သူတို့သည် ပေါလုကိုသတ်ရန် ကြိုးပမ်းနေကြစဉ် ဂျေရုဆလင်တစ်မြို့လုံး ရုန်းရင်းဆန်ခတ်ဖြစ်နေသောသတင်းသည် ရောမတပ်ဖွဲ့တစ်ဖွဲ့၏တပ်မှူးကြီးထံ ရောက်လေ၏။
တမန်တော်ဝတ္ထု 24:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် တပ်မှူးကြီးလုသိသည်ဝင်လာ၍ သူ့အား အကျွန်ုပ်တို့လက်မှ အတင်းခေါ်ဆောင်သွားပါ၏။ Common Language Bible တပ်မှူးလုသိသည်လာ၍အကျွန်ုပ်တို့လက် မှအတင်းအဋ္ဌမ္မခေါ်ယူသွားပါ၏။- Judson Bible စစ်သူကြီးလုသိသည် စစ်သူရဲများနှင့်လာ၍ အကျွန်ုပ်တို့ လက်မှနုတ်ပြီးလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း [ထို့နောက် သူ့ကို အကျွန်ုပ်တို့၏ပညတ်တရားအတိုင်း စီရင်မည်ပြုစဉ် တပ်မှူးကြီးလုသိသည် ဝင်လာ၍ သူ့ကို အကျွန်ုပ်တို့လက်ထဲမှ မရမကခေါ်ယူသွားပြီး သူ့ကိုစွပ်စွဲသောသူတို့အား အရှင့်ထံသို့လာရန် အမိန့်ပေးခဲ့ပါသည်။] |
သူတို့သည် ပေါလုကိုသတ်ရန် ကြိုးပမ်းနေကြစဉ် ဂျေရုဆလင်တစ်မြို့လုံး ရုန်းရင်းဆန်ခတ်ဖြစ်နေသောသတင်းသည် ရောမတပ်ဖွဲ့တစ်ဖွဲ့၏တပ်မှူးကြီးထံ ရောက်လေ၏။
လှေကားနားသို့ရောက်သောအခါ လူထု၏ဆူပူသောင်းကျန်းမှုသည် အလွန်ပြင်းထန်လာသောကြောင့် စစ်သားများသည် ပေါလုကို ထမ်း၍ ခေါ်သွားကြရ၏။
ငြင်းခုံမှုပို၍ပြင်းထန်လာသဖြင့် တပ်မှူးကြီးက ပေါလုအပိုင်းပိုင်းဆွဲဖြတ်ခံရမည်ကို စိုးရိမ်လေ၏။ ထို့ကြောင့် သူက “ပေါလုကို သူတို့ထံမှ အတင်းခေါ်ဆောင်လာ၍ စခန်းအတွင်းသို့ ခေါ်ဆောင်သွားကြလော့” ဟု စစ်သားများအား အမိန့်ပေးလေ၏။
တပ်မှူးကြီးသည် တပ်မှူးနှစ်ဦးကို ခေါ်၍ “ညကိုးနာရီအချိန်၌ ဆီဇာရီးယားမြို့သို့သွားရန် စစ်သားနှစ်ရာ၊ မြင်းစီးတပ်သားခုနစ်ဆယ်နှင့် လှံကိုင်တပ်သားနှစ်ရာတို့ကို အဆင်သင့်ပြင်ဆင်ကြလော့။
ထို့ပြင် ဗိမာန်တော်ကိုလည်း ညစ်ညမ်းစေရန် ကြိုးစားအားထုတ်သောကြောင့် အကျွန်ုပ်တို့သည် သူ့ကိုဖမ်းဆီးခဲ့ပါ၏။ (အကျွန်ုပ်တို့သည် သူ့အား ဂျူးပညတ်တရားအတိုင်း စီရင်လို၏။
ထို့နောက် သူ့ကို စွပ်စွဲသောသူတို့အား အရှင့်ထံသို့လာရန် အမိန့်ပေးခဲ့ပါ၏။) အရှင်ကိုယ်တိုင် သူ့အားစစ်ဆေးမေးမြန်းကြည့်လျှင် အကျွန်ုပ်တို့စွပ်စွဲထားသည့် အကြောင်းအရာအားလုံးကို သိမြင်လာပါလိမ့်မည်” ဟူ၍ ဖြစ်၏။