သို့ဖြစ်၍ ဆရာတော် မည်သို့ထင်မြင်သည်ကို အကျွန်ုပ်တို့အားပြောပါ။ ဆီဇာဘုရင်အား အကျွန်ုပ်တို့က အခွန်ပေးဆောင်ခြင်းသည် ပညတ်တော်နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော” ဟု မေးလျှောက်ကြ၏။
တမန်တော်ဝတ္ထု 25:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ရာတွင် ပေါလုက ဆီဇာဘုရင်၏အဆုံးအဖြတ်ကို ခံယူလို၍ မိမိအားအချုပ်ခန်းတွင်သာထိန်းသိမ်းထားရန် တောင်းဆိုသောကြောင့် သူ့ကိုဆီဇာဘုရင်ထံပို့မည့်အချိန်အထိ ထိန်းသိမ်းထားရန် အမိန့်ပေးထားပါသည်” ဟု ဆိုလေ၏။ Common Language Bible သို့ရာတွင်ပေါလုသည်ဧကရာဇ်ဘုရင်မင်း၏ အဆုံးအဖြတ်ကိုသာခံယူလိုကြောင်းပြော ပြပါသည်။ သူသည်မိမိအားအချုပ်နှင့်ပင် ထားရှိ၍ ဧကရာဇ်မင်း၏အဆုံးအဖြတ်ကို ခံလိုကြောင်းပန်ကြားသဖြင့် သူ့ကိုဧကရာဇ် မင်းထံပို့အပ်ချိန်အထိချုပ်ထားရန်အမိန့် ပေးခဲ့ပါသည်'' ဟုဆို၏။ Garrad Bible ဧ က ရာဇ် ဘု ရင့် ထံ အ ယူ တော် ခံ လို ကြောင်း ပေါ လု လျှောက် ထား သည့် အ တိုင်း ကဲ သာ မင်း ထံ မ ပို့ မ ချင်း ချုပ် ထား စေ ဟု အ မိန့် ရှိ လိုက် ပါ သည် ဟူ၍ ပြော ဆို၏။ Judson Bible ပေါလုသည် ဘုန်းကြီးတော်မူသော ဘုရင်၏အယူတော်ကို ခံလို၍ မိမိကိုချုပ်ထားစေခြင်းငှာ တောင်းပန်သောကြောင့်၊ သူ့ကိုကဲသာဘုရင်ထံတော်သို့ မစေလွှတ်မီတိုင်အောင် ချုပ်ထားစေခြင်းငှာ ကျွန်ုပ်စီရင်သည်ဟု ဖေတ္တုမင်းသည် ပြောဆို၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ပေါလုက ဧကရာဇ်မင်း၏စီရင်ဆုံးဖြတ်ခြင်းကိုခံယူသည်အထိ သူ့အားထိန်းသိမ်းထားပါရန် တောင်းဆိုသဖြင့် သူ့ကို ဆီဇာဧကရာဇ်ထံပို့သည်အထိ ထိန်းသိမ်းထားရန် အမိန့်ပေးထားပါသည်”ဟု ဆိုလေ၏။ |
သို့ဖြစ်၍ ဆရာတော် မည်သို့ထင်မြင်သည်ကို အကျွန်ုပ်တို့အားပြောပါ။ ဆီဇာဘုရင်အား အကျွန်ုပ်တို့က အခွန်ပေးဆောင်ခြင်းသည် ပညတ်တော်နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော” ဟု မေးလျှောက်ကြ၏။
ထိုကာလ၌ ရောမဘုရင် ဩဂတ်စ်တပ်စ်ဆီဇာသည် တစ်နိုင်ငံလုံးတွင် သန်းခေါင်စာရင်းကောက်ယူရန် ကြေညာချက်ထုတ်ပြန်၏။
အဂြိပ္ပမင်းကြီးကလည်း ဖေတ္တုမင်းအား “ဤသူသည်ဆီဇာဘုရင်ထံ အယူခံဝင်ခြင်းမပြုခဲ့ပါလျှင် လွှတ်ပေးနိုင်သည်” ဟု ဆိုလေ၏။
သို့ရာတွင် ဂျူးလူမျိုးများက ကန့်ကွက်ကြသောအခါ ကျွန်ုပ်သည်ဆီဇာဘုရင်ထံ မလွဲသာ၍ အယူခံဝင်ရ၏။ ထိုသို့အယူခံဝင်ရခြင်းမှာ ကျွန်ုပ်၏လူမျိုးကို စွပ်စွဲရန် အကြောင်းတစ်စုံတစ်ရာရှိ၍ မဟုတ်ပါ။
ကျွန်ုပ်၏အမှုကို ပထမဆုံးအကြိမ် ချေပပြောဆိုရာတွင် မည်သူမျှ ကျွန်ုပ်ဘက်၌ မကူညီဘဲ လူတိုင်းကျွန်ုပ်ကို စွန့်ပစ်ခဲ့ကြ၏။ ဤအရာကြောင့် သခင်ဘုရားသည် ထိုသူတို့ကို အပြစ်တင်တော်မမူပါစေနှင့်။