အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




တမန်တော်ဝတ္ထု 27:40 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ထို့နောက် ကျောက်ဆူးများ​ကို​ဖြတ်​၍ ပင်လယ်​ထဲသို့​ချလိုက်ကြ၏။ တစ်ချိန်တည်း​တွင်ပင် တက်မကြိုးများ​ကို​ဖြေ​လျက် သင်္ဘောရွက်​ကို​တင်ပြီး ကမ်း​သို့​ဦးတည်​ရွက်လွှင့်ကြ၏။

အခန်းကိုကြည့်ပါ။

Common Language Bible

သူ​တို့​သည်​ကျောက်​ကြိုး​ကို​ဖြတ်​၍​ကျောက်​ဆူး များ​ကို​ပင်​လယ်​ထဲ​သို့​ချ​လိုက်​ကြ​၏။ တစ်​ချိန် တည်း​မှာ​ပင်​ပဲ့​ထိန်း​တက်​များ​မှ​ကြိုး​တို့​ကို လည်း​ဖြေ​ကြ​၏။ ထို​နောက်​သင်္ဘော​ဦး​မှ​ရွက် ကို​တင်​၍​ကမ်း​ခြေ​ဘက်​သို့​ရွက်​တိုက်​ကြ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ကျောက် ဆူး များ ကို ပင် လယ် ထဲ၌ ဖြုတ် ထား ခဲ့ ပြီး လျှင် တက် မ သေ ကြိုး များ ကို ဖြည်၍ ဦး ဘက် က ရွက် တင် လျက် ထို သောင် သို့ တိုက် သွား ကြ ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ကျောက်​ဆူး​တို့​ကို လွှတ်၍ ပင်​လယ်​ထဲ​သို့ ချ​လိုက်​ပြီး​မှ တက်​မ​တို့​ကို ဆိုင်း​သော​ကြိုး​များ​ကို ဖြည်၍၊ ရွက်​ကို​လေ၌ ဖြန့်​ဖွင့်​လျက် ကမ်း​နား​သို့ တိုက်​သွား​ကြ၏။-

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို့နောက် ကျောက်ဆူး​များ​ကို ပင်လယ်​ထဲသို့​ဖြုတ်​ချ​ခဲ့​၍ တစ်ချိန်တည်း​၌​ပင် တက်မ​ကြိုး​များ​ကို​ဖြေ​လျက် ရွက်​ကို​တင်​ပြီး ကမ်းခြေ​ဘက်​သို့​လွှင့်​သွား​ကြ​၏။

အခန်းကိုကြည့်ပါ။



တမန်တော်ဝတ္ထု 27:40
5 ပူးပေါင်းရင်းမြစ်များ  

တစ်နေ့​၌ ယေရှု​သည် ဂါလိလဲအိုင်​နံဘေး​တစ်လျှောက် ကြွတော်မူ​စဉ် အိုင်​ထဲတွင် ကွန်ပစ်နေကြသည့် ပေတရု​ဟု ခေါ်သော ရှိမုန်​နှင့် ညီဖြစ်သူ​အန္ဒြေ​တို့​ကို တွေ့မြင်တော်မူ၏။ ထို​သူတို့​သည် တံငါသည်များ​ဖြစ်ကြ၏။


ထို​လှေငယ်​ကို သင်္ဘော​ပေါ်သို့​တင်ပြီး​သောအခါ သင်္ဘော​ကိုယ်ထည်​ခိုင်ခံ့​စေရန် ကြိုး​ဖြင့်​ပတ်ချည်ထားကြ၏။ ဆိတင်​သဲသောင်​တွင် သောင်တင်မည်​ကိုလည်း​စိုးရိမ်​သောကြောင့် သင်္ဘော​ရွက်ထည်​ကို သိမ်း​သဖြင့် လေတိုက်ရာ​သို့ လွင့်ပါကြရ၏။


သို့သော် ပင်လယ်ရေကြောင်း​ဆုံရာ​သဲသောင်ပေါ်​သို့ သင်္ဘော​ထိုးစိုက်​သဖြင့် သင်္ဘော​ဦးပိုင်း​သည် သောင်တင်​၍ မလှုပ်နိုင်သည့်​အပြင် ပဲ့​ကိုလည်း လှိုင်းလုံးများ​ရိုက်ခတ်​သောကြောင့် ကျိုးပျက်လေ၏။