ကျွန်ုပ်တို့သည် ပေါလုအား တောင်းပန်ပြောဆို၍ မရသောအခါ တိတ်ဆိတ်စွာ နေလျက် “ဘုရားသခင်၏အလိုတော်အတိုင်းသာ ဖြစ်ပါစေ” ဟု ဆိုကြ၏။
ပေါလုအားတောင်းပန်၍မရသောအခါ ကျွန်ုပ် တို့သည် ``သခင်ဘုရား၏အလိုတော်အတိုင်း ပင်ဖြစ်ပါစေသော'' ဟုဆိုကာလက်လျှော့လိုက် ကြ၏။
ငါ တို့ သွေး ဆောင်၍ မ ရ သော် အ ရှင် ဘု ရား၏ အ လို တော် အ တိုင်း ဖြစ် ပါ စေ ဟု ဆို လျက် ဝန် ခံ ရ ကြ ၏။
ထိုသို့သွေးဆောင်ခြင်းသို့ မလိုက်သောအခါ ငါတို့သည် မသွေးဆောင်ဘဲနေ၍၊ သခင်ဘုရား အလိုတော်ရှိသည်အတိုင်း ဖြစ်ပါစေဟု ဆိုကြ၏။
ငါတို့သည် သူ့ကိုဖျောင်းဖျ၍မရသဖြင့် “သခင်ဘုရား၏အလိုတော်အတိုင်းဖြစ်ပါစေ”ဟု ဆိုလျက် တိတ်ဆိတ်သွားကြ၏။
ထို့နောက် ယေရှုသည် ရှေ့သို့ အနည်းငယ် သွား၍ မြေပေါ်တွင် ပျပ်ဝပ်တော်မူပြီးလျှင် “အကျွန်ုပ်၏အဖ… ဖြစ်နိုင်လျှင် ဤခွက်ကို အကျွန်ုပ်ထံမှ ဖယ်ရှားပေးတော်မူပါ။ သို့သော်လည်း အကျွန်ုပ်၏ အလိုဆန္ဒအရမဟုတ်ဘဲ ကိုယ်တော်၏ အလိုတော်အတိုင်းသာ ဖြစ်စေတော်မူပါ” ဟု ဆုတောင်းတော်မူ၏။
တစ်ဖန် ယေရှုသည် ဒုတိယအကြိမ်ကြွတော်မူ၍ “အကျွန်ုပ်၏အဖ… ဤဒုက္ခဝေဒနာခွက်ကို အကျွန်ုပ်မသောက်ဘဲ ဖယ်ရှားရန် မဖြစ်နိုင်ပါက အဖ၏အလိုတော်အတိုင်းသာ ဖြစ်စေတော်မူပါ” ဟု ဆုတောင်းတော်မူ၏။
နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေသော။
ယေရှုကလည်း “သင်တို့ဆုတောင်းသောအခါ ‘အို အဖ… ကိုယ်တော်၏အမည်နာမတော်အား ရိုသေလေးမြတ်ကြပါစေသော။ နိုင်ငံတော်တည်ထောင်ပါစေသော။
“အို အဖ… အလိုတော်ရှိလျှင် ဤခွက်ကို အကျွန်ုပ်ထံမှ ဖယ်ရှားပေးတော်မူပါ။ သို့သော်လည်း အကျွန်ုပ်၏အလိုဆန္ဒအရမဟုတ်ဘဲ ကိုယ်တော်၏အလိုတော်အတိုင်းသာ ဖြစ်စေတော်မူပါ” ဟု ဆုတောင်းတော်မူ၏။