တမန်တော်ဝတ္ထု 23:33 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မြင်းစီးတပ်သားတို့သည် ဆီဇာရီးယားမြို့သို့ရောက်လျှင် စာကိုဘုရင်ခံထံသို့ပေးအပ်၍ ပေါလုကိုလည်း သူ့ထံသို့အပ်နှံကြ၏။ Common Language Bible မြင်းတပ်သားများသည်ကဲသရိမြို့သို့ရောက် သောအခါ တပ်မှူး၏စာကိုဘုရင်ခံမင်းအား ပေးဆက်ကာပေါလုကိုရှေ့တော်သို့သွင်း ကြ၏။- Garrad Bible မြင်း စီး သူ ရဲ တို့ လည်း ကဲ သ ရိ မြို့ သို့ ရောက် သော် ဘု ရင် ခံ မင်း လက် သို့ စာ ပေး၍ ပေါ လု ကို အပ် ကြ ၏။ Judson Bible မြင်းစီးသူရဲတို့သည် ကဲသရိမြို့သို့ရောက်လျှင်၊ စစ်သူကြီး၏စာကို မြို့ဝန်မင်းလက်သို့အပ်ပေး၍၊ ပေါလုကိုလည်း ရှေ့တော်၌ သွင်းထားကြ၏။- မြန်မာ့စံမီသမ္မာကျမ်း မြင်းတပ်သားတို့သည် ဆီဇာရီးယားမြို့သို့ရောက်လျှင် စာကို ဘုရင်ခံအားပေးအပ်ကာ ပေါလုကိုလည်း သူ့ထံသို့အပ်ကြ၏။ |
ငါးရက်ကြာသောအခါ ယဇ်ပုရောဟိတ်မင်းအာနနိသည် ရှေ့နေတေရတုလုအပါအဝင် အကြီးအကဲတချို့နှင့်အတူ ရောက်လာ၍ ဘုရင်ခံထံ ပေါလုကို တရားစွဲဆိုကြ၏။
ဤသို့သောဆောင်ရွက်ချက်များကြောင့် အကျွန်ုပ်တို့သည် အရှင့်ကို အထူးကျေးဇူးတင်လျက် ကြိုဆိုကြပါ၏။
ထိုမြို့တွင် သူတို့သည် ရက်အတန်ကြာနေကြသောကြောင့် ဖေတ္တုမင်းသည် ပေါလု၏ကိစ္စကို အဂြိပ္ပမင်းကြီးထံ၌တင်ပြလေ၏။ ဖေတ္တုမင်းက “ဖေလဇ်မင်း ချန်ထားခဲ့သောအကျဉ်းသားတစ်ဦး ရှိပါ၏။
ရောမမြို့သို့ ကျွန်ုပ်တို့ရောက်သောအခါ ပေါလုသည် အကျယ်ချုပ်ဖြင့် သီးသန့်နေခွင့်ရပြီး သူ့အား စောင့်ကြပ်သည့်စစ်သားတစ်ဦးသည်လည်း သူနှင့်အတူ ရှိ၏။
ဖိလိပ္ပုမှာမူ အာဇုတ်မြို့၌ ရောက်ရှိနေပြီး ထိုမြို့မှ ဆီဇာရီးယားမြို့တိုင်အောင် မြို့အသီးသီးသို့ ဝင်ထွက်၍ သတင်းကောင်းကို ဟောပြောလေ၏။