူမြို့​သို့​ရောက်ကြ၏။ တစ်ရက်​ကြာ​သော် တောင်လေ​တိုက်​သဖြင့် နောက်​တစ်နေ့​တွင် ပေါတယောလိမြို့​သို့ ရောက်ကြ၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို​မြို့​မှ​ရွက်​လွှင့်​ပြန်​ရာ​ရေ​ဂျုန်​မြို့​သို့​ရောက် ကြ​၏။ နောက်​တစ်​နေ့​၌​တောင်​လေ​လာ​သ​ဖြင့် နှစ်​ရက်​ကြာ​သော်​ပေါ​တ​ယော​လိ​မြို့​သို့​ရောက် ကြ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

လေ ခိုး တိုက် လျက် ရေ ဂျုံ မြို့ သို့ ရောက်၍ နောက် တစ် ရက် တောင် လေ တိုက် သ ဖြင့်၊ ဒု တိ ယ ရက်၌ ပေါ တ ယော လိ မြို့ သို့ ဆိုက် ရောက် ကြ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ထို​မြို့​မှ​လွှင့်​ပြန်၍ ဝိုက်​သွား​သ​ဖြင့်၊ ရေ​ဂျုန်​မြို့ သို့​ရောက်၍ တစ်​ရက်​နေ​ပြီး​မှ တောင်​လေ​လာ​သော​ကြောင့်၊ နှစ်​ရက်​တွင်​ပေါ​တ​ယော​လိ​မြို့​သို့ ရောက်​ကြ၏။-

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

တစ်ဖန် ရွက်လွှင့်​ပြန်​ရာ ရေဂျုန်​မြို့​သို့​ရောက်​ကြ​၏။ နောက်​တစ်​နေ့​တွင် တောင်​လေ​တိုက်​လာ​သဖြင့် ဒုတိယ​နေ့​၌ ပေါတယောလိ​မြို့​သို့​ရောက်​ကြ​၏။

အခန်းကိုကြည့်ပါ။



တမန်တော်ဝတ္ထု 28:13
3 ပူးပေါင်းရင်းမြစ်များ  

တောင်လေ​သည် ဖြည်းညင်း​စွာ​တိုက်ခတ်လာ​သောအခါ သူတို့​သည် မိမိတို့​အကြံအစည်​အောင်မြင်မည်​ဟု ထင်မှတ်​၍ ကျောက်ဆူး​ကို​နှုတ်​ကာ ကရေတေကျွန်း​၏​ကမ်းခြေ​ကို​ကပ်​လျက် ရွက်လွှင့်ကြ၏။


ထို့နောက် ကျွန်ုပ်တို့​သည် သရကုတ်မြို့​၌​ဆိုက်ကပ်​၍ ထို​မြို့​၌ သုံးရက်​တည်းခိုကြ၏။


ထို​မြို့​တွင် ယုံကြည်သူတို့​ကို​တွေ့​သော် သူတို့​က ခုနစ်ရက်​ခန့် နေ​ရန် တောင်းပန်သည့်​အတိုင်း နေ​ပြီးနောက် ကျွန်ုပ်တို့​သည် ရောမမြို့​သို့​သွားကြ၏။