ကရေတေပြည်သားနှင့် အာရပ်ပြည်သားများစသည်ဖြင့်အသီးသီးရှိကြ၏။ သို့ရာတွင် ဤသူတို့သည် ငါတို့၏ဘာသာစကားဖြင့် ဘုရားသခင်၏အံ့ဖွယ်အမှုတော်တို့ကို ဟောပြောလေပြီ” ဟု ဆိုကြ၏။
တမန်တော်ဝတ္ထု 27:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် ရက်ပေါင်းများစွာ ဖြည်းဖြည်းသာ ရွက်လွှင့်ကြပြီး ကနိဒ်မြို့အနီးသို့ ခက်ခဲစွာ ရောက်ရှိကြ၏။ လေသည် ဆန့်ကျင်ဘက်တိုက်ခတ်သောကြောင့် သာလမုန်အငူနားမှဖြတ်၍ ကရေတေကျွန်း၏လေကွယ်ရာဘက်မှ ရွက်လွှင့်ကြ၏။ Common Language Bible ကျွန်ုပ်တို့သည်တရွေ့ရွေ့ရက်ပေါင်းများစွာရွက် လွှင့်ပြီးနောက် ကနိဒ်မြို့အနီးသို့ခက်ခက်ခဲခဲ နှင့်ရောက်ကြ၏။ လေမသင့်၍ရှေ့သို့မသွား နိုင်သဖြင့်ကျွန်ုပ်တို့သည်သာလမုန်အငူ အနီးမှဖြတ်၍ ကရေတေကျွန်းတောင်ဘက် လေရိပ်ကိုခိုလျက်ရွက်လွှင့်ကြ၏။- Garrad Bible ရက် ပေါင်း များ စွာ တ ဖြည်း ဖြည်း တိုက် သွား လျက် က နိဒ် မြို့ ရင် ဆိုင် သို့ ခက် ခဲ စွာ ရောက် သော် လေ ပြင်း တိုက်၍ ရှေ့ ရှု မ သွား နိုင် သော ကြောင့် သာ လ မုန် အ ငူ ရင် ဆိုင် က၊ က ရေ တေ ကျွန်း တစ် လျှောက် လေ ခို လျက်၊ Judson Bible နှေးနှေးသာသွား၍ နေ့ရက်ကာလကြာသောအခါ၊ ပင်ပန်းစွာ ကြိုးစား၍ ကနိဒ်မြို့နှင့်တည့်တည့်ရောက်ပြီးမှ၊ လေမသင့်သောကြောင့် ကရေတေကျွန်း အရှေ့ဘက်၊ သာလမုန်အငူနှင့်တည့်တည့်သို့ ပင်ပန်းစွာ လျှောက်သွား၍၊- မြန်မာ့စံမီသမ္မာကျမ်း ရက်ပေါင်းများစွာတစ်ရွေ့ရွေ့ရွက်လွှင့်ကြပြီးနောက် ကနိဒ်မြို့နားသို့ ခက်ခဲစွာဖြင့်ရောက်ရှိကြ၏။ ငါတို့သည် လေကြောင့် ဆက်မသွားနိုင်တော့သဖြင့် သာလမုန်အငူနားမှဖြတ်၍ ကရေတေကျွန်း၏လေကွယ်ရာဘက်မှ ရွက်လွှင့်သွားကြ၏။ |
ကရေတေပြည်သားနှင့် အာရပ်ပြည်သားများစသည်ဖြင့်အသီးသီးရှိကြ၏။ သို့ရာတွင် ဤသူတို့သည် ငါတို့၏ဘာသာစကားဖြင့် ဘုရားသခင်၏အံ့ဖွယ်အမှုတော်တို့ကို ဟောပြောလေပြီ” ဟု ဆိုကြ၏။
ကျွန်ုပ်တို့သည် အချိန်ကြာမြင့်စွာ အစာမစားဘဲနေကြပြီးနောက် ပေါလုက သူတို့အလယ်တွင် ရပ်လျက် “မိတ်ဆွေတို့… သင်တို့သည် ကျွန်ုပ်၏အကြံပြုချက်ကိုလက်ခံ၍ ကရေတေကျွန်းမှရွက်မလွှင့်လျှင် ဤပျက်စီးဆုံးရှုံးမှုနှင့် ကြုံရမည်မဟုတ်ပါ။
ထိုနေရာမှ ကျွန်ုပ်တို့ရွက်လွှင့်ကြသောအခါ လေသည်ဆန့်ကျင်ဘက်တိုက်သောကြောင့် ဆိုက်ပရပ်ကျွန်း၏လေကွယ်ရာကိုခိုလျက် ရွက်လွှင့်ကြ၏။
ကရေတေကျွန်းသား ပရောဖက်တစ်ဦးကပင် “ကရေတေကျွန်းသား၊ စဉ်မြဲလှည့်စား၊ သားရဲဆိုးယုတ်၊ စားကြူးတုတ်လေ လူပျင်းပေ” ဟူ၍ ဆိုခဲ့၏။
သင့်ကို ကရေတေကျွန်း၌ ကျွန်ုပ်ချန်ထားခဲ့ရခြင်းမှာ ကျွန်ုပ်ညွှန်ကြားထားသည့်အတိုင်း မပြီးဆုံးသေးသော ကိစ္စများကို စီမံဆောင်ရွက်ရန်နှင့် မြို့တိုင်းတွင် သင်းအုပ်များကို ခန့်ထားစေရန် ဖြစ်၏။