ပေတရု၏ဟောပြောသွန်သင်ချက်ကို လက်ခံယုံကြည်သောသူတို့သည် နှစ်ခြင်းမင်္ဂလာခံယူကြသဖြင့် ထိုနေ့၌ ယုံကြည်သည့်လူဦးရေသုံးထောင်ခန့် တိုးပွားလာ၏။
တမန်တော်ဝတ္ထု 27:37 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်္ဘောပေါ်တွင် လူပေါင်းနှစ်ရာခုနစ်ဆယ့်ခြောက်ယောက်ပါရှိကြ၏။ Common Language Bible သင်္ဘောပေါ်တွင်စုစုပေါင်းလူနှစ်ရာခုနစ် ဆယ့်ခြောက်ယောက်ရှိ၏။- Garrad Bible သင်္ဘော တွင် ပါ သူ ဦး ရေ ကား နှစ် ရာ ခု နစ် ဆယ့် ခြောက် ယောက် တည်း။ Judson Bible ထိုသင်္ဘော၌ ပါသောသူများတို့သည် အရေအတွက်အားဖြင့် နှစ်ရာခုနစ်ကျိပ်ခြောက်ယောက် ရှိသတည်း။- မြန်မာ့စံမီသမ္မာကျမ်း သင်္ဘောပေါ်တွင် လူပေါင်းနှစ်ရာခုနစ်ဆယ့်ခြောက်ယောက်ရှိ၏။ |
ပေတရု၏ဟောပြောသွန်သင်ချက်ကို လက်ခံယုံကြည်သောသူတို့သည် နှစ်ခြင်းမင်္ဂလာခံယူကြသဖြင့် ထိုနေ့၌ ယုံကြည်သည့်လူဦးရေသုံးထောင်ခန့် တိုးပွားလာ၏။
အစာကိုဝအောင်စားသောက်ပြီးကြသောအခါ ဂျုံဆန်ကို ပင်လယ်ထဲသို့ပစ်ချ၍ သင်္ဘောကိုပေါ့စေကြ၏။
ထို့နောက် ယောသပ်သည် လူလွှတ်၍ သူ၏ဖခင်ယာကုပ်နှင့်တကွ ဆွေမျိုးခုနစ်ဆယ့်ငါးဦးတို့ကို မိမိထံ ဆင့်ခေါ်လေ၏။
လူတိုင်း အစိုးရ၏ အမိန့်အာဏာကို နာခံကြရမည်။ အဘယ်ကြောင့်ဆိုသော် အာဏာဟူသမျှသည် ဘုရားသခင်ထံမှ လာသောကြောင့်ဖြစ်၏။ အုပ်စိုးလျက်ရှိသော အာဏာများသည် ဘုရားသခင် ခန့်ထားတော်မူသည့်အာဏာများ ဖြစ်၏။
ထိုဝိညာဉ်များမှာ နောဧသည် သင်္ဘောဆောက်စဉ် ဘုရားသခင် စိတ်ရှည်စွာ စောင့်ဆိုင်းတော်မူသော်လည်း နောင်တမရသည့် မယုံကြည်သောသူများဖြစ်ကြ၏။ ထိုအချိန်တွင် သင်္ဘောထဲမှ အနည်းငယ်ဖြစ်သော လူရှစ်ဦးသာ ရေလွှမ်းမိုးခြင်းမှ ကယ်တင်ခံခဲ့ကြ၏။